ဟောလိဝုဒ်ရုပ်ရှင်လောကဟာ ကမ္ဘာပေါ်ကရုပ်ရှင်သရုပ်ဆောင်မင်းသားမင်းသမီးတွေအတွက်တော့ ဝင်ငွေအကောင်းဆုံးရုပ်ရှင်နယ်ပယ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဟောလိဝုဒ်မှာနှစ်စဉ်ဝင်ငွေဒေါ်လာသန်းချီ ရရှိနေတဲ့သရုပ်ဆောင်များစွာရှိတဲ့အနက် အခုတစ်ခေါက်မှာတော့ ရုပ်ရှင်တစ်ကားအတွက်ပေးရတဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး အနုပညာရှင် (၁၀) ဦးကိုဖော်ပြပေးလိုက်ရပါတယ်။shwekhitonlinetv.com
၁၀။ ရွိုင်ယန်ဂေါ့စလင်း – အမေရိကန်ဒေါ်လာသန်း (၂၀)

အသက် (၄၀) အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါသရုပ်ဆောင် ရွိုင်ယန်ဂေါ့စလင်း (Ryan Gosling) ကတော့ Gangster Squad ,The Blade Runner 2049 စတဲ့ဇာတ်ကားတွေနဲ့လူသိများတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူ့အနေနဲ့ ၂၀၂၂ ခုနှစ်ထဲမှာ ရုံတင်မယ့် The Grey Man ဆိုတဲ့ဇာတ်ကားကို ရိုက်ကူူးနေပြီး အဲ့ဒီဇာတ်ကားအတွက် သရုပ်ဆောင်ကြေးအဖြစ် အမေရိကန်ဒေါ်လာ သန်း (၂၀) ရရှိထားတာကြောင့် ဒီစာရင်းရဲ့ အဆင့် (၁၀) နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ ဆန်ဒရာဘူးလော့ – အမေရိကန်ဒေါ်လာသန်း (၂၀)

အသက် (၅၇) နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်မင်းသမီးကြီး ဆန်ဒရာဘူးလော့ (Sandra Bullock) ကလည်းဒီစာရင်းမှာ ထိပ်ဆုံး (၁၀) ဦးစာရင်းဝင်နေဆဲဖြစ်ပါတယ်။ ၂၀၂၂ မှာ သူမဦးဆောင်ပါဝင်ထားတဲ့ The Lost City ဆိုတဲ့ ဟာသဆန်ဆန် အက်ရှင်ဇာတ်ကားရုံတင်ဖို့ရှိနေပါတယ်။ ဒီဇာတ်ကားမှာသရုပ်ဆောင်ဖို့အတွက်သူမကိုပေးရတဲ့ သရုပ်ဆောင်ကြေးကတော့ အမေရိကန်ဒေါ်လာ သန်း (၂၀) ဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ ဂျူလီယာရောဘတ် – အမေရိကန်ဒေါ်လာ (၂၅) သန်း

နောက်ထပ်ဝါရင့်မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ ဂျူလီယာရောဘတ် (Julia Robert) ကတော့ ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် သရုပ်ဆောင်ကြေး အမေရိကန်ဒေါ်လာ (၂၅) သန်းနဲ့ ဒီစာရင်းရဲ့ အဆင့် (၈) နေရာမှာရပ်တည်နေပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ Rumaan Alam ရဲ့ နိုဗယ်ဆုရစာအုပ်တစ်အုပ်ဖြစ်တဲ့ Leave the world behind ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ shwekhitonlinetv.com
၇။ ဂျနီဖာလောရင့် – အမေရိကန်ဒေါ်လာ (၂၅) သန်း

အသက် (၃၁) နှစ်အရွယ်မင်းသမီးချောလေး ဂျနီဖာလောရင့် (Jennifer Lawrence) ကတော့ဒီစာရင်းရဲ့ အဆင့် (၇) နေရာမှာရပ်တည်လျက်ရှိနေပါတယ်။ ရုပ်ရှင်ကားတစ်ကားအတွက်သူမကိုပေးရတဲ့ အနုပညာကြေးကတော့ အမေရိကန်ဒေါ်လာ (၂၅) သန်းဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်ရဲ့ အနုပညာကြေးအမြင့်ဆုံး အမျိုးသမီးသရုပ်ဆောင်အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com
၆။ မာ့ခ်ဝါးလ်ဘာ့ဂျ် – အမေရိကန်ဒေါ်လာသန်း (၃၀)

နာမည်ကျော်မင်းသား မာ့ခ်ဝါးလ်ဘာ့ဂျ် (Mark Wahlberg) ကတော့ အက်ရှင်၊ ဒရာမာ၊ ဟာသ စတဲ့ဇာတ်ရုပ်အစုံကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ နောက်ဆုံးရိုက်ကူးထွက်ရှိထားတဲ့ဇာတ်ကားကတော့ Spenser Confidential ဖြစ်ပြီး အဲ့ဒီအတွက်အနုပညာကြေးအဖြစ် အမေရိကန်ဒေါ်လာသန်း (၃၀) ရရှိထားပါတယ်။ shwekhitonlinetv.com
၅။ လီယိုနာဒိုဒီကာပရီရို – အမေရိကန်ဒေါ်လာသန်း (၃၀)

အော်စကာဆုရမင်းသားကြီး လီယိုနာဒိုဒီကာပရီရို Leonardo DiCaprio ကတော့ ၂၀၂၁ ခုနှစ်အတွင်းမှာ မင်းသမီးချော ဂျနီဖာလောရင့် နဲ့တွဲဖက်ပြီး Don’t Look Up ဆိုတဲ့ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီဇာတ်ကားတစ်ကားတည်းအတွက် ရရှိခဲ့တဲ့သရုပ်ဆောင်ကြေးကတော့ အမေရိကန်ဒေါ်လာ သန်း (၃၀) ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ဒန်ဇဲလ်ဝါရှင်တန် – အမေရိကန်ဒေါ်လာသန်း (၄၀)

အသက် (၆၆) နှစ်အရွယ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် ကားရိုက်ကျဲသွားပေမယ့် အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်စာရင်းမှာတော့ ဒန်ဇဲလ်ဝါရှင်တန် (Denzel Washington) ကအဆင့် (၄) နေရာမှာရပ်တည်နေပါသေးတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ The Little Things ဇာတ်ကားထွက်ရှိထားပြီး အဲ့ဒီဇာတ်ကားအတွက် အနုပညာကြေးအဖြစ် အမေရိကန်ဒေါ်လာသန်း (၄၀) ရရှိထားသူဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ ဝီလ်စမစ် – အမေရိကန်ဒေါ်လာသန်း (၄၀)

ပရိသတ်အချစ်တော်မင်းသားတစ်ဦးဖြစ်တဲ့ ဝီလ်စမစ် (Will Smith) ကတော့ ဒီစာရင်းရဲ့အဆင့် (၃) နေရာမှာရပ်တည်နေပါတယ်။ သူ့အနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ဒရာမာဇတ်ကားကောင်းတစ်ကားဖြစ်တဲ့ King Richard ဆိုတဲ့ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားပြီး အဲ့ဒီဇာတ်ကားအတွက်အနုပညာကြေး အမေရိကန်ဒေါ်လာသန်း (၄၀) ရရှိထားပါတယ်။ shwekhitonlinetv.com
၂။ ဒွိန်းဂျွန်ဆင် – အမေရိကန်ဒေါ်လာသန်း (၅၀)

The Rock လို့လူသိများတဲ့မင်းသားကြီး (Dwayne Johnson) ကတော့ ၂၀၂၁ ခုနှစ်အတွက်ဝင်ငွေအကောင်းဆုံးနဲ့ ကားအရိုက်ရဆုံးမင်းသားတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်တစ်ကားအတွက်ရရှိတဲ့အနုပညာကြေးမှာတော့ ဒန်နီယယ်ခရိတ်ရဲ့နောက် အဆင့် (၂) နေရာမှာသာရှိနေပါသေးတယ်။ The Rock ရဲ့ ၂၀၂၁ ခုနှစ်အတွင်း ရုပ်ရှင်တစ်ကားအတွက်ရရှိခဲ့တဲ့ အမြင့်ဆုံးအနုပညာကြေးကတော့ အမေရိကန်ဒေါ်လာသန်း (၅၀) ဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ဒန်နီယယ်ခရိတ်ဂျ် – အမေရိကန်ဒေါ်လာသန်း (၁၀၀)

Netflix လိုကုမ္ပဏီမျိုးနဲ့အကျိုးအမြတ်သဘောတူညီချက်စာချုပ်ကြောင့် ဗြိတိန်မင်းသားကြီး ဒန်နီယယ်ခရိတ်ဂျ် (Daniel Craig) ရဲ့သရုပ်ဆောင်ကြေးကအခုလိုမြင့်တက်နေတာလို့သိရပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာရိုက်ကူးခဲ့တဲ့ Knives Out Sequels တစ်ကားတည်းအတွက်သူ့ရဲ့သရုပ်ဆောင်ခကဒေါ်လာသန်း (၁၀၀) ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်းအတည်မပြုနိုင်တဲ့ သတင်းတွေအရတော့ ဒီကားရဲ့နောက်ဆက်တွဲဇာတ်လမ်းတွေမှာပါ ခရိတ်အနေနဲ့ သရုပ်ဆောင်ပေးရဖွယ်ရှိတယ်လို့ဆိုကြပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။