အခုတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းတွေအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အသက်ကို ဖက်နဲ့ထုတ်ထားပြီး သွားရမယ့် အဆိုပါ လမ်းတွေက ကျွမ်းကျင်တဲ့ မောင်းနှင်သူနဲ့ တွေ့ရဖို့ကတော့ အဓိကပါပဲနော်။ shwekhitonlinetv.com
Guoliang Tunnel, China

Guoliang Tunnel လို့အမည်ရတဲ့ အဆိုပါ ကားလမ်းကတော့ ၀.၇၅ မိုင် ရှည်လျားပြီး Guoliang ရွာနဲ့ ဆက်စပ်နေတဲ့ တောင်တန်းကို ဖောက်ထွင်းပြီး လမ်းဖောက်ထားတာ ဖြစ်ပါတယ်။ ၁၉၇၀ နှစ်လွန်ပိုင်းမှာ Guoliang ရွာသားတွေဟာ ၄င်းတို့မှာရှိတဲ့ လက်လုပ်ကိရိယာများကိုသာ အသုံးပြုပြီး အဆိုပါလမ်းကို ဖောက်လုပ်ခဲ့တာပါ။ လမ်းရဲ့ အကျယ်က ၁၃ ပေပဲ ကျယ်ဝန်းတာကြောင့် ကားသမားအနေနဲ့ အထူးဂရုစိုက်ပြီး မောင်းရမယ့်လမ်း ဖြစ်ပါတယ်။ shwekhitonlinetv.com
Maeklong Railway Market, Thailand

မီးရထားလမ်းပေါ်မှာသာမက ရထားလမ်းရဲ့ ဘေးတဖက် တချက်မှာ စျေးခင်းထားတဲ့ ထိုင်းနိုင်ငံရဲ့ မီးရထားစျေးလမ်းပဲ ဖြစ်ပါတယ်။ မီးရထားလာတဲ့ ဥသြဆွဲသံ ကြားတဲ့အခါမှာတော့ စျေးရောင်းချနေသမျှကို ဖယ်ပေးရပါတယ်။ စျေးဗန်းတွေကို ဘေးကို ဆွဲချပြီး ဆိုင်ခန်းအမိုးတွေကိုလည်း ခေါက်သိမ်းကာ ရထားအတွက် လမ်းဖယ်ပေးရပါတယ်။ ရိုးရှင်းတယ်ထင်ရပေမဲ့ တနာရီကို ၁၅ ကီလိုမီတာ အမြန်နှုန်းနဲ့သွားနေတဲ့ မီးရထားတစင်းကို ရှောင်ရတာ လွယ်ကူတဲ့အလုပ်တော့ ဟုတ်မယ်မထင်ပါဘူးနော်။ shwekhitonlinetv.com
Yungas Road, Bolivia

အန္တရာယ်များလွန်းတဲ့ Yungas Road ကတော့ Bolivia နိုင်ငံရဲ့ မြို့တွေဖြစ်တဲ့ La Paz နဲ့ Coroico မြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် ၃၃၀၀ မီတာကနေ ၃၆၀ မီတာထိ နိမ့်ဆင်းလာတဲ့ လမ်းကြောင်းဖြစ်ပြီး အကွေ့အကောက်တွေ အရမ်းများတဲ့ လမ်းလည်း ဖြစ်ပါတယ်။ အလွန်တရာကျဥ်းမြောင်းတဲ့ လမ်းဖြစ်တာကြောင့် ကုန်တင်ကားတွေ ဖြတ်သန်းသွားတော့မယ်ဆိုရင် အချင်းချင်းညှိနှိုင်းရလေ့ရှိပါတယ်။ တခါတလေမှာဆိုရင်တော့ တဖက်ကားက အကွာအဝေးတော်တော်ရောက်တဲ့အထိ နောက်ပြန်ဆုတ်ပြီး လမ်းဖယ်ပေးရတတ်ပါတယ်။ shwekhitonlinetv.com
Eyre Highway, Australia

ပုံထဲမှာတွေ့ရတဲ့အတိုင်းဆိုရင်တော့ အကွေ့အကောက်မရှိ ဖြောင့်တန်းနေတဲ့ သြစတေးလျနိုင်ငံရဲ့ Eyre Highway လမ်းဟာ အန္တရာယ်များတယ်ဆိုတာ ယုံရခက်တဲ့သူတွေ ရှိမှာပါ။ ဒါပေမဲ့ ၉၉၄ မိုင်ရှည်လျားတဲ့ အဆိုပါ အမြန်လမ်းဟာ မတော်တဆမှုပေါင်းများစွာဖြစ်လေ့ရှိတဲ့ လမ်းပဲ ဖြစ်ပါတယ်။ တဖြောင့်တည်းဖြစ်နေတဲ့ အမြန်လမ်းကြောင့် ကားသမားတွေဟာ အိပ်ငိုက်သွားရတဲ့အတွက် မတော်တဆမှုဖြစ်စဥ်ဟာ မြင့်တက်နေရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
The “Nose of the Devil” Railway, Ecuador

နတ်ဆိုးရဲ့ နှာခေါင်းလို့ အမည်ရတဲ့ ရထားလမ်းကတော့ အမြင့်ပေ ၂၆၂၄ ပေမြင့်မားတဲ့ Nose of the Devil ကျောက်ဆောင်ပေါ်မှာ ဖောက်လုပ်ထားတဲ့ လမ်းဖြစ်ပါတယ်။ ဟိုအရင်ကတော့ ပြေးဆွဲနေတဲ့ ရထားတွဲရဲ့ အမိုးပေါ်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို လိုက်ပါခွင့်ပြုခဲ့ပေမဲ့ ယနေ့ခေတ်မှာတော့ ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ shwekhitonlinetv.com
Pamban Railway Bridge, India

Pamban တံတားကတော့ Pamban လို့အမည်ရတဲ့ ကျွန်း နဲ့ အိန္ဒိယနိုင်ငံရဲ့ အဓိကကုန်းမြေကို ဆက်သွယ်ထားတဲ့ တံတားပဲ ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ ပါ့ခ်ရေလက်ကြားရဲ့ လေပြင်းတိုက်ခတ်မှုကြောင့် တံတားဟာ ပျက်ဆီးခဲ့ရပါတယ်။ တနာရီကို ၅၅ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်တဲ့ လေပြင်းရဲ့ ဒဏ်ကြောင့် Pamban Railway Bridge ဟာ ကြီးမားတဲ့ စိန်ခေါ်မှုကို အမြဲလိုလို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
Karakoram Highway, Pakistan – China

Karakoram Highway လမ်းကတော့ ၈၀၇.၇ မိုင် ရှည်လျားပြီး ကမ္ဘာ့အမြင့်ဆုံး အပြည်ပြည်ဆိုင်ရာ အမြန်လမ်းအဖြစ် သတ်မှတ်ထားတဲ့လမ်းပဲ ဖြစ်ပါတယ်။ လမ်းရဲ့ တချို့နေရာတွေဟာ အမြင့်ပေ ၁၅,၀၉၁ ပေ ( ၄၆၀၀ မီတာ ) ထိ မြင့်မားပါတယ်။ နွေရာသီ မုတ်သုံမိုးကြောင့် မြေပြိုမှုတွေ ဖြစ်လေ့ရှိပြီး ဆောင်းရာသီမှာတော့ နှင်းပြိုဆင်းမှုတွေကြောင့် ကားလမ်းပိတ်ထားရတဲ့အထိ ရာသီဥတု ဆိုးဝါးတတ်ပါတယ်။ shwekhitonlinetv.com
Passage du Gois, France

ပြင်သစ်နိုင်ငံရဲ့ အဓိက ကုန်းမြေနဲ့ Noirmoutier ကျွန်းကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ လမ်းပဲ ဖြစ်ပါတယ်။ ဒီရေတက်လာတဲ့အချိန်မှာတော့ ၄ မီတာ ( ၁၃ ပေ ) အမြင့်ထိ ရေတွေ ဖုံးလွှမ်းသွားခဲ့ပြီး တရက်မှာ ၂ ကြိမ်ပဲ အဆိုပါလမ်းကို ဖြတ်သန်းခွင့်ရပါတယ်။ shwekhitonlinetv.com
Leh-Manali Highway, India

Leh-Manali Highway လမ်းကတော့ မြင့်မားတဲ့ တောင်အဆင့်ဆင့်ကို ဖြတ်ကျော်ဖောက်လုပ်ထားတာ ဖြစ်ပြီး အမြင့်ပေ ၁၃,၁၂၃ ကနေ ၁၆,၄၀၄ ပေ ထိ မြင့်မားပါတယ်။ တောင်တက် တောင်ဆင်းလမ်းတွေဟာ ကျဥ်းမြောင်းလွန်းပေမဲ့ ဒေသခံကားသမားတွေကတော့ အမြင့်ဆုံး အမြန်နှုန်းနဲ့ မောင်းနှင်လေ့ရှိကြပါတယ်။ shwekhitonlinetv.com
Tianmen Mountain Road, China

ဗုဒ္ဓဘုရားကျောင်း တည်ရှိရာ Tianmen တောင်ထိပ်ကို ဦးတည်ပြီး ဖောက်လုပ်ထားတဲ့ အဆိုပါ လမ်းကတော့ အကွေ့ပေါင်း ၉၉ ကွေ့ရှိပြီး ၆.၈ မိုင် ရှည်လျားပါတယ်။ တချို့လမ်းပိုင်းတွေမှာဆိုရင် အကွေ့တခုနဲ့ တခု ကြား အကွာအဝေးဟာ အနည်းဆုံး ၂၀၀ မီတာထိ ရှည်လျားတာကြောင့် ကားသမားတွေ အထူးသတိထား မောင်းနှင်ရတဲ့ လမ်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
Road through Salar de Uyuni, Bolivia

Salar de Uyuni ဆိုတာကတော့ ဘိုလီးဗီးယားနိုင်ငံမှာ တည်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဆားပြင် ( သို့ ) ဆားမျက်နှာပြင်ကြီးပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်လမ်းကတော့ အဆိုပါ ဆားခင်းကြီးကို ဖြတ်ကာ ဖောက်လုပ်ထားတဲ့ လမ်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၁၈၁၁ ပေ မှာတည်ရှိပါတယ်။ ဆန်းကြယ်ပြီး ပုံမှန်မဟုတ်တဲ့ မြင်ကွင်းကြောင့် အလွယ်တကူလမ်းပျောက်နိုင်ပြီး ဖုန်းတွေဟာလည်း အဆိုပါနေရာမှာ အလုပ်မလုပ်တော့ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် တယောက်တည်းစိတ်ကြိုက်သွားရောက်တာထက် ခရီးသွားအဖွဲ့တွေကို ငှားရမ်းပြီး အတူသွားမှသာ အဆင်ပြေနိုင်မယ့် နေရာ ဖြစ်ပါတယ်။ ညအချိန်မှာဆိုရင် အနှုတ် ၂၂ ဒီဂရီ ဖာရင်ဟိုက်ထိ အပူချိန်ကျဆင်းတတ်တာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။ shwekhitonlinetv.com
Road through Skippers Canyon, New Zealand

မြောက်များလှစွာသော ချိုင့်ဝှမ်း နဲ့ ချောက်ကမ်းပါးများ ၊ မတ်စောက်လှတဲ့ ဆင်ခြေလျှောများ ၊ ကြိုးတံတားများနဲ့ ကျဥ်းမြောင်းလှတဲ့ လမ်းတွေကတော့ Skippers Canyon ကို ဖြတ်သွားတဲ့ လမ်းရဲ့ ရုတ်တရက်ကြုံတွေ့ရမယ့် ပုန်းဝှက်နေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံမှာရှိတဲ့ ဒေသတွင်း ခရီးသွား ကားအငှားလိုက်တဲ့ ဝန်ဆောင်မှုတွေကတောင် အဆိုပါလမ်းကို သွားမယ်ဆိုရင် အာမခံမပေးတဲ့အထိ ဆိုးဝါးတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
The James W. Dalton Highway, Alaska, USA

၁၇၅ ကီလိုမီတာကနေ ၆၆၆ ကီလိုမီတာအထိ ရှည်လျားတဲ့ The James W. Dalton Highway လမ်းရဲ့ ခရီးတဝက်ဟာ ရေနံကတ္တရာခင်းထားပြီး တဝက်ကိုတော့ ကျောက်စရစ်တွေခင်းထားတဲ့ လမ်းပဲ ဖြစ်ပါတယ်။ ရှည်လျားလှတဲ့ လမ်းတလျှောက်မှာ လူနေထိုင်ရာ ၃ နေရာ ၊ဆီဖြည့်ဖို့နေရာ ၃ နေရာ နဲ့ ဆေးကုသရာ နေရာ ၁ ခုပဲ ရှိပါတယ်။ ဒ့ါကြောင့် အဆိုပါလမ်းကို ဖြတ်သန်းသွားတော့မယ်ဆိုရင် လိုအပ်တာတွေ ပြည့်ပြည့်စုံစုံယူဆောင်သွားဖို့အတွက် ဒေသခံရဲတွေက စစ်ဆေးလေ့ရှိပါတယ်။ shwekhitonlinetv.com
“Train to the Clouds,” Argentina

၁၃၄.၈ မိုင်ရှည်လျားတဲ့ အဆိုပါ ရထားလမ်းတလျှောက်မှာ လှိုဏ်ခေါင်း ၂၁ ခု ၊ တံတားပေါင်း ၄၂ ခု ၊ မြွေလိမ်မြွေကောက်လမ်း ၂ ခုနဲ့ ဇစ်ဇက် ( zigzags ) လမ်း ၂ ခုကို ဖြတ်သန်းရပါတယ်။ တိမ်တွေနေတဲ့ အရပ်ဆီကို ဆိုတဲ့ သီချင်းလိုပဲ ဒီလမ်းရဲ့ နာမည်ကတော့ Train to the Clouds လို့ ခေါ်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင်တော့ အဆိုပါ လမ်းရဲ့ အချို့နေရာတွေဟာ အရမ်းကို မြင့်လွန်းတာကြောင့် တိမ်တွေထဲကို ဖြတ်သန်းသွားရတဲ့ အချိန်တွေတောင် ရှိလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။