မြင်နေတွေ့နေကျ ပုံစံနဲ့မတူဘဲ ထူးခြားတဲ့အသွင်အပြင်နဲ့ သတ္တဝါဆန်းတွေဟာ ဒဏ္ဍာရီ၊ ပုံပြင်တွေ ကာတွန်းရုပ်ရှင်တွေထဲမှာသာတွေ့ရတက်တာဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် သတ္တဝါဆန်းတွေကတော့ အပြင်မှာအမှန်တစ်ကယ်ရှိတယ်ဆိုတာကို ယုံကြည်တဲ့သူတွေများသလို မယုံကြည်တဲ့သူတွေလည်းရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ရွှေခေတ်ပရိသတ်တွေအနေနဲ့လည်း ဒီအကြောင်းအရာလေးကို အဆုံးအထိဖတ်ရှုပြီး ဒီသတ္တဝါဆန်းတွေတစ်ကယ်ရှိ မရှိဆိုတာ ဝေဖန်သုံးသပ်ပေးကြပါဦးနော် ….. shwekhitonlinetv.com
၁။ The Skunk Ape

Everglades (ဖလော်ရီဒါတောင်ပိုင်းတွင်ရှိသောအပူပိုင်းစိုစွတ်ဒေသ) နယ်ခံတွေကတော့ The Skink Ape ဆိုတာ လူအများကြားဖူးနေကြဖြစ်တဲ့ Sasquatch (တစ်ချို့ကတော့ Bigfoot လို့ခေါ်) တဲ့သတ္တဝါနဲ့ ပုံသဏ္ဍာန်ချင်းအလွန်တူတယ်လို့ ဆိုကြပါတယ်။ သူတို့တွေဟာ သားကောင်ကိုအုပ်စုဖွဲ့ပြီး အမဲလိုက်တတ်ကြပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာကတော့ သိမ်မွေ့နူးညံ့တဲ့ သတ္တဝါတွေဖြစ်တယ်လို့ ဒေသခံတွေကယုံကြည်ထားပါတယ်။ shwekhitonlinetv.com
၂။ Fresno Nightcrawler

Fresno ဂြိုဟ်သားလို့ လူသိများတဲ့ဒီသတ္တဝါတွေကတော့ အနီးစပ်ဆုံးပြောရမယ်ဆိုရင် မျိုးဗီဇရောစပ်ထားတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒီထူးထူးဆန်းဆန်းသတ္တဝါတွေဟာ ကယ်လီဖိုးနီးယား (California) နဲ့ ယိုစမစ်တီ (Yosemite) အမျိုးသားဥယျာဉ်တွေထဲမှာ အမှန်တစ်ကယ်ရှိနေကြောင်း မျက်မြင်ကိုယ်တွေ့ကြုံဖူးသူတွေက ဆိုပါတယ်။ shwekhitonlinetv.com
၃။ Wood Devils

Wood Devils တွေကတော့ နယူးဟမ့်ပ်ရှိုင်းယားကတောအုပ်တွေထဲမှာ ရှိနေကြပြီး သူတို့ပိုင်နက်ဧရိယာအတွင်း ဖြတ်သန်းသွားလာသူမှန်သမျှကို ဆိုးဆိုးရွားရွားတိုက်ခိုက်တတ်တယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဒေသခံတွေအပြင် ကျား၊ နတ်ဆိုး နဲ့ ဂြိုဟ်သားတွေတောင်သူတို့ကို ကြောက်ကြတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com
၄။ Chupacabra

ဒီ သတ္တဝါဆိုးရဲ့ ဒဏ္ဍာရီကတော့သိပ်မကြာသေးတဲ့ကာလက စတင်ခဲ့တာဖြစ်ပါတယ်။ Chupacabra တွေဟာ ၁၉၉၀ တုန်းက ပွာတိုရီကို (Puerto Rico) မှာစတင်တွေ့ရှိခဲ့တဲ့သတ္တဝါတွေဖြစ်ပြီး ဒီနေ့အချိန်မှာတော့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရဲ့ နေရာအချို့မှာလည်းတွေ့မြင်ရတယ်လို့ ဆိုတဲ့သူတွေရှိလာပါတယ်။ အထူးသဖြင့်ဒီသတ္တဝါက ဆိတ်တွေ ကြက်တွေကိုသတ်ပြီး သွေးကိုသောက်သုံးတတ်ကြတဲ့သတ္တဝါတွေဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၅။The Alkali Lake Monster

လူအများစုကတော့ Alkali Lake Monster ဆိုတာဟာသတင်းစာတွေအနေနဲ့ သူတို့စောင်ရေ ပိုရောင်းကောင်းအောင်အတွက် တမင်သက်သက်လုပ်ကြံဖန်တီးထားတဲ့ သတ္တဝါတစ်ကောင်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဒီသတ္တဝါတစ်ကယ်ရှိ မရှိဆိုတာကအငြင်းပွားစရာဖြစ်လာပါတယ်။ ရှိတယ်လို့ ယုံကြည်သူတွေကတော့ ဒီသတ္တဝါရဲ့ပုံစံက မိချောင်းကိုယ်နဲ့ ငါးခေါင်းပုံစံဖြစ်ပြီး အရှည်ပေ (၁၀၀) လောက်ရှိတယ်လို့ ပြောကြပါတယ်။ shwekhitonlinetv.com
၆။ Melon Heads

ဖရဲသီးလောက်ရှိတဲ့ ဦးခေါင်းနဲ့မို့လို့သူတို့တွေကို Melon Heads လို့ခေါ်ကြတာဖြစ်ပါတယ်။ ကော်နက်တီကပ် (Connecticut)၊ ဖဲဖီးလ်ကောင်တီ (Fairfield County) မှာနေထိုင်တဲ့သူတွေကတော့ ဒီ Melon Heads တွေကို ညအခါမှာကားလမ်းတွေပေါ်မှာတစ်ခါတစ်ရံ မြင်တွေ့ရတတ်ပြီး လူတွေကို လိုက်လံခြောက်လှန့်တတ်ကြတယ်လို့ ဆိုပါတယ်။ အချို့ကတော့ ဒါဟာ မျိုးရိုးလိုက်တဲ့ လူသားစားသတ္တဝါတွေဖြစ်တယ်လို့လည်း ပြောကြပါတယ်။ shwekhitonlinetv.com
၇။ The Enfield Horror

ဒီသတ္တဝါတွေကတော့ အမေရိကန်ပြည်ထောင်စု အီလီနွိုက် (Illinois) ပြည်နယ် ဇာတိဖြစ်ပါတယ်။ ခြေထောက်သုံးချောင်းရှိလို့ တစ်ချို့ကတော့ Tripod တွေလို့လည်းခေါ်ကြပါတယ်။ The Enfield Horror တွေဟာ တစ်ခါခုန်ရင်အနည်းဆုံး (၂၅) ပေလောက်အကွာအဝေးကို ရောက်ရှိတယ်လို့ ဆိုကြပါတယ်။ တစ်ချို့ကတော့ဒါဟာ သိပ္ပံပညာရှင်တစ်ဦးဦးတီထွင်ထားတဲ့ စက်ရုပ်ဖြစ်နိုင်တယ်လို့ဆိုကြသလို တစ်ချို့ကလည်း ဂြိုဟ်သားတွေလို့ယုံကြည်နေကြပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။