ခေတ်မီတိုးတက်လာတဲ့ လူနေမှုစနစ်တွေရဲ့အဆိုးဝါးဆုံးဘေးထွက်ဆိုးကျိုးကတော့ သဘာဝပတ်ဝန်းကျင်ဖြစ်တဲ့ ရေ၊မြေ၊လေထုတွေညစ်ညမ်းလာတာပဲဖြစ်ပါတယ်။ ဒီအကျိုးဆက်အဖြစ် လူသားတွေရဲ့ နေထိုင်မှုစနစ်နဲ့ ကျန်းမာရေးတွေဟာလည်း တစ်စတစ်စယိုယွင်းပျက်စီးပြီး လူ့သက်တမ်းစေ့အောင်နေထိုင်ဖို့ မဖြစ်နိုင်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်လာရပါတယ်။shwekhitonlinetv.com
ဒါကြောင့်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အလေးထားဆောင်ရွက်လာကြပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကြောင့် အဲ့ဒီနိုင်ငံတွေမှာနေထိုင်တဲ့ လူတွေဟာ အခြားနိုင်ငံကလူတွေထက် သက်တမ်းပိုမိုကြာရှည်စွာနေထိုင်လာကြရပါတယ်။ (တစ်ဖက်တစ်လမ်းကလည်း ကျန်းမာရေးလိုက်စားမှုတွေပါဝင်တာပေါ့နော်)။ ဒီနေ့ဖော်ပြပေးချင်တာကတော့ အဲ့ဒီလိုနိုင်ငံတွေထဲကမှ နိုင်ငံသားတစ်ဦးချင်းစီအလိုက် အသက်အရှည်ဆုံးကမ္ဘာ့နိုင်ငံတွေပဲဖြစ်ပါတယ်။shwekhitonlinetv.com
၁၀။ အိုက်စလန် (Icelands)

အိုက်စလန်နိုင်ငံသားတွေကတော့ ပျမ်းမျှတစ်ဦးချင်းအသက် (၈၃.၅၂) နှစ်အထိအသက်ရှည်ကြပါတယ်။ အမျိုးသားတွေအနေနဲ့ဆိုရင်တော့ (၈၂.၁၅) နှစ် အမျိုးသမီးတွေအနေနဲ့ဆိုရင်တော့ (၈၄.၉၀) နှစ် အထိလူ့ဘဝကြီးမှာနေထိုင်ကြရပါတယ်။shwekhitonlinetv.com
၉။ ချန်နယ်ကျွန်းစုများ (Channel Islands)

ချန်နယ်ကျွန်းစုတွေကတော့ ဥရောပအနောက်မြောက်ပိုင်းမှာတည်ရှိပြီး ဗြိတိန်လက်အောက်ခံကျွန်းလေးတွေဖြစ်ပါတယ်။ ဒီကျွန်းစုလေးတွေမှာနေထိုင်တဲ့သူတွေကတော့ တစ်ဦးချင်းပျမ်းမျှ အသက် (၈၃.၆၀) နှစ်အထိ အသက်ရှည်ကြပါတယ်။ အမျိုးသားတွေကတော့ (၈၁.၈၂) နှစ် အထိနေကြရပြီး အမျိုးသမီးတွေကတော့ (၈၅.၃၁) နှစ်အထိလူ့လောကကြီးမှာနေကြရပါတယ်။shwekhitonlinetv.com
၈။ သြစတြေးလျ (Austrilia)

သြစတြေးလျနိုင်ငံသားတွေကတော့ပျမ်းမျှအသက် (၈၃.၉၄) နှစ်အထိအသက်ရှည်ကြပါတယ်။ အမျိုးသားတွေအနေနဲ့ (၈၂.၀၈) နှစ်၊ အမျိုးသမီးတွေအနေနဲ့ (၈၅.၈၀) နှစ်လောက်အထိနေထိုင်ကြရပါတယ်။shwekhitonlinetv.com
၇။ စပိန် (Spain)

ဒီစာရင်းရဲ့အဆင့် (၇) မှာတော့စပိန်နိုင်ငံသားတွေက ပျမ်းမျှအသက် (၈၃.၉၉) နှစ်နဲ့ရပ်တည်လျှက်ရှိပါတယ်။ စပိန်နိုင်ငံရဲ့အမျိုးသားတွေကတော့ပျမ်းမျှအသက် (၈၁.၂၇) နှစ်လောက်အသက်ရှည်သူတွေဖြစ်ကြပြီး အမျိုးသမီးတွေကတော့ (၈၆.၆၈) နှစ်လောက်ထိအသက်ရှည်ကြပါတယ်။shwekhitonlinetv.com
၆။ အီတလီ (Italy)

ဥရောပတိုက်ကသာယာတဲ့နိုင်ငံတစ်နိုင်ဖြစ်တဲ့အီတလီကတော့ ဒီစာရင်းရဲ့အဆင့် (၆) နေရာမှာတည်ရှိပါတယ်။ အီတလီနိုင်ငံရဲ့အမျိုးသားတွေကတော့ပျမ်းမျှအသက် (၈၁.၉၀) နှစ်လောက်အသက်ရှည်သူတွေဖြစ်ကြပြီး အမျိုးသမီးတွေကတော့ (၈၅.၉၇) နှစ်လောက်ထိအသက်ရှည်ကြပါတယ်။ နိုင်ငံသားတစ်ဦးခြင်းပျမ်းမျှအနေနဲ့ဆိုရင်တော့ (၈၃.၉၉) နှစ်လောက်ထိအသက်ရှည်ကြပါတယ်။shwekhitonlinetv.com
၅။ စင်ကာပူ (Singapore)

အာဆီယံဒေသတွင်းကခေတ်မီဖွံ့ဖြိုးတိုးတက်လှတဲ့ စင်ကာပူနိုင်ငံကတော့ နိုင်ငံသားတစ်ဦးချင်းပျမ်းမျှအသက် (၈၄.၀၇) နှစ်လောက်အသက်ရှည်ကြပါတယ်။ အမျိုးသားတွေက (၈၂.၀၆) နှစ် အမျိုးသမီးတွေကတော့ (၈၆.၁၅) နှစ်အထိကို အသက်ရှည်ကြပါတယ်။shwekhitonlinetv.com
၄။ ဆွစ်ဇာလန် (Switzerland)

ကမ္ဘာပေါ်က အချမ်းသာဆုံးနဲ့ သာယာအလှပဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဆွစ်ဇာလန်နိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် (၄) နေရာမှာရှိနေပါတယ်။ ဆွစ်ဇာလန်နိုင်ငံသားတွေရဲ့ပျမ်းမျှအသက်ဟာ (၈၄.၂၅) နှစ်အထိအသက်ရှည်ကြပြီး အမျိုးသားတွေကတော့ (၈၂.၄၂) နှစ်၊ အမျိုးသမီးတွေကတော့ (၈၆.၀၂) နှစ်အထိအသက်ရှည်ကြပါတယ်။shwekhitonlinetv.com
၃။ မကာအို (Macao)

အာရှဒေသက မကာအိုနိုင်ငံကတော့ နိုင်ငံသားတစ်ဦးချင်းပျမ်းမျှအသက် (၈၄.၆၈) နှစ်အထိအသက်ရှည်ကြပါတယ်။ အမျိုးသားတွေအနေနဲ့ အသက် (၈၁.၇၃) နှစ်၊ အမျိုးသမီးတွေအနေနဲ့ (၈၇.၆၂) နှစ်လောက်ထိအသက်ရှည်ကြပါတယ်။shwekhitonlinetv.com
၂။ ဂျပန် (Japan)

ယခင်ကဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိတဲ့ဂျပန်နိုင်ငံကတော့လက်ရှိအချိန်မှာ အဆင့် (၂) နေရာကိုရောက်ရှိလို့သွားပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံသားတစ်ဦးချင်းစီဟာပျမ်းမျှအသက် (၈၅.၀၃) နှစ်လောက်အထိ အသက်ရှည်ကြပြီး အမျိုးသားတွေကတော့ (၈၁.၉၁) နှစ် အမျိုးသမီးတွေကတော့ (၈၈.၀၉) နှစ်လောက်ထိ အသက်ရှည်ကြပါတယ်။shwekhitonlinetv.com
၁။ ဟောင်ကောင် ( Hong Kong)

နောက်ဆုံးကောက်ယူထားတဲ့စစ်တမ်းတွေအရတော့ ဟောင်ကောင်နိုင်ငံက ဒီစာရင်းမှာဂျပန်ကိုကျော်တက်ပြီးအဆင့် (၁) နေရာမှာရပ်တည်နိုင်ပြီဖြစ်ပါတယ်။ ဟောင်ကောင်နိုင်ငံသားတွေဟာ တစ်ဦးချင်းပျမ်းမျှအသက် (၈၅.၂၉) နှစ်ထိလောကကြီးမှာနေထိုင်ကြရပြီး အမျိုးသားတွေက (၈၂.၃၈) နှစ် အမျိုးသမီးတွေကတော့ (၈၈.၁၇) နှစ်လောက်ထိအသက်ရှည်ကြပါတယ်။shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။