လူသားတွေဟာ အယ်လ်ကိုဟော (Alcohol) ပါဝင်တဲ့အဖျော်ယမကာတွေကို ရှေးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပုံစံအမျိုးမျိုးနဲ့ဖန်တီးပြုလုပ်ပြီးသောက်သုံးခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့အချိန်ခါမှာဆိုရင်လည်း ကမ္ဘာပေါ်မှာ အယ်လ်ကိုဟော သောက်သုံးမှုလုံးဝ မရှိတဲ့နိုင်ငံဆိုတာမရှိသလောက်ပါပဲ။ shwekhitonlinetv.com
အထူးသဖြင့်တော့ ဥရောပနိုင်ငံတွေမှာ ဆိုရင်လူမှုဆက်ဆံရေးနဲ့ ယဉ်ကျေးမှုအရ အယ်လ်ကိုဟောကို လူကြီး၊လူငယ် ကျား၊မ မရွေးသောက်သုံးလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ အယ်လ်ကိုဟော သောက်သုံးမှုအများဆုံးနိုင်ငံ (၁၀) ကိုလေ့လာကြည့်မယ်ဆိုရင်တော့ …… shwekhitonlinetv.com
၁၀။ လူဇင်ဘတ်

လူဇင်ဘတ်နိုင်ငံဟာလူဦးရေ (၆) သိန်းကျော်လောက်ပဲရှိတဲ့ ဥရောပနိုင်ငံငယ်လေးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံသားတစ်ဦးချင်းပျမ်းမျှ အယ်လ်ကိုဟောသောက်သုံးမှုမှာတော့ ဒီစာရင်းရဲ့အဆင့် (၁၀) နေရာမှာရှိနေပါတယ်။ စစ်တမ်းတွေအရ လူဇင်ဘတ်နိုင်ငံသားတစ်ဦးချင်းစီဟာ တစ်နှစ်ကို အယ်လ်ကိုဟောပမာဏ (၁၂.၄) လီတာလောက်အထိသောက်သုံးလျက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၉။ ယူဂန္ဒာ

ယူဂန္ဒာနိုင်ငံကတော့ ဒီစာရင်းမှာထူးထူးခြားခြားပါဝင်တဲ့ တစ်ခုတည်းသောအာဖရိကနိုင်ငံဖြစ်ပါတယ်။ ယူဂန္ဒာနိုင်ငံသားတွေကလည်း အယ်လ်ကိုဟောသောက်သုံးမှုစာရင်းမှာတစ်နှစ်ကိုပျမ်းမျှ (၁၂.၅) လီတာလောက်ထိ သောက်သုံးကြပါတယ်။ shwekhitonlinetv.com
၈။ ဘူလ်ဂေးရီးယား

ဥရောပအရှေ့တောင်ဘက်ခြမ်းကနိုင်ငံတစ်ခုဖြစ်တဲ့ ဘူလ်ဂေးရီးယားနိုင်ငံကတော့ဒီစာရင်းမှာအဆင့် (၈) နေရာမှာရှိပါတယ်။ အော်တိုမန်တူရကီ၊ ဆဲ့လ်၊ ဘိုင်ဇန်တိုင်း အစရှိတဲ့ရှေးခေတ်လူမျိုးတွေနေထိုင်ခဲ့ကြပြီး အစောဆုံးယဉ်ကျေးမှုထွန်းကားခဲ့တဲ့ဒေသဖြစ်လို့ အယ်လ်ကိုဟောကိုယဉ်ကျေးမှုတစ်ရပ်နေနဲ့ သောက်သုံးကြတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဘူလ်ဂေးရီးယားနိုင်ငံသားတွေရဲ့ တစ်နှစ်ပျမ်းမျှအယ်လ်ကိုဟောသောက်သုံးမှုကတော့ (၁၂.၅) လီတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ စပိန်

စပိန်နိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၇) နေရာမှာရှိပါတယ်။ ကမ္ဘာပတ်ပြီးကုန်စည်ဖလှယ်တာမျိုးတွေလုပ်ခဲ့တဲ့ ဟိုးရှေးယခင်အချိန်တွေကတည်းက စပိန်နိုင်ငံမှာလည်း အယ်လ်ကိုဟောသောက်သုံးတဲ့အလေ့အထတစ်ခုက ဖြစ်တည်နေခဲ့တာဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ စပိန်နိုင်ငံသားတစ်ဦးဟာ တစ်နှစ်ကိုအယ်လ်ကိုဟော (၁၂.၇) လီတာလောက်ထိသောက်သုံးနေကြပါတယ်။ shwekhitonlinetv.com
၆။ အိုင်ယာလန်

အိုင်းရစ်တွေကလည်း တစ်နှစ်ကိုအယ်လ်ကိုဟော (၁၂.၇) လီတာလောက်သောက်သုံးကြတဲ့သူတွေဖြစ်ပါတယ်။ လူမျိုးကြီးဝါဒဆွဲကိုင်ထားတက်ကြတဲ့ အိုင်းရစ်တွေအတွက်တော့ အယ်လ်ကိုဟောသောက်သုံးတာဟာ လူမှုပေါင်းသင်းဆက်ဆံရေးမှာအရေးပါတဲ့ ယဉ်ကျေးမှုတစ်ခုလိုမှတ်ယူထားကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၅။ လစ်သူရေးနီးယား

ဘောလ်တစ်ဒေသက လစ်သူရေးနီးယားနိုင်ငံကတော့ နိုင်ငံသားတစ်ဦးချင်းပျမ်းမျှတစ်နှစ်ကို အယ်လ်ကိုဟော (၁၂.၈) လီတာလောက်ထိသောက်သုံးကြပါတယ်။ shwekhitonlinetv.com
၄။ ဂျာမနီ

ဥရောပအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံကတော့နှစ်စဉ်ဘီယာပွဲတော်ကိုတောင်တရားဝင်ကျင်းပတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဒီစာရင်းမှာတော့ အယ်လ်ကိုဟောပါဝင်မှုနှုန်းကိုသာ အဓိကစစ်ယူပြီးတွက်ချက်ထားတာကြောင့် ဂျာမနီနိုင်ငံသားတစ်ဦးရဲ့ တစ်နှစ်အယ်လ်ကိုဟောသီးသန့်သောက်သုံးမှုက (၁၂.၈) လီတာသာရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ မော်လ်ဒိုဗာ

အရှေ့ဥရောပက မော်လ်ဒိုဗာနိုင်ငံကတော့ လူဦးရေ (၂) သန်းကျော်နေထိုင်ပြီး ယောကျာ်းလေးအများစုက အသက် (၁၃) နှစ်လောက်ဆိုအရက်စတင်သောက်သုံးကြတဲ့နိုင်ငံလို့သိရပါတယ်။ ဒါကြောင် မော်လ်ဒိုဗာနိုင်ငံသားတစ်ဦးချင်းတစ်နှစ်ပျမ်းမျှ အယ်လ်ကိုဟောသောက်သုံးမှုနှုန်းကို တွက်ချက်ရာမှာ (၁၂.၉) လီတာအထိရှိနေခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ လတ်ဗီးယား

လတ်ဗီးယားနိုင်ငံကလည်း ဘောလ်တစ်ပင်လယ်ကွေ့ဒေသကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီစာရင်းမှာတော့ လတ်ဗီးယားနိုင်ငံသားတစ်ဦးဟာ တစ်နှစ်ပျမ်းမျှအယ်လ်ကိုဟောသောက်သုံးမှု (၁၃.၂) လီတာအထိရှိတယ်လို့ ဖော်ပြထားတာကြောင့် ဘောလ်တစ်ပင်လယ်ကွေ့ဒေသကနိုင်ငံတွေဟာ အတော်လေးကိုအယ်လ်ကိုဟော သောက်သုံးကြတယ်လို့ဆိုရမှာပါ။ shwekhitonlinetv.com
၁။ ချက်

“ဘီယာက ကိုယ်ခန္ဓာလှပအောင် ပြုလုပ်ပေးတယ်”ဆိုတဲ့ ချက်စကားပုံတစ်ခုရှိပါတယ်။ ဒါကြောင့် ချက်နိုင်ငံသားတွေဟာ ဘီယာကိုကျန်းမာရေးအကြောင်းပြချက်နဲ့သောက်ကြသူတွေရှိတယ်လို့ဆိုကြပါတယ်။ နောက်ပြီးဘီယာလုပ်ငန်းဟာချက်နိုင်ငံရဲ့ အမျိုးသားရေးအမွေအနှစ်လည်းဖြစ်တယ်လို့သိရပါတယ်။ ဒီလိုအကြောင်းအချက်တွေကြောင့်လည်း ချက်နိုင်ငံက ဒီစာရင်းမှာအပြတ်အသတ်ဦးဆောင်နေတာဖြစ်နိုင်ပါတယ်။ ချက်နိုင်ငံသားတစ်ဦးသောက်သုံးတဲ့ အယ်လ်ကိုဟောပမာဏက တစ်နှစ်ကိုပျမ်းမျှ (၁၄.၃) လီတာဖြစ်ပါတယ်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါသည်။