ဆံကေသာဟာ လူတစ်ယောက်အတွက်အရေးကြီးသလို လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့လည်းလူအများကတော့ လက်ခံယုံကြည်ထားကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာအခုဖော်ပြမယ့် ကမ္ဘာကျော်တွေအတွက်တော့ ဟာသတစ်ခုသာဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာဆံကေသာကိုအလေးအနက်မထားဘဲ ထိပ်ပြောင်နေကြပေမယ့် ကမ္ဘာကသိအောင်ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေလို့ပါပဲ။ ဘယ်သူတွေများဖြစ်မလဲ ဆက်လက်ကြည့်ရှုုလိုက်ရအောင်နော် …… shwekhitonlinetv.com
၁။ Jason Statham

ကတုံးစတိုင်နဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ Jason Statham ကတော့ပရိသတ်နဲ့အထူးမိတ်ဆက်စရာမလိုတဲ့မင်းသားတစ်ဦးဖြစ်မယ်ထင်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက Daily Express သတင်းစာနဲ့အင်တာဗျူးတစ်ခုမှာတော့ Jason Statham က “သူ့အနေနဲ့ထိပ်ပြောင်တဲ့အတွက်ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း၊ ဆံပင်နဲ့ပုံစံကသူ့အတွက်အဆင်မပြေကြောင်း” ပြောကြားခဲ့ဖူးပါတယ်။ shwekhitonlinetv.com
၂။ Vin Diesel

Fast & Furious မင်းသား Vin Diesel ဟာတစ်ချိန်က ဆံပင်ရှိခဲ့ပေမယ့်အခုအချိန်မှာတော့ နာမည်အကျော်ကြားဆုံး ကတုံးပြောင်တစ်ဦးဖြစ်လို့နေပါတယ်။ လန်ဒန်က Street Skin Clinic ရဲ့ စစ်တမ်းကောက်ယူမှုတစ်ခုမှာတော့ Vin Diesel က လူအများအဖြစ်ချင်ဆုံးထိပ်ပြောင်ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com
၃။ Bruce Willis

ဒီဝါရင့်မင်းသားကြီးကလည်း ပရိသတ်နဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီမင်းသားကြီးနဲ့ပတ်သတ်လို့ နာမည်ကျော်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Terry Gilliam က “ကျွန်တော်မြင်ဖူးသမျှ ကတုံးတွေထဲမှာတော့ သူကအထူးချွန်အပြောင်မြောက်ဆုံးပါပဲ” လို့ Bruce Wills ကိုချီးကျူးဖူးပါတယ်။ shwekhitonlinetv.com
၄။ Michael Jordan

ဒါကတော့နာမည်ကျော် ဘတ်စကတ်ဘောသမားတစ်ဦးဖြစ်တဲ့ Michael Jordan ရဲ့ဆံပင်အနည်းငယ်ရှိတုန်းကပုံဖြစ်ပါတယ်။ သူနာမည်ကျော်ကြားခဲ့တဲ့အချိန်မှာ Hair-Care Product တစ်ခုက သူ့ကိုဆံပင်ပြန်လည်သန်စွမ်းအောင်သူတို့ရဲ့ ကုန်ပစ္စည်းတွေကိုအသုံးပြုဖို့အတွက် ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက “ဆံပင်မရှိတာက သူ့ရဲ့ကျော်ကြားမှုနဲ့ ဘဏ္ဍာရေးကိုမထိခိုက်ပါဘူး” လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ shwekhitonlinetv.com
၅။ Howie Mandel

လူရွှင်တော်တစ်ဦးဖြစ်တဲ့ Howie Mandel ကတော့ OCD ရောဂါနဲ့ အခြားပိုးမွှားတွေကိုကြောက်ရွံ့တာကြောင့် ခေါင်းကိုအပြောင်ရိတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ကတုံးပုံစံနဲ့က America’s Got Talent ရဲ့ ဒိုင်တစ်ဦးကို ပိုမိုသန့်ပြန့်ပြီး ကြည့်ကောင်းစေတာတော့အမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Ben Kingsley

ဒီဝါရင့်သရုပ်ဆောင်ကြီးကလည်း ပရိသတ်တွေမြင်ဖူးတွေ့ဖူးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ Gandhi , Shang-Chi , Iron Man 3 စတဲ့နာမည်ကျော်ဇာတ်ကားအများအပြားမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ Ben Kingsley ဟာ ၁၉၈၀ လောက်ကတော့ ဆံပင်တွေရှိခဲ့ပါတယ်။ ထိပ်ပြောင်ခြင်းနဲ့ပတ်သတ်လို့ သူ့ရဲ့လက်သုံးစကားတစ်ခုကတော့ “အောင်မြင်ကျော်ကြားနေတဲ့သူဟာ ဘာကြောင့်ဆံပင်ကိုလိုအပ်မှာလဲ” ဆိုတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Patrick Stewart

Patrick Stewart ကတော့ သိပ္ပံဇာတ်ကားတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်တက်တဲ့သူဖြစ်ပါတယ်။ သူ့ကို သတင်းထောက်တစ်ဦးက ဆံပင်ပေါက်ဆေးရှိသင့်တယ်လို့အကြံပေးခဲ့ပေမယ့် သူကတော့ ထိပ်ပြောင်တာဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်စရာမလိုကြောင်း ခပ်ပြတ်ပြတ်ပြန်ပြောခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Ed Harris

Ed Harris ရဲ့ဇာတ်ရုပ်တွေကိုတော့ ဗီလိန်အခန်းတွေနဲ့တွဲပြီး ပိုမိုမှတ်မိလေ့ရှိကြပါတယ်။ သူ့အနေနဲ့ သရုပ်ဆောင်သက်တမ်းတစ်လျှောက်လုံးကိုထိပ်ပြောင်စတိုင်နဲ့သာဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဆံပင်တုတွေတပ်ပြီးသရုပ်ဆောင်ခဲ့ဖူးပေမယ့် အဲ့ဒါဟာ သူ့အတွက်ရယ်စရာကောင်းနေခဲ့တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
၉။ Samuel L.Jackson

လူမည်သရုပ်ဆောင်တွေထဲမှာတော့ Samuel L.Jackson ကလည်းအကြမ်းအရမ်း၊ ဟာသ ဇာတ်စုံကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး ပရိသတ်အများအပြားရဲ့ အားပေးမှုကိုရရှိထားသူပဲဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ “အောင်မြင်တဲ့ထိပ်ပြောင်ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဆံပင်တွေဆုံးရှုံးသွားတဲ့ အမျိုးသားတွေကို ဘာများအကြံညဏ်ပေးချင်လဲ” လို့သူ့ကိုမေးခဲ့ဖူးပါတယ်။ သူ့ရဲ့အဖြေကတော့ “မင်းအနေနဲ့ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်ဖြစ်သွားရင် အရင်ဆုံးဒါကိုလက်ခံနိုင်ရမယ်။ ပြီးတော့ထိပ်ပြောင်နဲ့နေရတာကို ယုံကြည်မှုရှိဖို့နဲ့ သန်မာစေမယ့်နည်းလမ်းတွေကို မင်းအနေနဲ့ရှာဖွေရမယ်” ဆိုတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Dwayne Johnson

The Rock လို့လူသိများတဲ့ Dwayne Johnson ကတော့ WWE ခေတ်ဦးပိုင်းကာလတွေတုန်းက ဆံပင်ရှိတဲ့ Super Star တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့သူ့ကိုကတုံးပြောင်နဲ့သာတွေ့ရပါတော့တယ်။ ကတုံးနဲ့ဖြစ်ဖြစ် ဆံပင်နဲ့ဖြစ်ဖြစ် သူ့ရဲ့ပရိသတ်တွေကတော့လျော့ကျသွားခြင်းမရှိပါဘူးနော်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။