လတ်တလောသတင်းတွေအရတော့ မြန်မာနိုင်ငံမှာ မြေအောက်မီးရထားတွေပြေးဆွဲဖို့စီစဥ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စအကောင်အထည်ပေါ်ဖို့ဆိုတာ အတော်လေးကို ဖြစ်နိုင်ခြေ နည်းပါးတာလည်း အားလုံးအသိဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီကိစ္စနဲ့စပ်ဆက်ပြီး အခုတစ်ခေါက်မှာတော့ ကမ္ဘာပေါ်ကအမြန်ဆုံးရထားတွေအကြောင်းကို ရွှေခေတ်ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၈။ Frecciarossa 1000 – အီတလီ

Frecciarossa 1000 ကိုတော့ ETR 1000 ဆိုပြီးတော့လည်း လူသိများကြပါတယ်။ အီတလီနိုင်ငံတွင်း မြို့ကြီးတွေကိုချိတ်တက်ပြေးဆွဲနေတဲ့ ဒီရထားကိုတော့ Hitachi Rail Italy ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အမြန်နှုန်းကတော့ တစ်နာရီကို (၃၉၄) ကီလိုမီတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Fuxing – တရုတ်

Fuxing ဆိုတာကတော့ တရုတ်ရို တစ်ဖန်ပြန်လည်နုပျိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ တရုတ်နိုင်ငံက ကုမ္ပဏီကြီး (၅) ခုပူးပေါင်းပြီး ဒီရထားကို ၂၀၁၆ ခုနှစ်မှာ ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံမြို့ကြီးတော်တော်များများကိုပြေးဆွဲနေတဲ့ ဒီရထားရဲ့ အမြန်နှုန်းက တစ်နာရီကိုအနိမ့်ဆုံး (၃၅၀) ကီလိုမီတာကနေ အမြင့်ဆုံး (၄၂၀) ကီလိုမီတာ အထိ အရှိန်တင်မောင်းနှင်နိုင်ပါတယ်။ shwekhitonlinetv.com
၆။ HEMU-430X – တောင်ကိုးရီးယား

တောင်ကိုးရီးယား နိုင်ငံဟာ ပြင်သစ်၊ ဂျပန်၊ တရုတ် နိုင်ငံတွေပြီးရင် မြန်နှုန်းမြင့်ရထားတွေကို တီထွင်ထုတ်လုပ်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိသူတို့နိုင်ငံမှာပြေးဆွဲနေတဲ့ အမြန်ဆုံးရထားကတော့ HEMU-430X ပဲဖြစ်ပါတယ်။ သူ့ရဲ့အမြန်နှုန်းက တစ်နာရီကို (၄၂၂) ကီလိုမီတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Shanghai Maglev – တရုတ်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က အင်အားကြီး စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ Shanghai Holding ကနေပိုင်ဆိုင်ထားတဲ့ ရထားတွေဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ကတည်းက တရုတ်နိုင်ငံအတွင်းမှာ ပြေးဆွဲနေတဲ့ ဒီရထားတွေရဲ့ အမြန်နှုန်းကတော့ တစ်နာရီကို (၄၃၁) ကီလိုမီတာ ဖြစ်ပြီး အမြင့်ဆုံးအရှိန်တင်ဖို့အတွင် (၇) မိနစ်လောက် အချိန်ယူရတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၄။ China Railway CRH380A – တရုတ်

ဒီရထားကလည်း တရုတ်နိုင်ငံကထုတ်လုပ်ထားတဲ့ ရထားဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာစတင် ဝန်ဆောင်မှုပေးခဲ့တဲ့ ရထားလည်းဖြစ်ပြီး တရုတ်နိုင်ငံမှာရှိတဲ့ ရထားတွေအနက် အတွဲရေ အများဆုံးပါရှိတဲ့ ရထားဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမြန်နှုန်းကတော့ အံ့သြလောက်စရာကောင်းလောက်အောင် လျှင်မြန်လှပြီး တစ်နာရီကို (၄၈၆) ကီလိုမီတာနှုန်းနဲ့ ပြေးဆွဲနိုင်ပါတယ်။ shwekhitonlinetv.com
၃။ SNCF TGV POS – ပြင်သစ်

ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် နာမည်ကျော်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lyria ကတည်ဆောက်ထားတဲ့ရထားတွေဖြစ်ပါတယ်။ စုစုပေါင်း (၁၉) စီးသာတည်ဆောက်ထားတဲ့ ဒီရထားတွေကတော့ ၂၀၀၆ ခုနှစ်အတွင်းမှာစတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီရထားရဲ့ အမြန်နှုန်းကတော့ တစ်နာရီကို (၅၇၅) ကီလိုမီတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ CRRC Qingdao Sifang 2021 Maglev – တရုတ်

နှစ်ပေါင်း (၁၂၀) ကျော်ပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရထားတည်ဆောက်ရေးကုမ္ပဏီကြီး CRRC ရဲ့ ၂၀၂၁ ခုနှစ် မှာ အသစ်ပြန်လည်မွမ်းမံထားတဲ့ Maglev စီးရီး မီးရထားဖြစ်ပါတယ်။ ကမ္ဘာ့အမြန်ဆုံးရထားအဖြစ်စံချိန်တင်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာဖြစ်ပေမယ့် လက်တွေ့မှာတော့ နည်းပညာအဆင့်မြင့်မားတဲ့ ဂျပန်နိုင်ငံကရထားတွေထက် မဆိုစလောက်လေးမြန်နှုန်းကွာခြားပြီးလဒီစာရင်းမှာ အဆင့် (၂) နေရာနဲ့လောလောဆယ် ကျေနပ်နေရပါတယ်။ ဒီရထားရဲ့မြန်နှုန်းကတော့ တစ်နာရီကို (၆၀၀) ကီလိုမီတာဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ L0 Series Maglev – ဂျပန်

L0 Series Maglev လို့အမည်ရတဲ့ ဒီရထားကတော့ ဂျပန်နိုင်ငံမှာ လက်ရှိပြေးဆွဲနေတဲ့ မီးရထားတွေဖြစ်ပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံး မီးရထားလည်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စတင်ဝန်ဆောင်မှုပေးခဲ့တဲ့ ဒီရထားတွေကတော့ စုစုပေါင်း အစီးရေ (၁၄) စီးသာရှိပါတယ်။ သူ့ရဲ့အမြန်နှုန်းကတော့ တစ်နာရီကို (၆၀၂) ကီလိုမီတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။