တစ်ချို့ကလေးငယ်တွေဟာ တိရိစ္ဆာန်လေးတွေနဲ့ ထူးခြားနက်နဲတဲ့ ဆက်ဆံမှုရှိတတ်ကြပါတယ်။ အများအားဖြင့်တွေ့ရတာကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်တဲ့ ခွေးလေး၊ ကြောင်လေးတွေနဲ့ပါ။ ဒါပေမယ့် အခုဖော်ပြပေးမယ့်ကလေးလေးကတော့ အိမ်မွေးတိရိစ္ဆာန်မဟုတ်ဘဲ သဘာဝအတိုင်းနေတဲ့ ဧရာမငါးလိပ်ကျောက်ကြီးနဲ့ ထူးခြားတဲ့ဆက်ဆံရေးရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

Gran Rey ဆိုတာကတော့ စပိန်နိုင်ငံ ကနေရီကျွန်းစုမှာရှိတဲ့ တံငါရွာလေးတစ်ရွာဖြစ်ပါတယ်။ ဒီရွာလေးမှာနေထိုင်တဲ့ Joel လို့အမည်ရတဲ့ ကလေးငယ်လေးတစ်ဦးဟာထူးထူးခြားခြားဆိုသလိုပဲ သမုဒ္ဒရာထဲမှာ သဘာဝအတိုင်းနေထိုင်တဲ့ ငါးလိပ်ကျောက်ကြီးတစ်ကောင်နဲ့ သူငယ်ချင်းတွေဖြစ်နေပါတယ်။ shwekhitonlinetv.com

Joel ဟာမနက်တိုင်းမှာသူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ဧရာမငါးလိပ်ကျောက်ကြီးကို တွေ့ဆုံနှုတ်ဆက်ပြီး အစာကျွေးဖို့အတွက် လက်ဆတ်တဲ့ငါးလေးတွေကိုယူဆောင်ကာ ဆိပ်ကမ်းနားက လှေကားထစ်မှာစောင့်နေတတ်ပါတယ်။ shwekhitonlinetv.com

ပုံမှန်အားဖြင့်တော့ ဒီရွာလေးမှာနေထိုင်တဲ့သူတွေဟာ တံငါလုပ်ငန်းနဲ့အသက်မွေးကြသူတွေဖြစ်ပေမယ့် ဒီကောင်လေးနဲ့ ဧရာမငါးလိပ်ကျောက်ကြီးရဲ့ ဆက်ဆံရေးကြောင့် သူတို့ကိုနှောင့်အယှက်မပေးကြဘဲ အလွန်ကြီးမားတဲ့ ဒီငါးလိပ်ကျောက်ကြီးကိုလည်း ဖမ်းဆီးခြင်းလည်းမပြုလုပ်ကြပါဘူး။ shwekhitonlinetv.com

ဒီငါးလိပ်ကျောက်ကြီးကလည်း Joel ကိုအလွန်ခင်မင်နေပုံရပြီး Joel မပြန်မချင်း အဲ့ဒီလှေဆိပ်နားမှာပဲ တဝဲလည်လည်လုပ်နေတက်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ နောက်ပြီးသူတို့နှစ်ဦးကိုကြည့်ရတာဟာ အလွန်ကြည်နူးဖို့ကောင်းတယ်လို့လည်းဆိုကြပါတယ်။ shwekhitonlinetv.com

ဒီလို အံ့သြဖို့ကောင်းတဲ့ အဖြစ်အပျက်ကိုတော့ ခရီးသွားတစ်ဦးက မှတ်တမ်းတင်ရိုက်ကူးပြီး Youtube မှာလွှင့်တင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မျှော်လင့်ထားတဲ့အတိုင်း ဒီဗီဒီယိုဟာ အချိန်တိုအတွင်းမှာ ပျံ့နံှ့သွားခဲ့ပြီး လက်ရှိ ကြည့်ရှုသူ သန်း (၆၀) နီးပါးအထိရှိနေပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။