ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း စစ်တမ်းကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အတွက် သဘာဝဘေးအန္တရာယ်အကျရောက်နိုင်ဆုံးနိုင်ငံများ၊ တစ်နည်းအားဖြင့် WRI (World Risk Index) အညွှန်းကိန်းအမြင့်မားဆုံး ကမ္ဘာ့နိုင်ငံများကို နာမည်ကျော်ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ statista.com ကနေထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်မှာပါဝင်တဲ့ နိုင်ငံတွေအနက် ထိပ်ဆုံး (၁၀) နိုင်ငံကတော့ … shwekhitonlinetv.com
၁၀။ ဂွာတီမာလာ

ဗဟိုအမေရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂွာတီမာလာနိုင်ငံကတော့ statista ရဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်လို့ထုတ်ပြန်တဲ့ အညွှန်းကိန်းမှာ (၂၀.၂၃) ရှိပြီး ဒီစာရင်းရဲ့ အဆင့် (၁၀) နေရာမှာတည်ရှိပါတယ်။ shwekhitonlinetv.com
၉။ ပါပူအာနယူးဂီနီ

ပါပူအာနယူးဂီနီနိုင်ငံကတော့ သြစတြေးလျနိုင်ငံရဲ့ မြောက်ဘက်မှာတည်ရှိပြီး လူဦးရေ (၉) သန်းနီးပါးနေထိုင်တဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ သမုဒ္ဒရာပိုင်းဇုန်မှာတည်ရှိတဲ့ ပါပူအာနယူးဂီနီ နိုင်ငံဟာဆိုရင်လည်း သဘာဝဘေးအန္တရာယ်တွေကျရောက်နိုင်မှု မြင့်မားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ WRI အညွှန်းကိန်း (၂၀.၉) ရှိပါတယ်။ shwekhitonlinetv.com
၈။ ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံကတော့ လူဦးရေသန်း (၁၀၀) ကျော်နေထိုင်တဲ့ အာဆီယံဒေသတွင်းက ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၂၂ ခုနှစ်အတွက် WRI ညွှန်းကိန်းကတော့ (၂၁.၃၉) အထိရှိပြီး ဒီစာရင်းမှာ အဆင့် (၈) နေရာမှာရှိနေပါတယ်။ shwekhitonlinetv.com
၇။ ဂူယာနာ

ဂူယာနာကတော့ အာဖရိကမြောက်ပိုင်းကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီစာရင်းမှာပါတဲ့နိုင်ငံတော်တော်များများက ကျွန်းနိုင်ငံတွေဖြစ်ပေမယ့် ဂူယာနာကတော့ ကုန်းမြေမကြီးနဲထိစပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ဂူယာနာနိုင်ငံရဲ့ WRI အညွှန်းကိန်းကတော့ (၂၁.၈၃) ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ဘရူနိုင်း

အင်ဒိုနီးရှားကျွန်းစုတွေနဲ့ စပ်ဆက်ပြီးတည်ရှိနေတဲ့ ဘရူနိုင်းဒါရူဆလင်နိုင်ငံဟာလည်း သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှုမြင့်မားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီစာရင်းရဲ့ အဆင့် (၆) နေရာမှာရှိနေတဲ့ ဘရူနိုင်းနိုင်ငံရဲ့ WRI အညွှန်းကိန်းကတော့ (၂၂.၇၇) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ အန်တီဂွာနှင့်ဘာဘူဒါ

ကာရစ်ဘီယံပင်လယ်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာကြားမှာတည်ရှိတဲ့ အန်တီဂွာနှင့်ဘာဘူဒါ ကျွန်းနိုင်ငံငယ်လေးကတော့ WRI အညွှန်းကိန်း (၂၇.၂၈) အထိတောင်ရှိလို့ ဒီစာရင်းရဲ့အဆင့် (၅) နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ဒိုမီနီကာ

ဒိုမီနီကာကတော့ ကာရစ်ဘီယံဒေသက လူဦးရေ (၇) သောင်းဝန်းကျင်သာနေထိုင်တဲ့ ဓနသဟာယကျွန်းနိုင်ငံငယ်လေးပဲဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုလိုမျိုး သဘာဝဘေးတွေမကြာခဏ ကြုံရတတ်တဲ့ ဒီနိုင်ငံလေးဟာ WRI အညွှန်းကိန်းမှာတော့ (၂၇.၄၂) ထိတောင်ရှိပါတယ်။ shwekhitonlinetv.com
၃။ တွန်ဂါ

မကြာသေးခင်ကမှ မီးတောင်ပေါက်ကွဲမှုဖြစ်ထားတဲ့ တွန်ဂါနိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၃) နေရာမှာတည်ရှိနေပါတယ်။ သမုဒ္ဒရာပိုင်းဒေသက တွန်ဂါနိုင်ငံရဲ့ WRI အညွှန်းကိန်းကတော့ (၃၀.၅၁) ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ဆော်လမွန်ကျွန်းစုများ

သမုဒ္ဒရာပိုင်းကဆော်လမွန်ကျွန်းစုများနိုင်ငံကတော့ WRI အညွှန်းကိန်းမှာ (၃၁.၁၆) ထိရှိပြီးဒီစာရင်းရဲ့ အဆင့် (၂) နေရာမှာတည်ရှိနေပါတယ်။ အများစုကြုံရနိုင်တဲ့ သဘာဝဘေးအန္တရာယ်ကတော့ ပင်လယ်ရေအောက် မီးတောင်တွေပေါက်ကွဲမှုပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ဗန်နွှာတူ

ဗန်နွှာတူကတော့ ဧရိယာအကျယ်အဝန်းအားဖြင့်သေးငယ်လှတဲ့ တောင်ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေးဖြစ်ပါတယ်။ ဧရိယာကျဉ်းမြောင်းပေမယ့် သက်ဝင်လှုပ်ရှားနေတဲ့ မီးတောင် (၉) ခုတောင်ရှိလို့ ဗန်နွှာတူနိုင်ငံဟာ ဒီစာရင်းရဲ့ နံပါတ် (၁) နေရာကိုရောက်ရှိနေတာဖြစ်နိုင်ပါတယ်။ WRI အညွှန်းကိန်းအရလည်း ဗန်နွှာတူနိုင်ငံဟာအခြားနိုင်ငံတွေထက်သိသိသာသာပိုများနေပြီး (၄၇.၇၃) အထိတောင်ရှိနေပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။