လူအတော်များများကတော့ ရာသီဥတုတွေထဲမှာ ဆောင်းရာသီကိုနှစ်သက်ကြပါတယ်။ လူငယ်လူရွယ်တွေအတွက်ဆိုရင်လည်း ဆောင်းရာသီဟာ ရိုမန်တစ်ဆန်တဲ့ရာသီလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ဒေသအချို့က လူတွေကတော့ ဒီလိုအထင်အမြင်တွေနဲ့ ပြောင်းပြန်ဖြစ်နေမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီက ဆောင်းရာသီကအင်မတန်ဆိုးရွားပြင်းထန်ပြီး အေးစက်လွန်းတာကြောင့်ဖြစ်ပါတယ်။ သူတို့ရဲ့ဆောင်းရာသီအခြေအနေတွေကို ဖော်ပြရရင်တော့ … shwekhitonlinetv.com
၁။ ရေခဲပူဖောင်း

ဒီပုံကကြည့်ပြီး ဘာအဓိပ္ပါယ်လဲဖော်မရဖြစ်နေမယ်ထင်ပါတယ်။ အမှန်တော့ ပုံထဲကဘောလုံးလေးတွေက သူမှုတ်ထုတ်လိုက်တဲ့ ဆပ်ပြာပူဖောင်းလေးတွေဖြစ်ပါတယ်။ အေးလွန်းတဲ့ရာသီဥတုအခြေအနေကြောင့် ချက်ချင်းဆိုသလို လေထဲမှာပဲ ရေခဲဆပ်ပြာပူဖောင်းလေးတွေအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ အေးခဲနေတဲ့ကယ်တင်ရှင်

ဒီ မီးသတ်သမားကိုကြည့်လိုက်ပါဦး။ တစ်နေရာရာမှာမီးလောင်လို့ ဖုန်းဆက်အကူအညီတောင်းခဲ့ရင်သွားဖို့အတွက် သူ့ကိုယ်သူအရင်သွေးပူလေ့ကျင့်ခန်းလုပ်ထားရမယ်ထင်တယ်နော် … shwekhitonlinetv.com
၃။ ရေခဲကား

ဒီလိုနေရာမျိုးမှာသာ ကိုယ့်ရဲ့ကားကိုကြာကြာရပ်ထားမိရင်တော့ ရေခဲကားအသွင်ပြောင်းသွားနိုင်ပါတယ်။ shwekhitonlinetv.com
၄။ ဝတ်စုံပြည့်နဲ့ ခွေးကလေး

ဒီပုံကရုရှားနိုင်ငံက ဆောင်းရာသီမြင်ကွင်းတစ်ခုဖြစ်ပါတယ်။ သဘာဝအတိုင်း တော်ရုံအအေးဒဏ်ကိုခံနိုင်ကြတဲ့ ခွေးလို သတ္တဝါလေးတွေတောင် ဝတ်စုံပြည့်နဲ့လမ်းထွက်နေရတာဆိုတော့ ဘယ်လောက်တောင်အေးလဲဆိုတာပြောနေဖို့တောင်လိုမယ်မထင်ပါဘူး။ shwekhitonlinetv.com
၅။ နှင်းတွေနဲ့သင်္ဂြိုဟ်လိုက်တဲ့မြို့

ဒီမြို့ကလေးကတော့ (၂) ရက်ဆက်တိုက် ဆီးနှင်းတွေဆိုးရွားပြင်းထန်စွာကျဆင်းမှုနဲ့ကြုံတွေခဲ့ရပြီးနောက်မှာတော့ တစ်မြို့လုံးနှင်းတွေထုနဲ့ထည်နဲ့ ဖုံးလွှမ်းသွားတာကြောင့် နှင်းတွေနဲ့သင်္ဂြိုဟ်ခံလိုက်ရတဲ့မြို့အဖြစ်တင်စားသုံးနှုန်းခံရတာဖြစ်ပါတယ်။ ဒီမြို့ကလူတွေအနေနဲ့လည်း မိမိကားကိုယ်ပြန်ရှာတွေ့ဖို့ နာရီအနည်းငယ်လောက် နှင်းတွေကိုတူးဖော်ရှာဖွေခဲ့ကြရပါတယ်။ shwekhitonlinetv.com
၆။ Toilet သွားဖို့မလွယ်တဲ့ဘဝ

Toilet မကြာခဏသွားတက်တဲ့သူတွေအနေနဲ့ ဒီလိုအချိန်မှာ ဒုက္ခရောက်မှာအသေအချာပါပဲ။ Toilet သွားပြီး ဘယ်လိုရေဆွဲချကြသလဲဆိုတာတော့ မစဉ်းစားတက်အောင်ပါပဲ။ shwekhitonlinetv.com
၇။ မီးလောင်နေတဲ့သံလမ်းများ

ဒီပုံကိုရုတ်တရက်မြင်ရင်တော့ ရထားလမ်းမှာမီးလောင်နေတယ်လို့ထင်မြင်မိမှာပါပဲ။ ဟုတ်ပါတယ် အင်မတန်အေးတဲ့ရာသီဥတုကြောင့် ရထားလမ်းတွေအေးခဲပြီးမတော်တဆမှုတွေ မဖြစ်အောင် တမင်ရှို့ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ နှင်းပင်

နှင်းတွေနဲ့အေးခဲနေတဲ့ ဒီသစ်ပင်က အရွက်တွေရှိသလား၊ မရှိလားဆိုတာကို သေချာကြည့်ပြီး ဆုံဖြတ်ပေးကြပါဦး။ shwekhitonlinetv.com
၉။ သဘာဝတရားကြီးရဲ့ အနုပညာ

သဘာဝတရားကြီးကတော့ သူ့ရဲ့မှော်ဆန်တဲ့အနုပညာအစွမ်းတွေနဲ့ ကမ္ဘာကြီးကိုပိုမိုလှပအောင်ပြုလုပ်နေတယ်ဆိုတာ ဒီပုံလေးကသက်သေပြနေပါတယ်။ shwekhitonlinetv.com
၁၀။ ကမ်းမမြင်လမ်းမမြင်

ဒီပုံထဲကလို မြူတွေအလွန်အကျွံအုံ့ဆိုင်းနေတဲ့အခြေအနေမျိုးမှာ သင့်အနေနဲ့ကားမောင်းနိုင်ပါ့မလား။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။