တစ်ခါတစ်ရံမှာတော့ ရူးသွပ်တယ်လို့ထင်ရတဲ့အတွေးအခေါ် အကြံဥာဏ်တွေဟာ သင့်ကိုကြွယ်ဝချမ်းသာစေနိုင်ပါတယ်။ ဘာကြောင့်အခုလိုမျိုးပြောရသလဲဆိုတော့ အိုင်ဗရီကို့စ်မှာနေထိုင်တဲ့ အဲရစ်ဆိုတဲ့ သူတစ်ဦးကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အဲရစ်ဟာ အာဖရိကတိုက်က အိုင်ဗရီကို့စ်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချနေထိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ တီထွင်ကြံဆနိုင်စွမ်းရှိတဲ့ ဒီအမျိုးသားကတော့ ပလပ်စတစ်ပုလင်းခွံလိုမျိုးအမှိုက်တွေကို အသုံးပြုပြီး ရေပေါ်ဟိုတယ်တစ်လုံးကို တည်ဆောက်ခြင်းဖြင့် အမှိုက်တွေကို ကြွယ်ဝချမ်းသာမှုအဖြစ် ပြောင်းလဲခဲ့တဲ့သူဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com

အသုံးပြုပြီးသား ပလတ်စတစ်ပုလင်းခွံတွေဟာ လူအများအမြင်မှာတော့ အမှိုက်တွေသာဖြစ်ပေမယ့် တီထွင်ဖန်တီးသူ အဲရစ်အတွက်ကတော့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေအဖြစ်မြင်ခဲ့ပြီး အများနဲ့မတူတဲ့ စိတ်ကူးအိုင်ဒီယာကို ရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် အဲရစ်ဟာ အိုင်ဗရီကို့စ်ကမ်းခြေတွေက ရုပ်ဆိုးအကျည်းတန်လှတဲ့ စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ပလတ်စတစ်ဘူးခွံ၊ ပုလင်းခွံအလွတ်တွေကိုလိုက်လံကောက်ယူစုဆောင်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲရစ်ဟာ စွန့်ပစ်ပလတ်စတစ်ဘူးခွံပေါင်း (၈) သိန်းလောက်ကိုအသုံးပြုပြီးတော့ ပင်လယ်ပြင်မှာပေါလောပေါ်နေတဲ့ ရေပေါ်ဟိုတယ်တစ်လုံးကို အောင်မြင်စွာဆောက်လုပ်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

Eric ၏ ရေပေါ်ဟိုတယ်မှာတော့ Wifi၊ ဆိုလာစွမ်းအင်သုံး မီးအလင်းရောင်စနစ်၊ လေအေးပေးစက်၊ ကောင်းမွန်တဲ့ ပရိဘောဂပစ္စည်းများ ပါဝင်ပြီး ရေကူးကန်၊ စားသောက်ဆိုင် စတာတွေလည်းပါဝင်ပါတယ်။ အဲရစ်ရဲ့ရေပေါ်ဟိုတယ်မှာတည်းခိုခကတော့ တစ်ညကို ဒေါ်လာ (၁၀၀) သတ်မှတ်ထားပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာ အဲရစ်ရဲ့ရေပေါ်ဟိုတယ်ကို လာရောက်လည်ပတ်သူတွေ လေ့လာသူတွေဟာ တစ်ပတ်ကို အယောက် (၁၀၀) လောက်အနည်းဆုံးရှိပြီး စည်ကားလျက်ရှိပါတယ်။ ဒါကြောင့်လည်းအဲရစ်ဟာ နောက်ထပ်ရေပေါ်ဟိုတယ်တွေကိုတည်ဆောက်ဖို့ စိတ်အားထက်သန်လျက်ရှိပြီး အိုင်ဗရီကို့စ်ကမ်းခြေက ပလတ်စတစ်ဘူးခွံပုလင်းခွံတွေကို စုဆောင်းရာမှာကူညီဖို့ ကလေးငယ်တွေကို အလုပ်ခန့်ထားပါတယ်။ shwekhitonlinetv.com

ကမ္ဘာတစ်ဝှမ်းက စီးပွားရေးသမားတွေကတော့ အဲရစ်ရဲ့စိတ်ကူးစိတ်သန်းကို သဘောကျလျက်ရှိပြီး အလားတူရေပေါ်ဟိုတယ်တွေကို လိုက်လံတုပပြီးဆောက်လုပ်ဖို့ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ အမှန်စင်စစ်မှာတော့ အဲရစ်ရဲ့ရေပေါ်ဟိုတယ်ဟာ စွန့်ပစ်အမှိုက်ချည်းပဲအသုံးပြုပြီးတည်ဆောက်ထားတာ မဟုတ်ဘဲ သစ်နဲ့အခြားပစ္စည်းတွေကိုလည်း အသုံးပြုပြီးတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဘာပဲဖြစ်ဖြစ် အဲရစ်လိုမျိုးစွန့်ပစ်အမှိုက်တွေကနေ ရေပေါ်ဟိုတယ်တွေဆောက်လုပ်ဖို စွန့်ပစ်ပလတ်စတစ်ဘူးခွံ၊ ပုလင်းခွံတွေကိုစုဆောင်းနေကြပြီဖြစ်တာကြောင့် အနည်းနဲ့အများတော့ စွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချနိုင်တော့မှာ အမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။