အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ ထူးထူးဆန်းဆန်း ဆေးခြယ်ရေးဆွဲထားတဲ့ ဒီဇိုင်းတွေနဲ့ အလန်းဆုံး လေယာဉ်တွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လောက်တောင် ဒီဇိုင်းတွေက လက်ရာမြောက်ပြီး ရူးသွပ်ဖွယ်ကောင်းလောက်တဲ့ ဒီဇိုင်းအဆန်းတွေဖြစ်မလဲ ဆိုတာဆက်လက်ကြည့်ရှု လိုက်ပါဦးနော် ……shwekhitonlinetv.com

၁။ ၂၀၀၃ ခုနှစ်အတွင်းက နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံတွေရဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း စစ်ဆင်ရေး လေ့ကျင့်မှုမှာ ပါဝင်ပျံသန်းခဲ့တဲ့ Mirage 2000 RDI 83/12-YL အမျိုးအစားတိုက်လေယာဉ်ပဲဖြစ်ပါတယ်။ လေယာဉ်ကိုယ်ထည်ကို ဘာကြောင့် ကျားတစ်ကောင်ရဲ့ စူးရှတဲ့ မျက်လုံးနှစ်လုံးပုံစံ ဆေးခြယ်ပုံဖော်ထားသလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီလေယာဉ်ကိုတော့ NATO Tiger Meet လို့ လူသိများပါတယ်။ shwekhitonlinetv.com

၂။ ဒါကတော့ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့က ခရီးသည်တင်လေယာဉ် ဆေးရောင်ခြယ်အလှဆင်တဲ့ လုပ်ငန်းတစ်ခုရဲ့ လက်ရာပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံအခြေစိုက် All Nippon Airway ရဲ့ A380 အမျိုးအစား ခရီးသည်တင်လေယာဉ်တွေကို ဟာဝိုင်အီပင်လယ်လိပ် လေးတွေရဲ့ ဒီဇိုင်းပုံစံရေးဆွဲဆေးခြယ်ထားတာဖြစ်ပြီး လေယာဉ်ရဲ့ ဦးခေါင်းပိုင်းကိုလည်း လိပ်ရဲ့ခေါင်းနဲ့တူအောင်လို့ ဖန်တီးပုံဖော်ထားပါတယ်။ အပြာရောင်နဲ့ လိမ္မော်ရောင် အဖြစ် လိပ်ကလေးရဲ့အရောင်ကို လေယာဉ်တွေမှာ ဖန်တီးဆေးခြယ်ထားတာပါ။ shwekhitonlinetv.com

၃။ Tiger Hind လို့အမည်ပေးထားတဲ့ NATO ရဲ့ Tiger Meet Series တွေထဲက ရဟတ်ယာဉ်တစ်စီးဖြစ်ပါတယ်။ ကိုယ်ထည်မှာ ရေးဆွဲထားတဲ့ကျားပုံကတော့ သိပ္ပံစိတ်ကူးယာဉ်ဇာတ်ကား တွေထဲက ဂြိုဟ်သားတစ်ကောင်နဲ့ တူအောင်ဖန်တီးထားတာဖြစ်ပါတယ်။ ဒီရဟတ်ယာဉ်ဒီဇိုင်းက NATO လေကြောင်းစစ်ဆင်ရေး လေ့ကျင့်မှုပြပွဲမှာ ကြည့်အကောင်းဆုံး ရဟတ်ယာဉ်ဆေးခြယ်မှု ဒီဇိုင်းဆုကိုလည်းရထားပါတယ်။ shwekhitonlinetv.com

၄။ ဒါကတော့ လူနှစ်ဦးသာ စီးနင်းနိုင်တဲ့ အသေးစားလေယာဉ်ဖြစ်ပြီး လေယာဉ်တစ်စင်းလုံးကို ကြက်ဖတစ်ကောင်နဲ့ တူအောင်ဆေးခြယ်ပုံဖော်ထားပါတယ်။ သူတို့ဖန်တီးထားတာက လက်ရာအတော်မြောက်လို့ အမှတ်တမဲ့ကြည့်မယ်ဆိုရင် လေယာဉ်လို့မထင်ရဘဲ ကြက်ဖတစ်ကောင်နဲ့ ပိုတူနေပါတယ်။ shwekhitonlinetv.com

၅။ ကနေဒါ တော်ဝင်လေတပ်က CF-18 Demo Jet တိုက်လေယာဉ်အမျိုးအစားပါ။ သူ့ကိုတော့ ကနေဒါနိုင်ငံတော် အလံမှာပါဝင်တဲ့ အရောင်တွေဖြစ်တဲ့ အနီရောင်၊ အဖြူရောင်အပြင် အထိမ်းအမှတ်သင်္ကေတဖြစ်တဲ့ မေပယ် သစ်ရွက်လေးကိုပါ ဆေးခြယ်ပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်တွေက အမြင်လှသလို တစ်နာရီမိုင် (၁၁၂၇) မိုင်နှုန်းအထိ မြန်နှုန်းမြှင့် မောင်းနှင်နိုင်တယ်လို့ လည်းသိရပါတယ်။ shwekhitonlinetv.com

၆။ ဒါကတော့ ဟန်ဂေရီ လေတပ်ရဲ့ စစ်ဘက်သုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးပဲ ဖြစ်ပါတယ်။ ဒီ Mil Mi-24 ရဟတ်ယာဉ်ကိုတော့ ငှက်တစ်ကောင်ရဲ့ ပုံစံနဲ့ တူအောင်ဖန်တီးဆေးခြယ်ထားတာဖြစ်ပြီး အတော်လေးကို ကြည့်ကောင်းလှပါတယ်။ ဒီရဟတ်ယာဉ်ကိုမောင်းနှင်တဲ့သူကတော့ အတော်လေးကို ဂုဏ်ယူဝင့်ကြွားနေမှာ အသေအချာပါပဲ။ shwekhitonlinetv.com

၇။ Denver လေယာဉ်စီမံခန့်ခွဲရေးနှင့် စင်းလုံးငှား ကုမ္ပဏီရဲ့ Lear Jet 35 မော်ဒယ်အမျိုးအစား လေယာဉ်ဖြစ်ပါတယ်။ နာမကျန်းဖြစ်နေတဲ့ အရေးပေါ်ကလေးသူငယ်လူနာတွေ တင်ဆောင်ပျံသန်းတဲ့ အခါ သူတို့ခံစားနေရတဲ့ ဝေဒနာတွေလျော့ပါးပြီး စိတ်အပြောင်းအလဲဖြစ်စေဖို့ ဒီလို လှပတဲ့ သက်တံ့ရောင်စုံ ဆေးရောင်ကို ခြယ်ထားတာလို့သိရပါတယ်။ shwekhitonlinetv.com

၈။ ဒါကလည်း NATO ရဲ့ Tiger Meet Series တွေထဲမှာပါဝင်တဲ့ လေယာဉ်တစ်စင်းဖြစ်ပြီး “Artic Tiger” (အာတိတ်ကျား) လို့ အမည်ရပါတယ်။ နာမည်နဲ့လိုက်အောင် လေယာဉ်ကို အဖြူရောင် အာတိတ်ကျား တစ်ကောင်ပုံစံ ဆေးခြယ်ထားပါတယ်။ shwekhitonlinetv.com

၉။ ဒီလေယာဉ်မှာ ငါးမန်းတစ်ကောင်ရဲ့ ဦးခေါင်းပုံစံ ဆေးရေးပုံဖော်ထားတာကအတော်လေးကို လက်ရာမြောက်တယ်လို့ ဆိုရမှာပါ။ ခရီးသည်တင်လေယာဉ်မဟုတ်ဘဲ တိုက်လေးယာဉ်တစ်စီးမှာသာ ဒီလိုမျိုး ပုံဖော်ထားရင် အတော်လေးလိုက်ဖက်မှာ အသေအချာပါပဲ။ shwekhitonlinetv.com

၁၀။ ထိုင်းနိုင်ငံအခြေစိုက် Nok Airline ရဲ့ ခရီးသည်တင်လေယာဉ်တွေကို ဆေးခြယ်ထားပုံကလည်း ချစ်စရာကောင်းသလို ရယ်စရာကောင်းလှပါတယ်။ သူတို့လေကြောင်းလိုင်းရဲ့ အထိမ်းအမှတ် Logo ဖြစ်တဲ့ ငှက်နှုတ်သီးလေးနဲ့ တူအောင်လေယာဉ်ဦးခေါင်းကိုပုံဖော်ထားပြီး ကိုယ်ထည်ကိုတော့ မတူညီတဲ့အရောင်တွေ အသီးသီးဆေးခြယ်ထားတာပဲဖြစ်ပါတယ်။ Nok ဆိုတာကတော့ ထိုင်းလို ငှက်လို့အဓိပ္ပါယ်ရပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။