အင်္ဂလန်နိုင်ငံ Aylesbury အထက်တန်းကျောင်းမှ အီရန်နိုင်ငံသူကျောင်းသူလေး Tara Sharif ဟာ မကြာသေးမီကပြုလုပ်ခဲ့တဲ့ Oxford Mensa IQ စာမေးပွဲကို ဖြေဆိုခဲ့ရာမှာ “Genius Benchmark” ဖြစ်တဲ့အမှတ် (၁၄၀) ကိုကျော်လွန်ခဲ့ကြောင်းသိရပါတယ်။ shwekhitonlinetv.com

အသက် (၁၁) နှစ်အရွယ်သာရှိသေးတဲ့ အီရန်နိုင်ငံသူလေးဟာ ဒီစာမေးပွဲမှာ ရမှတ် (၁၆၂) မှတ်အထိရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကျော်ညဏ်ကြီးရှင်ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ရူပဗေဒပညာရှင်ကြီးအိုင်းစတိုင်း နဲ့ ထင်ရှားကျော်ကြားလှတဲ့ စကြာဝဠာဗေဒပညာရှင်ကြီး စတီဖင်ဟော့ကင်းတို့ထက်သာလွန်တဲ့ IQ Point လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ကျောင်းသူလေး Tara Sharifi က “သူမအနေနဲ့ ဒီလိုရလဒ်ကောင်းတွေထွက်ပေါ်လာတဲ့အပေါ်မှာ အံ့သြမဆုံးဖြစ်ခဲ့ရကြောင်းနဲ့ ဒီလောက်ကောင်းတဲ့ ရမှတ်တွေရဖို့အတွက်လည်း ဘယ်တုန်းကမှမျှော်လင့်မထားခဲ့ကြောင်း” ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

သူမရရှိခဲ့တဲ့ ရမှတ်တွေအရ Sharifi ဟာအခုဆိုရင် IQ မြင့်မားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လို့ လူသိများကြတဲ့ Mensa အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ဖို့အတွက် အရည်အချင်းပြည့်မီတယ်လို့ဆိုရမှာဖြစ်ပါတယ်။ “ကျောင်းကသူငယ်ချင်း အချို့ပြောပြလို့ Mansa အဖွဲ့အစည်းအကြောင်းကို သိထားပါတယ်။ ကျွန်မအနေနဲ့ ဒီအဖွဲ့အစည်းထဲကအခြားသူတွေနဲ့ တွေ့ဆုံခွင့်ရချင်တာကြောင့် ဒီစာမေးပွဲကိုဖြေဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျွန်မမိဘတွေကလည်း ဒီအပေါ်မှာအားပေးခဲ့ကြပါတယ်” သူမက ဒီစာမေးပွဲကို ဖြေဆိုရတဲ့အကြောင်းအရင်းနဲ့ပတ်သတ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

သူမရဲ့ အနာဂတ်ဆန္ဒကို မေးမြန်းမှုပြုလုပ်ခဲ့ရာမှာတော့ သူမအနေနဲ့ အသက်ကြီးလာတဲ့အခါ သင်္ချာနဲ့ပတ်သက်တဲ့ ပညာရပ်တစ်ခုခုကို လေ့လာလိုက်စားသွားမှာဖြစ်ကြောင်း သူမကပြန်လည်ဖြေဆိုခဲ့ပါတယ်။ shwekhitonlinetv.com

Tara Sharifi ရဲ့ဖခင်ဖြစ်တဲ့ Hossein ကတော့ ကျွန်တော့်သမီးဉာဏ်ကောင်းမှန်း သိပေမယ့် ဒီလောက် IQ မြင့်မယ် လို့ မထင်ဘူးဗျ၊ သူ့ရဲ့ စာမေးပွဲရလဒ်တွေထွက်ပေါ်လာတဲ့အချိန်မှာတော့ မယုံကြည်နိုင်အောင် အံ့သြခဲ့ရတာပေါ့” လို့ဆိုခဲ့ပြီး သူ့ရဲ့ သမီးအတွက် ဂုဏ်ယူလို့မဆုံးဖြစ်နေပါတော့တယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။