လူရယ်လို့ဖြစ်လာပြီဆိုကတည်းက ဘယ်သူမဆို လောကဓံတရားကြီးရဲ့ရိုက်ပုတ်ထိုးနှက်မှုကိုတော့ အနည်းနဲ့အများဆိုသလို ခံစားကြရမှာဖြစ်ပါတယ်။ တစ်ချို့ကတော့ လောကဓံတရားရဲ့ ထိုးနှက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်နိုင်ကြပေမယ့် တစ်ချို့ကတော့ လောကဓံတရားကို လက်မြှောက်အရှုံးပေးသွားကြပါတယ်။ ဒီလိုလက်မြှောက်အရှုံးပေးသွားကြသူတွေထဲကမှ နာမည်ကျော်ပုဂ္ဂိုလ်တွေကို ဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com
၁။ Chester Bennington

အမေရိကန် အဆိုတော်တစ်ဦးဖြစ်တဲ့ Chester Bennington ကတော့ Linkin Park Band ရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်ပြီး Dead by Sunrise , Julien-K , Kings of Chaos , Stone Temple Polots , Grey Daze စတဲ့ Bands တွေနဲ့လည်းသီဆိုဖူးတဲ့ နာမည်ကျော်တစ်ဦးဖြစ်ပါတယ်။ Chester ဟာလည်းစိတ်ကျဝေဒနာခံစားခဲ့ရပြီး မိမိကိုယ်ကို ကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Avicii

ဆွီဒင် တေးထုတ်လုပ်သူနဲ့ DJ သမားဖြစ်တဲ့ Avicii ဟာလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ လက်ဖျံကသွေးကြောတွေကို ဓားနဲ့ဖြတ်ပြီး သွေးထွက်လွန်ကာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ပါတယ်။ shwekhitonlinetv.com
၃။ August Ames

August Ames ကတော့ နာမည်ကျော်အဖော်အချွတ်မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ ကနေဒါနိုင်ငံသူ August Ames ဟာ တွစ်တာလိုမျိုး လူမှုကွန်ယက်တွေပေါ်မှာ သူမကိုဝေဖန်ရှုံချတာတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် စိတ်ကျဝေဒနာကို ခံစားခဲ့ရပြီးနောက်ဆုံးမှာ ဆွဲကြိုးချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Stephanie Adams

သူမကတော့ ၁၉၉၂ ခုနှစ်ကတည်းက ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ နာမည်ကျော်မော်ဒယ်လ်တစ်ဦးအဖြစ်ထင်ရှားခဲ့တဲ့သူဖြစ်ပါတယ်။ ဒီမော်ဒယ်လ်ဟာလည်း ၂၀၁၉ ခုနှစ်အတွင်းက တိုက်အမြင့် (၂၅) လွှာကနေခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပါတယ်။ ပိုပြီးကြေကွဲဖို့ကောင်းတာက သူမရဲ့ (၇) နှစ်အရွယ်သားလေး ဗင်းဆင့်ကိုပါသူမနဲ့အတူပွေ့ချီပြီးခုန်ချခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Chris Benoit

ကနေဒါ နပန်းသမားတစ်ဦးဖြစ်တဲ့ Chris Benoit ကလည်း WWE , RAW ပရိသတ်တွေနဲ့ စိမ်းတဲ့သူမဟုတ်ပါဘူး။ သူ့အနေနဲ့ Dementia လို့ခေါ်တဲ့ ဝေဒနာ (အလွယ်ပြောရရင် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးခြင်း) နဲ့ စိတ်ကျရောဂါတို့ကို ခံစားခဲ့ရပြီး သူ့ရဲ့ဇနီးနဲ့သားဖြစ်သူကို ကိုယ်တိုင် သတ်ခဲ့သလို သူ့ကိုယ်သူလည်း ကြိုးဆွဲချပြီးအဆုံးစီရင်ခဲ့ပါတယ်။ shwekhitonlinetv.com
၆။ Robert Enke

ဂျာမန်ဂိုးသမားတစ်ဦးဖြစ်တဲ့ Robert Enke ကတော့ သူ့ရဲ့သမီးလေးသေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သတ်ပြီး (၆) နှစ်လောက် စိတ်ကျဝေဒနာခံစားခဲ့ရသူဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ သူ့အနေနဲ့ဒီဝေဒနာကိုမခံစားနိုင်တော့ဘဲ Neustadt am Rübenberge ဘူတာမှာ ရထားအောက်ကိုပြေးဝင်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ shwekhitonlinetv.com
၇။ Goo Ha-Ra

Goo Ha-Ra ကတော့ K-Pop လောကနာမည်ကျော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KARA ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုတော့ သူမရဲ့နေအိမ်မှာပဲတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ မသေဆုံးခင်မှာ ရည်းစားဟောင်းဖြစ်သူနဲ့ အရှုပ်တော်ပုံတစ်ခုကြောင့် လူအချို့ရဲ့ ကြမ်းတမ်းတဲ့ Comment များ အနိုင်ကျင့်ခြိမ်းခြောက်ခြင်းများနဲ့ ကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၈။ Jo Min-Ki

Jo Min-Ki ကလည်းမြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ့် ကိုရီးယားသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူကလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Sushant Singh Rajput

အိန္ဒိယသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Sushant Singh Rajput ဟာလည်း အသက် (၃၄) နှစ်အရွယ်မှာ မိမိကိုယ်ကိုဆွဲကြိုးချပြီး အဆုံးစီရင်ခဲ့ပါတယ်။ shwekhitonlinetv.com
၁၀။ Gary Speed

Gary Speed ကတော့ ဗြိတိန်ဘုရင်မကြီးရဲ့ MBE ဘွဲ့ရထားတဲ့ ဘောလုံးအားကစားသမားဟောင်းတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ ဝေးလ်လက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ကိုယ့်ကိုကိုယ်ဆွဲကြိုးချပြီး အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။