Nonts Kongchaw လို့အမည်ရတဲ့ အသက် (၃၂) နှစ်အရွယ် ထိုင်းဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးကတော့ သူ့ရဲ့ Pre Wedding Photos တွေကို သင်္ချိုင်းကုန်းမှာ တစ်မူထူးခြားတဲ့အပြင်အဆင်တွေနဲ့ ရိုက်ကူးခဲ့လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လတ်တလောနာမည်ကြီးလို့နေပါတယ်။ shwekhitonlinetv.com
သူ့တို့ရဲ့ Pre Wedding ဓါတ်ပုံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့လူအများစုအနေနဲ့ တုန်လှုပ်ခြောက်ခြားခဲ့ကြပြီး တစ်ချို့ကတော့ဒေါသထွက်နေကြပါတယ်။ ဒီပုံတွေကို လူထောင်ပေါင်းများစွာက ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်တွေကနေတစ်ဆင့်ပြန်လည် မျှဝေခဲ့ကြပါတယ်။ shwekhitonlinetv.com
အဖြူရောင် ဝတ်စုံကိုဝတ်ဆင်ထားတဲ့ Nonts Kongchaw တို့စုံတွဲဟာ ခေါင်းတလား၊ အုတ်ဂူများ၊ မီးသင်္ဂြိုဟ်စက် စတဲ့ သချိုင်းနေရာအတော်များများမှာ သူတို့ရဲ့ မင်္ဂလာဦးအကြိုဓာတ်ပုံတွေကို ရိုက်ကူးထားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
ဆိုရှယ်မီဒီယာပေါ်ကလူတွေကတော့ ဒီဓာတ်ပုံတွေနဲ့ပတ်သတ်လို့ အမျိုးမျိုး ဝေဖန်တုံ့ပြန်နေကြပါတယ်။ အချို့သူများကတော့ဒါဟာ သင်္ချိုင်းကုန်းကို အလေးမထားဘဲ စော်ကားတဲ့အပြုအမူဖြစ်တယ်လို့ဆိုကြပါတယ်။ ထိုင်းလူမျိုးတွေရဲ့အယူအဆအရ သေပြီးသူတွေရဲ့ဝိညာဉ်တွေဟာ အသုဘချပြီး (၁) ပတ်အတွင်းသချိုင်းမြေမှာရှိတတ်ကြပြီး သူတို့ကို မနှောင့်ယှက်သင့်ဘူးလို့အယူရှိကြပါတယ်။ shwekhitonlinetv.com
တစ်ချို့ကတော့ သင်္ချိုင်းကုန်းလို နေရာမျိုးကို ဒိလိုမျိုးဓာတ်ပုံရိုက်ဖို့အတွက်မသွားသင့်ဘူးလို့ ထင်မြင်ယူဆကြပြီး သူတို့နှစ်ဦးအတွက်အလွန် အန္တရာယ်များကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။ နောက်ပြီးတစ်ချို့ပုံတွေမှာ နှစ်ဦးသားလက်တွေကိုကြိုးအဖြူနဲ့စည်းနှောင်ထားတာမျိုးမလုပ်သင့်ကြောင်း မှတ်ချက်ပေးထားကြပါတယ်။ shwekhitonlinetv.com
လူငယ်လူရွယ်အချို့ကတော့ ဒီဓာတ်ပုံတွေကို အတုယူစရာသဖွယ် သဘောထားပြီး ဖေ့ဘုတ်လိုမျိုးလူမှုကွန်ရက်စာမျက်နှာတွေမှာ ကိုယ်ချစ်တဲ့သူတွေကို ဒီဓာတ်ပုံတွေအောက် မန်းရှင်း ခေါ်ထားကြပါတယ်။ shwekhitonlinetv.com
ဒီပုံတွေကိုတော့ ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Nonts Kongchaw က Love Betond Death လို့နာမည်ပေးထားပြီး သူငယ်ချင်းတွေနဲ့အတူ သင်္ချိုင်းကို မနက် (၄) နာရီလောက်သွားရောက်ပြီးရိုက်ကူးထားတာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။