ပရိတ်သတ်ကြီးရေ တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်ရင်း အဆင်မပြေ ဖြစ်သွားတဲ့ နေအိမ်အပြင်အဆင်တွေကို ဖော်ပြပေးချင်ပါတယ်နော်။ တစ်ခါတစ်လေမှာ အရိုးရှင်းဆုံးက အကောင်းဆုံး ဖြစ်နေတတ်ပြီး ပြင်လွန်းလို့ အဆင်မပြေ ဖြစ်သွားတတ်တယ်ဆိုတာကတော့ အခုပုံတွေက သက်သေပါပဲနော် … shwekhitonlinetv.com
၁။ ပုံမှန်မဟုတ်တဲ့ လက်ဆေးဘေစင်
ဒါကတော့ ပုံမှန်မဟုတ်ပဲ ထူးထူးဆန်းဆန်း ဖန်တီးထားတဲ့ လက်ဆေးဘေဆင် တစ်ခု ဖြစ်ပါတယ်။ ရေကျလာတဲ့ စနစ်ကို ပုံမှန် မဟုတ်ပဲ ဆန်းသစ်ထားပေမဲ့ ဘေစင် အသုံးပြုသူအတွက်ကတော့ လက်ဆေးရတာ အဆင်ပြေမယ့်ပုံ မပေါ်ဘူးနော်။ shwekhitonlinetv.com

၂။ ဘုရားတပြီး ချိုးရမယ့် ရေချိုးခန်း
ကြည့်လိုက်တာနဲ့ အဆင်ပြေမဲ့ပုံ မပေါ်တဲ့ ရေချိုးခန်းပါပဲ နော်။ ရေချိုးခန်းအတွက် လိုအပ်တဲ့ ရေကို ရရှိဖို့ အပေါ်မှာ ရေကန်တင်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းကြီးမားတဲ့ ရေကန်ကို သေးငယ်တဲ့ သစ်သားပြားနဲ့ပဲ အောက်ခြေမှာခံပြီး တင်ထားတာကြောင့် ရေချိုးတဲ့ သူကတော့ ဘုရားတပြီး ရေချိုးရမယ့်ပုံပဲနော်။ shwekhitonlinetv.com

၃။ ထူးဆန်းတဲ့ စားပွဲဒီဇိုင်း
ထူးဆန်းတဲ့ မီးဖိုချောင်စားပွဲ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ လေးထောင့် စားပွဲကို အ၀ိုင်းပုံစံနဲ့ အဆုံးသတ်ထားတဲ့ ပုံစံကတော့ ကြည့်ရှုရသူကို စိတ်ကျေနပ်မှု ပေးနိုင်မယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၄။ ဆန်းပြားတဲ့ မီးလုံးဒီဇိုင်း
စတုရန်းပုံစံကနေမှ မီးလုံးကို တပ်ဆင်ထားတဲ့ အခုလို ဒီဇိုင်းကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ မလိုအပ်ပဲ စတုရန်းအကွက် ပါနေတဲ့ မီးလုံး ဒီဇိုင်းကတော့ သေချာပေါက် လူကြိုက်နည်းမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၅။ နေရာမရှိတဲ့ ပန်ကာဒလက်
ကြည့်လိုက်တာနဲ့တောင် ရယ်ချင်စိတ် ဖြစ်သွားစေနိုင်တဲ့ ပုံလေးပါ။ ပန်ကာဒလက်အတွက် နေရာမချန်ပဲ တပ်ဆင်ထားတဲ့အခါ အခုလိုမျိုး အဆင်မပြေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အိမ်ပိုင်ရှင်အတွက်တော့ သေချာပေါက် စိတ်အနှောင့်အယှက် ဖြစ်စေမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၆။ နေရာမှားနေတဲ့ အိမ်သာ
ထူးဆန်းတဲ့ အသွင်အပြင်အဖြစ် အံ့သြသွားစေမယ် ထင်ပါတယ်။ လှေကားရဲ့ အဆုံးမှာ အိမ်သာတစ်ခုဆောက်ထားတာကတော့ အရမ်းကို ဆိုးရွားတဲ့ အပြင်အဆင်ပဲနော်။ shwekhitonlinetv.com

၇။ လုပ်ကြံထားတဲ့ လှေကားထစ်
အခုမြင်နေရတဲ့ ပုံကတော့ လှေကားထစ်တွေပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီး တွေးထင်တဲ့အတိုင်း ညီညာနေတဲ့ ကြမ်းပြင်တစ်ခုတော့ မဟုတ်ပါဘူး။ ဒီလှေကားတွေကနေ ဆင်းမယ်ဆိုရင်တော့ သေချာကြည့်ပြီးမှ ဆင်းဖို့လိုမယ်နော်။ shwekhitonlinetv.com

၈။ ရေခြွေတာတဲ့ အိမ်သာ
ရေကို ချွေတာတဲ့ အနေနဲ့ အိမ်သာပေါ်မှာ အ၀တ်လျှော်စက် တင်ထားတာကို တွေ့ရမှာပါ။ အ၀တ်လျှော်တဲ့အခါ ကျလာတဲ့ ရေကို အိမ်သာရေဆွဲချဖို့အတွက် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ရေကို ချွေတာနိုင်ပေမဲ့ အိမ်သာတက်ရတဲ့သူအတွက်ကတော့ ဘယ်လိုမှကို အဆင်ပြေမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၉။ အဆင်မပြေတဲ့ ရေချိုးခန်း
ရေချိုးခန်း ဒီဇိုင်းကို အရမ်းဆန်းသစ်လိုက်ပေမဲ့ အခုလို အဆင်မပြေတဲ့ ပုံစံကို တွေ့ရမှာ ဖြစ်ပါတယ်။ ကို့ရို့ကားရား နိုင်လွန်းတဲ့ အိမ်သာကြောင့် ကြည့်လိုက်တိုင်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်မှာ အသေအချာပဲနော်။ shwekhitonlinetv.com

၁၀။ တစ်ခုခုနဲ့ တူနေတဲ့ ဘေစင်
ပုံမှာ မြင်တွေ့ရတာကတော့ ပရိတ်သတ်တွေးထင်သလို ယောက်ျားလေးတွေ ဆီးသွားတဲ့ အိမ်သာ ကြွေခွက် မဟုတ်ပါဘူးနော်။ သူများနဲ့ မတူအောင် ဒီဇိုင်း ဆန်းသစ်လိုက်တဲ့ ဘေဆင်ပဲ ဖြစ်ပါတယ်။ အသုံးပြုမယ့်သူတွေအတွက်တော့ လက်ဆေးရမှာ အဆင်ပြေမယ့်ပုံ မပေါ်ဘူးနော်။ shwekhitonlinetv.com

၁၁။ အိမ်ထဲက အုတ်နံရံကြီး
အိမ်ပြင်ကနေ ကြည့်ရသူတွေအဖို့ မှန်ပြတင်းပေါက်ကနေ အုတ်နံရံကြီးကို မြင်ရတဲ့အခါ အံ့သြနေမှာ အမှန်ပါပဲ။ ရှုခင်းတွေကို ကြည့်ဖို့ ပြတင်းပေါက် တပ်ဆင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အိမ်ပိုင်ရှင်က စိတ်ကူးပြောင်းသွားပုံပါပဲနော်။ shwekhitonlinetv.com

၁၂။ လူမြင်ကွင်းက အိမ်သာ
အိမ်သာလည်း ထိုင်ရင်း၊ ရှုခင်းလည်း မြင်ရမယ့် ထူးထူးဆန်းဆန်း ဒီဇိုင်းပဲ ဖြစ်ပါတယ်။ အိမ်ဆောက်တဲ့ ပညာရှင်ရဲ့ စေတနာကို တွေ့မြင်ရပေမယ့် လူမြင်ကွင်းမှာ အိမ်သာတက်ဖို့ကတော့ အဆင်ပြေမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၁၃။ ဟင်းချက်ရင်း ရေချိုးမယ်
မီးဖိုချောင်ထဲမှာ ရေချိုးကန် ထားပေးထားတဲ့ ဆန်းသစ်တီထွင်တဲ့ ဒီဇိုင်းကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရေချိူးမယ့်သူအတွက်ရော ဟင်းချက်မယ့် သူအတွက်ပါ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ အပြင်အဆင်ပဲနော်။ shwekhitonlinetv.com

၁၄။ နေရာမှားနေတဲ့ မီးခိုးခေါင်းတိုင်
ပြတင်းပေါက်တွေဟာ လေကောင်းလေသန့် ရဖို့ နေရောင်ခြည်ရဖို့အတွက်ပဲ ဆိုတာ အားလုံးသိကြမှာပါနော်။ အခုပုံထဲကတော့ အိမ်ရဲ့ ပြတင်းပေါက်ကို ပိတ်သွားတဲ့ မီးခိုးခေါင်းတိုင်နဲ့ အိမ်ဒီဇိုင်းကို တွေ့ရမှာပါ။ အိမ်ပိုင်ရှင်အတွက်တော့ အရမ်းကို စိတ်ညစ်စရာ ဖြစ်သွားမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၁၅။ ရေချိုးခန်းထဲက ကောဇော
အခုမြင်တွေ့ရတာကတော့ ရေချိုးခန်းထဲမှာ ကော်ဇောခင်းထားတဲ့ အပြင်အဆင်ပဲ ဖြစ်ပါတယ်။ ရေချိုးခန်းထဲမှာ ချော်လဲမယ့် အရေးကိုတော့ တားဆီးနိုင်ပေမဲ့ ရေစိုနေမဲ့ ကော်ဇောတွေကတော့ ဘယ်လိုမှကို အဆင်ပြေမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၁၆။ အရောင်မှားနေတဲ့ ကောဇောဒီဇိုင်း
ဟိုတယ်အခန်းတစ်ခုမှာ ခင်းထားတဲ့ ကော်ဇောဒီဇိုင်းပဲ ဖြစ်ပါတယ်။ ကော်ဇောမှာ အသုံးပြုထားတဲ့ အရောင်တွေကြောင့် ဟောင်းနွမ်းပျက်စီးနေတယ်လို့ ကြည့်ရှုသူကို အထင်ရောက်စေတဲ့ ဒီဇိုင်းဖြစ်လို့နေပါတယ်။ ကော်ဇော၀ယ်မယ်ဆိုရင်တော့ ဒီလို ဒီဇိုင်းကို ရှောင်သင့်ပါတယ်နော်။ shwekhitonlinetv.com

၁၇။ တံခါးရွက်နဲ့ မလွတ်တဲ့ မီးလုံး
တံခါးရွက်နဲ့ မလွတ်တဲ့ မီးလုံးတပ်ဆင်ထားကြောင့် တံခါးဖွင့်ဖို့ အခက်အခဲ ဖြစ်နေတဲ့ အသွင်အပြင်ကို တွေ့ရမှာပါ။ တပ်ဆင်ထားတဲ့ မီးလုံးနဲ့ လွတ်ကင်းစေဖို့ တံခါးကို ဖြတ်တောက် ထားပေမဲ့ ကြည့်ရတဲ့သူအတွက်တော့ အဆင်ပြေမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၁၈။ တံခါးပေါက်များလွန်းတဲ့ အိမ်သာ
သော့ပေါက်တွေ များစွာနဲ့ တံခါးရွက် အများကြီး ပါတဲ့ အိမ်သာတံခါးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အိမ်သာတက်မယ့် သူအတွက်ကတော့ တံခါးပေါက်တွေအများကြီးကို တစ်ခုချင်းဆီ အဖွင့်အပိတ် လုပ်ရမှာ ဘယ်လိုမှကို အဆင်မပြေနိုင်ပါဘူးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။