တက်တူးထိုးခြင်းဟာ ဒီနေ့ခေတ်မှာတော့ လူကြီး၊ လူငယ်၊ ကျား/မ မရွေး ပြုလုပ်လာကြတဲ့အရာဖြစ်ပါတယ်။ တက်တူးဟာ တစ်ချို့လူတွေအတွက် ဖက်ရှင်တစ်ခုဖြစ်လာတယ်ဆိုရင်လည်းမမှားပါဘူး။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ စိတ်ကူးစိတ်သန်းကောင်းလွန်းပြီး လက်ရာမြောက်လှတဲ့ တက်တူးဆရာတွေရဲ့ တက်တူးပုံ အချို့ကိုဖော်ပြလိုက်ရပါတယ်။shwekhitonlinetv.com
၁။ ဒီတက်တူးကတော့ပုံအဟောင်းပေါ်ကို ထပ်ပြီးပြန်ပြင်ရေးဆွဲထားတာပါ။ သုံးထားတဲ့ဆေးကကောင်းတဲ့အပြင် တက်တူးဆရာရဲ့ Shade ထည့်ထားတဲ့ ကျွမ်းကျင်မှုကလည်း လက်ဖျားခါလောက်ပါတယ်။shwekhitonlinetv.com

၂။ ဒီလူတစ်ယောက်ကတော့ လက်တွေ့ဘဝမှာ ခြေထောက်အတုနဲ့ နေရတာကို တက်တူးဆရာကအိုင်ဒီယာ ကောင်းကောင်းနဲ့ ပုံဖော်ပေးထားပါတယ်။shwekhitonlinetv.com

၃။ ဒီတက်တူးကိုရေးဆွဲပေးထားတဲ့ တက်တူးဆရာ ရဲ့ လက်စွမ်းကတော့ တစ်ကယ့်ကို အံ့မခန်းပါပဲ။ ဘယ်လိုပဲကြည့်ကြည့် သာမန်ရုပ်ပုံတစ်ပုံလို့မမြင်မိဘဲ 3D ပုံတစ်ပုံလို့သာ ထင်မြင်ရပါတယ်။shwekhitonlinetv.com

၄။ ဒီပုံကလည်း ဂေါ်တယ်ဆိုတာထက်ကို ဂေါ်လွန်းနေတာ အမှန်ပါပဲ။ ဘယ်လိုတက်တူးဆရာမျိုးက ဒီလိုပုံထွက်ကောင်းအောင်ထိုးပေးနိုင်တာလဲ သိချင်လိုက်တာ။shwekhitonlinetv.com

၅။ အရောင်အသွေးစုံလင်လှတဲ့ ငှက်ပုံလေးကလည်း ရုတ်တရက်ကြည့်ရင် ရောင်စုံချည်တွေထိုးထားသလိုပါပဲ။shwekhitonlinetv.com

၆။ ဒီပုံလေးကလည်း အတော်လေးကိုရုပ်လုံးကြွပြီး အသက်ဝင်တယ်နော် …..shwekhitonlinetv.com

၇။ ဒီတက်တူးကိုကြည့်လိုက်တာနဲ့ တက်တူးဆရာရဲ့ 3D ပန်းချီအဆင့်အတန်းကို ခန့်မှန်းမိမယ်ထင်ပါရဲ့။shwekhitonlinetv.com

၈။ ဒီပုံကလည်း တစ်ကယ်သက်ဝင်လှုပ်ရှားတော့မယောင်ထင်ရလောက်အောင်ကို ရင်သပ်ရှုမောဖွယ်ကောင်းလွန်းနေပါတယ်။shwekhitonlinetv.com

၉။ မသိရင်တော့ တကယ့်သက်ရှိလိပ်ပြာလေး ပခုံးပေါ်မှာနားနေသလိုပါပဲ။shwekhitonlinetv.com

၁၀။ ဒါကတော့ လက်ဖျံအပြည့် 3D ဘလောက်တုံးတွေထိုးထားတာပါ။ အောက်က လက်ဖဝါးကိုသာမတွေ့ရင် လက်လို့တောင်မထင်ရတာအမှန်ပါပဲ။shwekhitonlinetv.com

၁၁။ ဒီပုံက အမာရွတ်ပေါ်ကို ထပ်ပြီးထိုးထားတာပါ။ အမာရွတ်လည်းဖုံး အိုင်ဒီယာကောင်းကောင်းနဲ့ ရေးဆွဲထားတဲ့ လက်ရာကလည်းမြောက်တော့ ကာယကံရှင်အနေနဲ့ တစ်ကယ့်ကိုကျေနပ်နေမှာကျိန်းသေပါတယ်။shwekhitonlinetv.com

၁၂။ ဒီတက်တူးကတော့ လူမှုကွန်ယက်မှာ စွမ်းအားအရှိဆုံးတက်တူးအဖြစ် နာမည်ကျော်ကြားခဲ့ဖူးပါတယ်။shwekhitonlinetv.com

၁၃။ ဒီတက်တူးကိုကြည့်ပြီး အောက်ခံက လူ့အရေပြားဆိုတာကိုတောင် မေ့လျော့သွားစေနိုင်ပါတယ်။shwekhitonlinetv.com

၁၄။ ဒီတက်တူးရဲ့အသက်က စီးကျနေတဲ့ပျားရည်တွေဖြစ်မယ်ထင်ပါတယ်။ တစ်ကယ့် ချီးကျူးဖို့ကောင်းလောက်အောင်ကိုအသက်ဝင်လွန်းနေပါတယ်။shwekhitonlinetv.com

၁၅။ ဒီပုံကိုမြင်မြင်ချင်း လူတစ်ယောက်လက်က စုပ်လုံးလေးကိုင်ထားတယ်လို့ ထင်မိတာပါ။ သေချာကြည့်မှ တက်တူးမှန်းသိခဲ့တာပါ။shwekhitonlinetv.com

အခုဖော်ပြသွားတဲ့ပုံလေးတွေနဲ့ပတ်သက်ပြီး မိမိတို့ရဲ့အထင်အမြင်လေးတွေနဲ့ သုံးသပ်ချက်လေးတွေ Comment မှာရေးပေးသွားကြပါဦးနော် …..shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။