ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်ဖော်ပြပေးသွားမှာကတော့ ကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးလေယာဉ်ပြေးလမ်းတွေနဲ့ လေယာဉ်ကွင်းတွေပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေရဲ့ လေဆိပ်တွေက ဒီစာရင်းမှာပါဝင်နေမလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် ….. shwekhitonlinetv.com
၁။ Barra Airport – Scotland

စကော့တလန်နိုင်ငံက ဘာရာလေဆိပ် (Barra Airport) လိုမျိုးအလားတူနောက်ထပ်လေယာဉ်ကွင်းတစ်ကွင်း ဒီကမ္ဘာပေါ်မှာရှိမယ်မထင်ပါဘူး။ ဘာရာလေဆိပ်ဟာ စကော့တလန်ပြည်မကြီးနဲ့ ဝေးလံခေါင်သီလှတဲ့နေရာမှာရှိတဲ့ ကျွန်းတစ်ကျွန်းမှာရှိတာဖြစ်ပါတယ်။ ဒီရေတက်ချိန်မှာတော့ ပြေးလမ်းတွေအားလုံးဟာ နစ်မြုပ်သွားပြီးအသုံးပြုလို့မရပါဘူး။ နောက်ပြီးအရေးပေါ်အခြေအနေကလွဲရင် ညအချိန်မှာ ဆင်းသက်ခွင့်မပြုတဲ့ လေဆိပ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Madeira Airport – Portugal

ယခင်က Funchal လေဆိပ်လို့ လူသိများတဲ့ Madeira အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ ပေါ်တူဂီနိုင်ငံ Madeira ကျွန်းပေါ်မှာတည်ရှိပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ မွေးရပ်ဖြစ်တာကြောင့် လက်ရှိအချိန်မှာတော့ သူ့ကိုဂုဏ်ပြုတဲ့ အနေနဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို လေဆိပ်လို့လည်းခေါ်တွင်ကြပါတယ်။ shwekhitonlinetv.com
ဒီလေဆိပ်ကတော့ ဆောက်လုပ်ထားတဲ့ ဗိသုကာဒီဇိုင်းနဲ့ တည်နေရာကြောင့် ကမ္ဘာ့အန္တရာယ်အရှိဆုံးလေဆိပ်တစ်ခုဖြစ်လာခဲ့တာလို့ဆိုနိုင်ပါတယ်။ တစ်ဖက်မှာ မြင့်မားတဲ့တောင်တန်း၊ တစ်ဖက်မှာအတ္တလန္တိတ်သမုဒ္ဒရာ တို့တည်ရှိပြီး လေယာဉ်ဆင်းသက်ဖို့ပြေးလမ်းကို ကွန်ကရစ်ထောက်တိုင်ပေါင်း (၁၈၀) နဲ့ ထောက်ခံပေးထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com
ဒီလေယာဉ်ကွင်းကို ဆင်းသက်ဖို့ အရည်အချင်းပြည့်မီတဲ့ လေယာဉ်မှုးကတော့ အယောက် (၂၀) သာရှိတယ်လို့လည်းသိရပါတယ်။ ဒီလေယာဉ်ကွင်းနဲ့ပတ်သတ်တဲ့ ဆိုးရွားတဲ့မှတ်တမ်းတစ်ရပ်ကတော့ (၁၉၇၇) ခုနှစ်မှာ ဘိုးရင်း (၇၂၇) ခရီးသည်တင်လေယာဉ်ပျက်ကျခဲ့မှုပဲဖြစ်ပြီး လူပေါင်း (၁၆၄) ဦးသေဆုံးခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ The Ice Runway – Antarctica

အန္တာတိကတိုက် တခုလုံးမှာလေယာဉ်ဆင်းသက်လို့ရတဲ့တစ်ခုတည်းသောလေယာဉ်ကွင်းဖြစ်ပါတယ်။ တစ်ခါတစ်ရံ ပြေးလမ်းမှာဆီးနှင်းထုက လေးလက်မလောက်ရှိနေတက်တာကြောင့် အန္တရာယ်အများဆုံး လေဆိပ်တွေထဲက တစ်ခုအဖြစ်ဖော်ပြရခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Paro Airport – Bhutan

Paro လေဆိပ်ကတော့ ဘူတန်နိုင်ငံရဲ့တစ်ခုတည်းသောအပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်ပါတယ်။ သေးငယ်လှတဲ့ ဒီလေဆိပ်ဟာ နက်ရှိုင်းတဲ့ချိုင့်ဝှမ်းလွင်ပြင်မှာတည်ရှိပြီး ၅,၅၀၀ မီတာ (၁၈၀၀၀ ပေ) မြင့်မားချွန်ထက်တဲ့တောင်တွေကဝိုင်းရံထားတာဖြစ်ပါတယ်။ လေပြင်းများကြောင့် လေယာဉ်မှုးများအနေဖြင့် ၎င်းတို့ရဲ့ အမြင်နဲ့ဆုံးဖြတ်ခြင်းကို နေ့ခင်းဘက်မှာသာ ခွင့်ပြုကြောင်းသိရပါတယ်။ ဒါ့အပြင် လေယာဉ်ကိုခက်ခဲတဲ့ အနေအထားဒီဂရီမောင်းနှင်ပြီး ဆင်းသက်ရတာဖြစ်လို့ ဒီလေယာဉ်ကွင်းကို ကျွမ်းကျင်ပိုင်နိုင်စွာဆင်းသက်နိုင်တဲ့ လေယာဉ်မှုးကသိပ်ပြီးများများစားစားမရှိပါဘူး။ shwekhitonlinetv.com
၅။ Princess Juliana International Airport – St. Maarten

စိန့်မာတင်ကျွန်းပေါ်မှာရှိတဲ့ နာမည်ကျော် Princess Juliana International Airport ကတော့ Maho အပန်းဖြေ ကမ်းခြေနဲ့ ထိစပ်လုနီးနီးဖြစ်နေတဲ့ ပြေးလမ်းကြောင့် အံ့အားသင့်ဖွယ်ဓာတ်ပုံရိုက်လိုသူတွေ အတွက် ဆွဲဆောင်မှုရှိလှပါတယ်။ လေယာဉ်ဆင်းသက်ခြင်းနှင့် လေယာဉ်ပျံတက်ခြင်းတို့ဟာ ကမ်းခြေမှာရှိတဲ့ လူတစ်ယောက်ရဲ့ ဦးခေါင်းထက်ကနေ အနည်းငယ်မျှသာမြင့်တာမို့လို့ စိတ်လှုပ်ရှားဖွယ်ကောင်းလှသလို အလွန်အန္တရာယ်လဲများလှပါတယ်။ မကြာသေးခင်ကလည်း နယူးဇီလန်အမျိုးသမီးတစ်ဦးဟာ ပျံတက်နေတဲ့ လေယာဉ်ပျံရဲ့ အစိတ်အပိုင်းတစ်ရပ်ပေါက်ကွဲမှုထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၆။ Gibraltar Airport – Gibraltar

ဒီလေဆိပ်မှာတော့ လေယာဉ်ပြေးလမ်းတစ်လမ်းတည်းရှိပြီး မြို့ရဲ့ အဓိကလမ်းမကြီးကိုဖြတ်သန်းတည်ဆောက် ထားတာဖြစ်ပါတယ်။ နိုင်ငံရဲ့အကျယ်အဝန်းက (၂.၆) စတုရန်းမိုင်ပဲရှိလို့ ဒီလိုဆောက်လုပ်ထားရတာလည်းဖြစ်ပါတယ်။ ဒါကြောင့် မြေပြင်က အခြားယာဉ်တွေဟာ လေယာဉ်အဆင်းအတက်ပြုလုပ်တဲ့ အခါ ရပ်ထားပေးရပါတယ်။ ဒါတောင်မှ မကြာခဏမြေပြင်က ယာဉ်တွေနဲ့ မတော်တဆ တိုက်မိတာတွေ ဖြစ်လေ့ရှိတဲ့လေဆိပ်ဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Narsarquag Airport – Greenland

အလွန်အေးတဲ့နေ့တွေမှာ မြူနှင်းတွေပိတ်ဆို့ပြီးလေယာဉ်ပြေးလမ်းကိုမမြင်တွေ့ရတာက Narsarquag လေဆိပ်ရဲ့ လေယာဉ်မှုးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပေမယ့် အနီးနားမှာ ရှိတဲ့ မီးတောင်ကြောင့် ပိုပြီးခေါင်းကိုက်ရပါသတဲ့။ အကြောင်းကတော့ မီးတောင်က ပြာမှုန်တွေမှုတ်ထုတ်တဲ့ အခါမျိုးမှာ တိမ်ထဲမှာပါဝင်တဲ့ ပြာမှုန်တွေက လေယာဉ်အင်ဂျင်ရဲ့ အပူကာပစ္စည်းတစ်မျိုးဖြစ်တဲ့ Silica တွေကို အရည်ပျော်စေပြီး အင်ဂျင်ကိုပျက်စီးစေလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Juancho E. Yrausquin Airport – Antilles

ကမ္ဘာပေါ်ကခရီးသည်တင်လေယာဉ်ပြေးလမ်းတွေထဲမှာတော့ အန်တဲလက် (Antilles) နိုင်ငံက Juancho E. Yrausquin လေဆိပ်ရဲ့ပြေးလမ်းတွေက အတိုဆုံးဖြစ်မယ်ထင်ပါတယ်။ အကောင်းဆုံးလေ့ကျင့်သင်ကြားထားပြီး ကျွမ်းကျင်လှတဲ့ဝါရင့် လေယာဉ်မှုးတွေမောင်းနှင်ဆင်းသက်တာတောင်မှ ဒီလေဆိပ်မှာ နှစ်စဉ်မတော်တဆထိခိုက်မှုတွေကတော့ရှိနေဆဲပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Matekane Air Strip – Lesotho

လီဆိုသိုဟာ သေးငယ်တဲ့အာဖရိကနိုင်ငံလေးတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့်တောင်ကုန်းတောင်တန်းတွေအင်မတန်ပေါများတဲ့အတွက် တစ်နေရာကနေတစ်နေရာကို သွားလာဖို့အတွက်တော့ လေကြောင်းခရီးကိုသာအများဆုံးအသုံးပြုနေရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ပုံမှာပါတာကတော့ လီဆိုသိုနိုင်ငံရဲ့မြို့တော် မာဆီရူနဲ့ မိုင် (၃၀) အကွာက ပေ (၂၀၀၀) ကျော်မြင့်တဲ့ချောက်ကမ်ပါးအစွန်းမှာတည်ရှိတဲ့ Matekane လေယာဉ်ပြေးလမ်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Yeager Airport, Charleston – West Virginia

တောင်တစ်လုံးရဲ့ ကျယ်ဝန်းတဲ့မြေပြန့်မှာ တည်ဆောက်ထားတဲ့လေယာဉ်ကွင်းဖြစ်ပေမယ့် ခရီးသည်တင်လေယာဉ်တစ်စင်းဆင်းသက်ဖို့ဆိုရင်တော့ လေယာဉ်ပြေးလမ်းတွေက တိုတောင်းလွန်းတယ်လို့ ဆိုရမှာပါ။ ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာက ဘေးပတ်ပတ်လည်မှာ ချောက်တွေတည်ရှိနေတာပဲဖြစ်ပါတယ်။ ၂၀၁၀ တုန်းက လေယာဉ်မှုးတစ်ဦးဟာ ဒီလေယာဉ်ကွင်းမှာပြေးလမ်းတွေကျော်လွန်သွားတဲ့အထိ ပျံမတက်နိုင်တာကြောင့် ချောက်ထဲထိုးကျခဲ့ဖူးတယ်လို့သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။