တွမ်ခရု၊ The Rock၊ အမ်မာဝက်ဆန်၊ ဘရစ်တနေစပီးယား အစရှိတဲ့ကမ္ဘာကျော်ဆယ်လီတွေဟာပရိသတ်တွေနဲ့ အထွေထူးမိတ်ဆက်ဖို့မလိုလောက်အောင်ကို သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုပုံရိပ်ကကြီးမားလှပါတယ်။ တစ်ကယ်တော့ သူတို့တွေဟာ အနုပညာနယ်ပယ်တစ်ခုတည်းမှာမဟုတ်ဘဲ အခြားနယ်ပယ်တွေမှာလည်း ပါရမီထူးချွန်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်လိုနယ်ပယ်တွေမှာထူးချွန်တဲ့သူတွေဖြစ်နေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်…. shwekhitonlinetv.com
၁။ Emma Watson – Field Hockey

ဟယ်ရီပေါ်တာမင်းသမီးလေး အမ်မာဝက်ဆန် (Emma Watson) ကတော့ပရိသတ်တွေနဲ့ရင်းနှီးပြီးသား နာမည်ကျော်ဆယ်လီတစ်ဦး ဖြစ်မယ်ထင်ပါတယ်။ သူမဟာရုပ်ရှင်သရုပ်ဆောင်ရာမှာထူးချွန်သလို မြက်ခင်းပြင်ဟော်ကီအားကစားနည်းမှာလည်း ကျွမ်းကျင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Dwayne “The Rock” Johnson – American Football

ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဒွိန်းဂျွန်ဆင်ကလည်းပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူကအရင်ကနပန်းအားကစားသမားတစ်ဦးဆိုတာလည်း အားလုံးသိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေသိပ်မသိသေးတာက သူဟာ အမေရိကန်ဖွတ်ဘော ကစားနည်းမှာလည်း ထူးချွန်သူတစ်ယောက်ဆိုတာပါပဲ။ shwekhitonlinetv.com
၃။ Tom Cruise – Wrestling

နာမည်ကျော်မင်းသားကြီး တွမ်ခရုကတော့ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ အန္တရာယ်များတဲ့စတန့်တွေကို လူစားမထိုးဘဲကိုယ်တိုင်သရုပ်ဆောင်သူအဖြစ်လူသိများပါတယ်။ တွမ်ခရုဟာ ကျောင်းသားဘဝတုန်းကနပန်းအားကစားမှာ လက်ရွေးစင်တစ်ဦးဖြစ်ခဲ့တာကြောင့် ဒီလိုမျိုးသန်မာဖျက်လက်နေတာဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com
၄။ Britney Spears – Basketball

ဘရစ်တနေစပီးယားဟာ တစ်ချိန်ကလျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်တစ်ဦးပါ။ အသံကောင်းသလို ရုပ်ရည်လည်းလှပချောမောတဲ့ ဘရစ်တနေဟာအထက်တန်းကျောင်းမှာလည်း ဘတ်စကတ်ဘောလက်ရွေးစင်တစ်ဦးဖြစ်ခဲ့ပြီး ပုရိသတွေရဲ့အသည်းကိုကိုင်လှုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Gwen Stefani – Swimming

ဂွမ်းစတက်ဖနီဟာ ယခင်က Billboards ရဲ့ Top Charts မှာသူ့ရဲ့သီချင်းတွေကိုအမြဲလိုလိုတွေ့ရတဲ့အထိ အောင်မြင်ခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ အဆိုပိုင်းထူးချွန်သလို အမိုက်စားကိုယ်လုံးကိုယ်ထည်ရှိလည်းရှိနေတဲ့ ဂွမ်းစတက်ဖနီရဲ့ လျှို့ဝှက်ချက်ကတော့ ကယ်လီဖိုးနီးယားက အထက်တန်းကျောင်းတစ်ခုမှာ ရေကူးလက်ရွေးစင်ဖြစ်ခဲ့တာကြောင့်လို့ ထင်ရပါတယ်။ shwekhitonlinetv.com
၆။ Amanda Seyfried – Tennis

အမန်ဒါဆေးဖရီ်ဒ် ကိုတော့ ဒရာမာမင်းသမီးတစ်ဦးအဖြစ်လူသိများမယ်ထင်ပါတယ်။ လှပကျော့ရှင်းတဲ့သွင်ပြင်နဲ့ ဒီမင်းသမီးလေးကတော့ တင်းနစ်အားကစားနည်းမှာ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ 2 Chainz – Basketball

နာမည်ကျော်ရက်ပါတစ်ယောက်ဖြစ်တဲ့ 2 Chainz ဟာအရပ် (၆) ပေ (၅) လက်မရှိတာကြောင့် ဘတ်စကတ်ဘောအားကစားနည်းမှာထူးချွန်ခဲ့သူတစ်ဦးဖြစ်တာ သိပ်အံ့သြစရာရှိမယ်မထင်ပါဘူး။ သူဟာအထက်တန်းကျောင်းတုန်းက ဘတ်စကတ်ဘောကြယ်ပွင့်တစ်ဦးဖြစ်ခဲ့သလို Alabama State University အသင်းမှာလည်းတစ်ရာသီကြာကစားဖူးခဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Justin Timberlake – Golf

ဂျပ်စတင်တင်ဘားလိတ်ကတော့ အနုပညာနဲ့ပတ်သတ်ရင်ကဏ္ဍအတော်များများမှာထူးချွန်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဘက်စုံထူးချွန်တဲ့အနုပညာရှင်ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ အေးဆေးတည်ငြိမ်တဲ့ ဟန်ပန်ရှိတဲ့ တင်ဘားလိတ်ဟာ ဂေါ့ဖ်အားကစားနည်းမှာထူးချွန်သူတစ်ဦးဖြစ်လို့ သူ့ရဲ့ Character နဲ့ကြည့်မယ်ဆိုရင်တော့ လိုက်ဖက်တဲ့ အားကစားကျွမ်းကျင်မှုတစ်ခုလို့ဆိုရမှာပါ။ shwekhitonlinetv.com
၉။ Steve Carell — Ice Hockey

သင်ဟာ The Office ဆိုတဲ့ရုပ်သံစီးရီးရဲ့ ပရိသတ်တစ်ဦးဆိုရင်တော့ စတိဗ်ကာရယ်ကိုအထူးမိတ်ဆက်ဖို့ လိုမယ်မထင်ပါဘူး။ သူကတော့ထူးထူးခြားခြားရေခဲပြင်ဟော်ကီ ကစားနည်းကိုကျွမ်းကျင်တဲ့သူတစ်ဦးလို့ သိရပါတယ်။ shwekhitonlinetv.com
၁၀။ George Clooney – Baseball

ကိန်းကြီးခမ်းကြီးနိုင်လှတဲ့ နာမည်ကျော်မင်းသားကြီး ဂျော့ကလူနေးကတော့ Ocean ဇာတ်ကားချစ်သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူကတော့အထက်တန်းကျောင်းတုန်းက အရမ်းတော်တဲ့ ဘေ့စ်ဘောကစားသမားတစ်ဦးဖြစ်ခဲ့တယ်လို့သိရပါတယ်။ နာမည်ကျော် ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောအသင်းတစ်သင်းဖြစ်တဲ့ Cincinnati Red အသင်းမှာကစားဖို့အခွင့်အရေး ရရှိခဲ့ပေမယ့် အသင်းရဲ့ပရိသတ်တစ်ဦးအဖြစ်သာရှိနေဖို့ ရွေးချယ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။