ရွှေခေတ်ပရိသတ်တွေအနေနဲ့ ထူးထူးဆန်းဆန်းဒီဇိုင်းနဲ့ကားအမျိုးမျိုးကို ရုပ်ရှင်တွေထဲမှာမြင်ဖူးကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့်ကားတွေရဲ့ ဒီဇိုင်းတွေကိုတော့ မြင်ဖူးမှာမဟုတ်တာကျိန်းသေပါတယ်။ ဒီကားတွေကအပြင်မှာတစ်ကယ်ရှိတဲ့ ကားတွေလည်းဖြစ်ပြီး ဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီလိုပုံစံတွေလုပ်ထားသလဲဆိုတာ စဉ်းစားလို့တောင်မရပါဘူး။ shwekhitonlinetv.com
၁။ ဒီကားကတော့ မျက်နှာစာနှစ်ဖက်ပါဝင်တဲ့ကားဖြစ်ပါတယ်။ အရေးအကြောင်းဆို ယာဉ်မောင်းအနေနဲ့ အပေါက်မှားပြီးတက်မိမှာကျိန်းသေပါတယ်။ shwekhitonlinetv.com

၂။ ဒီကားရဲ့ပိုင်ရှင်ကတော့ ဘိလိယက်ဝါသနာအိုးတစ်ယောက်ဖြစ်ပုံရပါတယ်။ ဒါကြောင့်လည်းသူ့ကားကို ရပ်နားထားချိန်မှာ ဘိလိယက်ထိုးလို့ရအောင်ဖန်တီးထားတယ်ထင်ပါရဲ့။ shwekhitonlinetv.com

၃။ ပျော်ပွဲစားတွေဘာတွေထွက်တဲ့အခါမှာတော့ ဒီကားကအတော်လေးအသုံးဝင်မယ်ထင်ပါတယ်။ ဖန်တီးထားတဲ့ဒီဇိုင်းကလည်း ပို့စ်ပေးကြမ်းသူတွေအတွက် ကွက်တိပါပဲနော်။ shwekhitonlinetv.com

၄။ အခုဖော်ပြမယ့်ကားတွေထဲမှာ ဒီကားကတော့အလန်းဆုံးကားပါပဲ။ မောင်းမယ့်သူကတော့ တစ်ချိန်လုံးရေစိမ်နေရမှာမို့လို့ ဒီကားနဲ့ခရီးဝေးတွေ ဘာတွေသွားမယ်ဆိုရင် အအေးမိမှာစိုးရိမ်ရပါတယ်။ shwekhitonlinetv.com

၅။ ဒီကားရဲ့ပုံစံကိုကြည့်ပြီး နားလည်သဘောပေါက်ဖို့အတော်လေးအချိန်ယူလိုက်ရပါတယ်။ ဘက်ဂီယာဆွဲပြီး ကုန်တွေကိုသယ်ဖို့တီထွင်ထားတာပါတယ်။ ဒီကားကိုထွင်ထားတဲ့သူကတော့ အတော်လေးကိုထူးဆန်းတဲ့ လူတစ်ယောက်ဖြစ်မယ်ထင်ပါတယ်။ shwekhitonlinetv.com

၆။ မြန်မာနိုင်ငံကလို လမ်းတွေနဲ့ဆိုရင်တော့ ဒီကားလေးက တစ်စစီဖြစ်သွားမှာကျိန်းသေပါတယ်။ shwekhitonlinetv.com

၇။ ဒီကားရဲ့ပုံစံကလည်း တစ်ကယ့်ကိုအဆန်းကြီးပါ။ ဘာအတွက်ကြောင့်များရှေ့မှာ ဘီးတစ်ဘီးပိုထည့်ထားသလဲဆိုတာ စဉ်းစားလို့ကိုမရတာပါ။ shwekhitonlinetv.com

၈။ ဒါက ဆိုင်ကယ်လား၊ ကားလား၊ ကားဆိုင်ကယ်လား ? ဘယ်လိုခေါ်ရမှန်းတောင်မသိတော့ပါဘူး။ ဒီကားရဲ့ပုံစံကိုကြည့်ပြီး သင့်တော်မယ့်နာမည်လေးတစ်ခုလောက်ရွေးပေးကြပါဦး။ shwekhitonlinetv.com

၉။ ဒီကားကတော့ အရှေ့ပိုင်းကိုဘာကြောင့်များ ရှည်မျောမျောလုပ်ထားသလဲမသိပေမယ့် နောက်က သုံးဘီးတွဲကိုကြည့်တာနဲ့ အတော်လေးကို လေးလံတဲ့အရာတွေသယ်ဖို့ဖန်တီးထားတယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ shwekhitonlinetv.com

၁၀။ ဘယ်နေရာမျိုးမှာအသုံးပြုဖို့အတွက် ဒီလိုကားကိုထွင်ထားတာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ကြည့်ဦးလေအနောက်မှာလဲ TV တွေကပါသေးတယ်။ shwekhitonlinetv.com

၁၁။ ဒီကားလေးရဲ့နာမည်ကိုတော့ Moon Landing လို့ တီထွင်သူကအမည်ပေးထားပါတယ်။ သူကတော့နည်းနည်းချစ်ဖို့ကောင်းပါတယ်။ shwekhitonlinetv.com

၁၂။ နောက်ထပ်ချစ်ဖို့ကောင်းတဲ့ကားလေးတစ်စီးဖြစ်ပါတယ်။ ဒါပေမယ့် အရှေ့မှာတော့ ယာဉ်မောင်းတစ်ဦးတည်းသာ ထိုင်လို့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ ညဘက်အမှောင်ထဲမှာ တစ်ကားလုံး Glow နေဖို့အတွက်ဖန်တီးထားတာဖြစ်ပြီး Glow-In-The-Dark ဆိုတဲ့ နာမည်နဲ့လိုက်ဖက်လှတဲ့ကားဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ ဒီကားလေးကမသိရင် ဘီး (၂) ဘီးထဲပါတယ်လို့ထင်ရပေမယ့် အမှန်တစ်ကယ်တော့ အနောက်မှာ ဘီးအသေးတစ်ဘီးပါပါသေးတယ်။ အရှေ့မှာတော့ဝန်တင်ဖို့အတွက် ဖန်တီးထားလို့ လုပ်ငန်းခွင်မှာ သူကတော့အနည်းငယ်အသုံးဝင်လောက်ပါတယ်။ shwekhitonlinetv.com

၁၅။ ဒီကားရဲ့ပုံပန်းသဏ္ဍာန်ကိုကြည့်ရတာ မကောင်းဆိုးဝါးတစ်ကောင်နဲ့တောင်ခပ်ဆင်ဆင်တူနေပါတယ်။ ဘယ်လိုလူမျိုးကများဒီလိုကားကိုစီးသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။