ရိုမန်ဖီဒေါ့တ်ဆော့ဗ် ဆိုတာကတော့ ရုရှားနိုင်ငံ မာမန့်စ်မြို့မှာနေထိုင်တဲ့ သင်္ဘောသားတစ်ဦးဖြစ်ပါတယ်။ သူ့မှာထူးခြားပြီးတော့ စိတ်ဝင်စားဖို့လည်းကောင်းလှတဲ့ ဝါသနာတစ်ခုရှိပါတယ်။ အဲ့ဒီ ဝါသနာကတော့ သူသင်္ဘောနဲ့ ပင်လယ်သမုဒ္ဒရာတွေထဲကိုသွားတဲ့အခါတွေမှာ ထူးထူးဆန်းဆန်း ရေသတ္တဝါတွေကို ရှာဖွေပြီး ဓာတ်ပုံ့ရိုက်ရတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီလိုရိုက်ကူးလို့ရလာတဲ့ပုံတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ Instagram နဲ့ Twitter အကောင့်တွေမှာတင်ထားခဲ့ပါတယ်။ အခုဖော်ပြပေးမှာကတော့ သူတင်ထားခဲ့တဲ့ ထူးဆန်းရေသတ္တဝါဓာတ်ပုံ တွေထဲက ကြောက်မက်ပြီးအသည်းယားဖွယ်ကောင်းလွန်းတဲ့ ရေသတ္တဝါအချို့ရဲ့ပုံတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ဖိနပ်အောက်ခံဆိုးလ် ပုံသဏ္ဍာန်ဦးခေါင်းနဲ့ Remora ငါးဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒီငါးရဲ့ ပုံစံကိုကြည့်ရတာ ဒီမှာမြင်တွေ့ရတဲ့ စုပ်ခွက်ငါးရဲ့ အနွယ်ဝင်တစ်မျိုးဖြစ်မယ်လို့ ထင်ရပါတယ်။ တစ်ချို့လူတွေကတော့ ဒီငါးရဲ့ပုံစံကို လှတယ်လို့ထင်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ကတော့ ရုပ်ဆိုးလွန်းပါသတဲ့။ သင်ရော ဘယ်လိုထင်ပါသလဲ ? shwekhitonlinetv.com

၃။ ဒီတစ်ကောင်ကတော့ ကာတွန်းကားတွေထဲမှာ မြင်တွေ့ရတက်တဲ့ နဂါးတွေရဲ့ပုံဆံနဲ့ ခပ်ဆင်ဆင်ပါ။ shwekhitonlinetv.com

၄။ ဒီပုံကို ကြည့်ပြီးတစ်ခုတွေးမိတာက ပင့်ကူတွေဆိုတာ ပင်လယ်ရေနေ သတ္တဝါတွေကနဲ့ ဆင့်ကဲဖြစ်တည် လာသလားဆိုတာပါပဲ။ shwekhitonlinetv.com

၅။ အိုး …. ဒီငါးရဲ့ ပုံစံကြည့်ရတာတော့ အတော်လေးကို အစားသောင်းကျန်းမယ့်ပုံလို့ထင်ရပါတယ်။ ရုပ်ကလည်း တော်တော်ဆိုးတယ်နော် ….. shwekhitonlinetv.com

၆။ ဒီငါးလေးတွေရဲ့ မျက်နှာလေးတွေကလည်း Gnome လို့ခေါ်တဲ့ နတ်သူငယ်၊ မှင်စာနဲ့ အတော်လေးတူနေပါတယ်။ shwekhitonlinetv.com

၇။ ရေနက်ပိုင်းမှာသာတွေ့ရတဲ့ Redfish လို့ခေါ်တဲ့ငါးပါ။ သူရဲ့မျက်လုံးနဲ့ ပါးစပ်ကလည်း စိတ်ဝင်စားစရာပါပဲ။ shwekhitonlinetv.com

၈။ ဒီငါးလေးကတော့ ချစ်ဖို့ကောင်းတာလား အသည်းယားဖို့ကောင်းတာလား ဝေခွဲရခက်ပါတယ်။ shwekhitonlinetv.com

၉။ ငါးပျံဆိုတာမြင်ဖူးကြမယ်ထင်ပါတယ်။ ဒီငါးရဲ့ ရေယက်တွေက ကြီးလွန်းနေတာကြောင့် အတောင်ပံတွေလို့ တောင်ထင်ချင်စရာပါ။ shwekhitonlinetv.com

၁၀။ ကြောက်စရာအကောင်းဆုံး ပုံသဏ္ဍာန်နဲ့ ငါးတွေထဲမှာဒီငါးကလည်းထိပ်ဆုံးက ပါဝင်နေမယ်ထင်ပါတယ်။ ကြည့်ပါဦး သူ့ရဲ့သွားတွေက ချွန်ထက်ပြီးအတော်လေးကိုလည်းရှည်လျားနေတယ်နော် ….. shwekhitonlinetv.com

၁၁။ ဒီ ဧရာမကင်းမွန်ကြီးကလည်း မြင်ရသူတွေကို ပါးစပ်အဟောင်းသားဖြစ်သွားစေမယ်ထင်ပါတယ်။ shwekhitonlinetv.com

၁၂။ ဒီငါးကြည့်ရဲ့ မျက်လုံးကိုကြည့်ရတာတော့ ကော်ဖီတွေအလွန်အကျွံသောက်ထားပုံပါပဲ။ shwekhitonlinetv.com

၁၃။ ဒီပင်လယ်ရေနေသတ္တဝါလေးရဲ့ ပုံစံကတော့ ကလေးတွေဆွဲလေ့ရှိတဲ့ ပန်းချီထဲက နေလုံးကြီးနဲ့တောင် တူနေပါသေးတယ်။ shwekhitonlinetv.com

၁၄။ ဒီဂဏန်းကောင်လေးကလဲ ထူးခြားတဲ့မျက်လုံးလေးတွေရှိပြီး ခန္ဓာကိုယ်မှာလည်း အဆူးလေးတွေပါရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပုံစံကိုကြည့်ရတာတော့ မပျော်မရွှင်ဖြစ်နေသလိုပါပဲ။ shwekhitonlinetv.com

၁၅။ ဒီငါးကတော့ ခန္ဓာကိုယ်အရောင်အဆင်းကိုကြည့်ရင်အတော်လှပသလောက် ဦးခေါင်းပိုင်းကတော့ အနည်းငယ် ကြည့်ရဆိုးနေသလိုပါပဲ။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ ရုရှားသင်္ဘောသား ရိုမန်ဖီဒေါ့တ်ဆော့ဗ် ရဲ့ Instagram နဲ့ Twitter မှာတင်ထားတဲ့ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းတဲ့ပုံသဏ္ဍာန်နဲ့ ပင်လယ်သမုဒ္ဒရာထဲက သက်ရှိတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေထဲမှာ သင်မြင်ဖူးတဲ့ အကောင်လေးတွေပါခဲ့ရင် Comment မှာပြောပြပေးသွားခဲ့ပါဦးနော် ….. shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။