Magawa လို့လူသိများတဲ့ မိုင်းရှာကြွက် ကလေးကတော့အသက် (၈)နှစ်ပြည့်ချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းစွာသိရှိခဲ့ရပါတယ်။ ဒီကြွက်ကလေးဟာ မြေမြုပ်မိုင်းပေါင်း (၇၁) လုံးကိုရှာဖွေဖော်ထုတ်ပေးခဲ့ပြီး ဂင်းနစ်မှတ်တမ်းမှာဖော်ပြခြင်းခံထားရတဲ့ကြွက်ကလေးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အာဖရိကကြွက်ကြီးမျိုးဖြစ်တဲ့ Magawa ဟာ PDSA ရဲ့သမိုင်းမှာ Gold Medal ရရှိတဲ့ ပထမဆုံး ခွေးမဟုတ်တဲ့ တိရိစ္ဆာန်လည်းဖြစ်ပြီးသူရရှိတဲ့ဆုတံဆိပ်က ဗြိတိန်နိုင်ငံကချီးမြှင့်တဲ့ George Cross တံဆိပ်နှင့် ညီမျှတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဘယ်လ်ဂျီယံပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ APOPO ကနေလေ့ကျင့်သင်ကြားပေးထားခဲ့တဲ့ ကြွက်ကလေး Magawa ဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်းက မပေါက်ကွဲသေးတဲ့မြေမြုပ်မိုင်းပေါင်းများစွာကို ရှာဖွေဖော်ထုတ်ပေးခဲ့လို့ ကမ္ဘေားဒီးယားနိုင်ငံသားတွေအတွက် ကျေးဇူးရှင်သူရဲကောင်းကြွက်ကလေး လို့လဲဆိုနိုင်ပါတယ်။ shwekhitonlinetv.com

၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အတွင်း Magawa ဟာ ကမ္ဘောဒီးယားပြည်နယ် Siem Reap နဲ့ Preah Vihear တို့မှာရှိတဲ့ မပေါက်ကွဲသေးတဲ့ မော်တာကျည်တွေ၊ လက်ပစ်ဗုံးတွေအပါအဝင် ERW (ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန် ၃၈ ခု) ကိုရှာဖွေပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ခုနစ်နှစ်အရွယ်မှာတော့ တာဝန်ကနေ အနားယူခဲ့ပါတယ်။ shwekhitonlinetv.com

သူ့ရဲ့ ကြိုးပမ်းမှုတွေကြောင့် အဲ့ဒီဒေသမှာရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေဟာ မြေမြုပ်မိုင်းအန္တရာယ်ကို မကြောက်မရွံ့ဘဲ လွတ်လပ်စွာ သွားလာနေထိုင်စေနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Magawa ကို တန်ဇန်းနီးယားနိုင်ငံ၊ Sokoine University of Agriculture မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မွေးဖွားခဲ့ပြီး APOPO ၏ မြေမြှုပ်မိုင်းရှာဖွေရေး ပရောဂျက်မှာလေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ကမ္ဘောဒီးယားနိုင်ငံ Siem Reap သို့ စေလွှတ်ခြင်းခံရပြီး သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ မိုင်းရှာခြင်းကို စတင်ခဲ့ပါတယ်။ shwekhitonlinetv.com

APOPO ၏အဆိုအရတော့ ကြွက်တစ်ကောင်အနေနဲ့ တင်းနစ်ကွင်းတစ်ခု၏အရွယ်အစားကို မိနစ် ၂၀ အတွင်း ရှာဖွေနိုင်ပြီး လူသားတစ်ယောက်အတွက်၊ ဒါကိုလုပ်ဖို့ တစ်ရက်ကနေ လေးရက်အထိ ကြာနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

APOPO ဟာ ယခင် ပဋိပက္ခများမှ ကျန်ရစ်ခဲ့တဲ့ မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများကိုဖယ်ရှားရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြားမှာလုပ်ဆောင်နေတဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။