အခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ ကမ္ဘာပေါ်မှာ ရှိနေမယ်လို့တောင် မထင်ထားမိတဲ့ လူတို့ ဖန်တီးထုတ်လုပ်ထားတဲ့ ပစ္စည်းများ အကြောင်းပဲ ဖြစ်ပါတယ်။ အဆိုပါ အသုံးအဆောင် ပစ္စည်းများကတော့ လူတို့ရဲ့ အဆုံးမရှိတဲ့ တီထွင်ကြံဆမှုတွေရဲ့ သက်သေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ပိုးဟပ် လတ်တေး ( Latte ) ကော်ဖီ

ပိုးဟပ်ဆိုတာက လူတိုင်း မနှစ်မြို့တဲ့ တိရစ္ဆာန်အဖြစ် အားလုံးက သိထားကြပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ရဲ့ ကော်ဖီဆိုင်မှာတော့ ပိုးဟပ်ပုံစံဖော်ထားတဲ့ လတ်တေးကော်ဖီကို တွေ့မြင်ရမှာပါ။ ပရိတ်သတ်ကြီးဆိုရင်ရော ဒီကော်ဖီကို သောက်မှာလား သွန်ပြစ်မိမှာလားဆိုတာ ဖြေခဲ့ပါဦးနော်။ shwekhitonlinetv.com
၂။ ပီဇာပုံစံ လက်ကိုင်အိတ်

အမျိုးသမီးတွေရဲ့ ဖက်ရှင်ရေစီးကြောင်းကတော့ တော်ရုံလူ နားမလည်နိုင်လောက်တဲ့အထိ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ပုံမှာ တွေ့မြင်ရတဲ့ လက်ကိုင်အိတ်ကတော့ တကယ့် စားသောက်စရာ ပီဇာမုန့်နဲ့ မခြား တူလွန်းတာကို တွေ့ရမှာပါ ။ ဒါ့ကြောင့် ဗိုက်ဆာနေတဲ့အချိန်မှာတော့ ဒီလက်ကိုင်အိတ်ကို ဖွက်ထားဖို့ လိုမယ်ထင်ပါတယ်နော်။ shwekhitonlinetv.com
၃။ မြွေပုံစံ ကိတ်မုန့်

မြွေစိမ်းကြီးတကောင် စားပွဲပေါ်မှာ ခွေနေမယ့်ပုံစံနဲ့ ကိတ်မုန့်ပဲ ဖြစ်ပါတယ်။ မြွေအစစ်နဲ့ မခြား တူလွန်းတာကြောင့် ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ လန့်သွားစေမှာ အမှန်ပါပဲနော်။ shwekhitonlinetv.com
၄။ ကြက်ဥပေါ်တက်နင်းနေတဲ့ ဒေါက်ဖိနပ်

မြင်ဖူးသမျှ ဒေါက်ဖိနပ်တွေထဲမှာတော့ အထူးခြားဆုံးပဲ ဖြစ်မယ်ထင်ပါတယ်။ ကြက်ဥပေါ်ကို ဒေါက်ဖိနပ်နဲ့ နင်းမိပြီး ကြက်ဥကွဲတဲ့ ဒီဇိုင်းနဲ့ ဖိနပ်ကတော့ တကယ့်ကို ထူးခြားတဲ့ဒီဇိုင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ သွားတွေနဲ့ ပြုလုပ်ထားတဲ့ အိတ်ဆောင်မှန်

အိတ်ဆောင်မှန်အသေးလေးရဲ့ အဖုံးကို သွားတွေနဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်းကို ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ မြင်လိုက်တာနဲ့တင် ဆိုးဝါးလွန်းလှတဲ့ ဒီဇိုင်းကတော့ တကယ့်ကို စိတ်ပျက်စရာပါပဲနော်။ shwekhitonlinetv.com
၆။ ကြက်ကြော်လည်ဆွဲ

အချိန်ပြည့်ဗိုက်ဆာတတ်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့ လည်ဆွဲပဲ ဖြစ်ပါတယ်။ ကြက်ကြော်ကို လည်ပင်းမှာ ဆွဲထားတဲ့ ပုံစံနဲ့ လှည့်လည်သွားလာမယ်ဆိုရင်တော့ အရမ်းကို ထူးဆန်းလွန်းလို့ လူတိုင်းငေးနေကြမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com
၇။ ခြေထောက်ပုံစံ ပန်းအိုး

ခြေထောက်ကို ဖြတ်ပြီး ပန်းစိုက်ထားသလို ပြုလုပ်ထားတဲ့ ဒီဇိုင်းကတော့ တကယ့်ကို အံ့မခန်းပါပဲနော်။ များသောအားဖြင့် အိမ်အလှဆင် ပန်းအိုးတွေဟာ လှလှပပ ဒီဇိုင်းတွေပဲ ရှိတတ်ပါတယ်။ ခြေထောက်ထဲကနေ ပန်းတွေထွက်နေတဲ့ ဒီဇိုင်းကတော့ ထူးဆန်းပြီး ကြောက်စရာကောင်းနေပါတယ်နော်။ shwekhitonlinetv.com
၈။ ပိုးဟပ်ပုံစံ ကိတ်မုန့်

မီးဖိုချောင်စားပွဲပေါ်မှာရောက်နေတဲ့ ပိုးဟပ်အကြီးကြီး မဟုတ်ပါဘူးနော်။ ပိုးဟပ်ပုံနဲ့ အရမ်းကို ခွဲမရအောင်တူလွန်းတဲ့ ကိတ်မုန့်ပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်ကော်ဖီဆိုင်က ပိုးဟပ်လတ်တေး ကော်ဖီနဲ့ ဒီကိတ်မုန့်ကို တွဲပြီးစားလိုက်ရင်တော့ အရမ်းကို လိုက်ဖက်နေမှာပါ။ shwekhitonlinetv.com
၉။ ကြက်ဥနဲ့ ဝက်ပေါင်ခြောက် လက်အိတ်

ကြက်ဥနဲ့ ဝက်ပေါင်ခြောက်ရဲ့ အရောင်နဲ့ ပုံပန်းသဏ္ဍာန်ကို ယူပြီး ဖန်တီးပြုလုပ်ထားတဲ့ လက်အိတ်ပဲ ဖြစ်ပါတယ်။ မနက်စာစားရင်း ရရှိလာတဲ့ စိတ်ကူးဒီဇိုင်း ဖြစ်မယ်ထင်ပါတယ်နော်။ shwekhitonlinetv.com
၁၀။ လျှို့ဝှက်ဂဏန်းနဲ့မှ ဖွင့်လို့ရမယ့် memory stick

ဒီ memory stick ကတော့ ကြုံရာလူ ဖွင့်လို့မရအောင် လျှို့ဝှက်ဂဏန်းနဲ့ Lock ပြုလုပ်ထားတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ မိမိရဲ့ အရေးကြီးဖိုင်တွေ ထည့်ထားတဲ့ stick ဆိုရင်တော့ ဒီလို ဒီဇိုင်းလေးက အသင့်တော်ဆုံးပါပဲနော်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။