ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ရွှေခေတ်ရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် အထူးစိတ်ဝင်စားဖို့ကောင်းမယ့်အကြောင်းအရာလေးဖြစ်မယ်ထင်ပါတယ်။ ဘယ်လိုအကြောင်းအရာမျိုးလဲဆိုတော့ ကမ္ဘာကျော်သရုပ်ဆောင်တွေရဲ့ ဘဝမှာပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ George Clooney

နာမည်ကျော်အမေရိကန်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျော့ကလူနေး (George Clooney) ဟာ လက်ရှိအချိန်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း (၂၈) ကားအပါအဝင် ရုပ်သံစီးရီးအတော်များများမှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့ဇာတ်ကားကလည်း အခုဆိုရင် (၈) ကားအထိရှိပြီဖြစ်ပါတယ်။

သူ့ကိုရုပ်ရှင်လောကထဲစတင်ခြေချစေခဲ့တဲ့ ဇာတ်ကားအမည်ကတော့ ၁၉၈၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Grizzly II: Revenge ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဂျော့ကလူနေးဟာ Ron ဆိုတဲ့ဇာတ်ကောင်နေရာက သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Leonardo DiCaprio

အော်စကာဆုရမင်းသားကြီး လီယိုနာဒိုရဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုနိုင်တာကတော့ Titanic ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမတိုင်ခင်မှာ လီယိုနာဒိုအနေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း (၉) ကားအထိ ပါဝင်သရုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

ပထမဆုံးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကိုဖော်ပြရမယ်ဆိုရင်တော့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Critters : 3 ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးတဲ့အချိန်မှာ သူ့ရဲ့အသက်ဟာ (၁၄) နှစ်သာသာပဲရှိသေးတာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Emma Stone

အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သရုပ်ဆောင် Emma Stone ကတော့ ၂၀၀၄ ခုနှစ်မှာသရုပ်ဆောင် လောကထဲစတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးရုပ်ရှင်ဇာတ်ကားကိုတော့ ၂၀၀၇ ခုနှစ်မှသာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

သူမအနေနဲ့ ၂၀၀၇ ခုနှစ်ကထွက်ရှိတဲ့ Superbad ဆိုတဲ့ဇာတ်မြူးကားလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ သူမဟာ ၂၀၁၆ ခုနှစ်တုန်းက La La Land ဇာတ်ကားနဲ့ အော်စကာဆုရထားတဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Johnny Depp

စွယ်စုံရမင်းသားကြီး ဂျွန်နီဒပ် (Jonny Depp) ကတော့အသက် (၂၁) နှစ်အရွယ်မှာ ပထမဆုံးရုပ်ရှင်ဇာတ်ကားကို စတင်သရုပ်ဆောင်ခွင့်ရရှိခဲ့ပါတယ်။

အဲ့ဒီဇာတ်ကားရဲ့အမည်ကတော့ A Nightmare on Elm Street ဖြစ်ပြီး (၁၉၈၄) ခုနှစ်ကထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Natalie Portman

နာတာလီပေါ့တ်မန်း (Natalie Portman) ကတော့ ၂၀၁၀ ခုနှစ်တုန်းက Black Swan ဆိုတဲ့ရုပ်ရှင်မှာ အလွန်ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အော်စကာဆုရခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။

သူမဟာ ၁၉၉၄ ခုနှစ်ကထွက်ရှိတဲ့ Léon: The Professional ဆိုတဲ့ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲစတင်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Brad Pitt

လက်ရှိအချိန်မှာ အသက် (၅၈) နှစ်ရှိပြီဖြစ်တဲ့ ဘရက်ပစ် (Brad Pitt) ဟာဆိုရင်တစ်ချိန်တုန်းက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့သလို အခုချိန်ထိလည်း နှုတ်ခမ်းနီမလေးတွေဝိုင်းနေဆဲ ဖြစ်တဲ့သူတစ်ဦးပါ။

သူ့ရဲ့သရုပ်ဆောင်သက်တမ်းတစ်လျောက် ရုပ်ရှင်ဇာတ်ကားပေါင်း (၉၀) နီးပါးအထိရိုက်ကူးခဲ့ရပြီး ပထမဆုံးသူ့ကို ပရိသတ်တွေသိရှိခဲ့တာကတော့ ၁၉၈၈ ကထွက်ရှိခဲ့တဲ့ The Dark Side of the Sun ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးချိန်မှာတော့ ဘရက်ပစ်ရဲ့ အသက်ဟာ (၁၅) နှစ်သာရှိပါသေးတယ်။ shwekhitonlinetv.com
၇။ Tom Cruise

ဘရက်ပစ် နဲ့ ခေတ်ပြိုင်တွေလို့ဆိုလို့ရတဲ့ နောက်ထပ်ကမ္ဘာကျော်မင်းသားတစ်ဦးကတော့ တွမ်ခရုစ် (Tom Cruise) ပဲဖြစ်ပါတယ်။ တွမ်ခရုစ်ဟာ ၁၉၈၁ ခုနှစ်မှာ Endless Love ဆိုတဲ့ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲစတင်ဝင်ရောက်နိုင်ခဲ့တာဖြစ်လို့ ဘရက်ပစ်ထက် စီနီယာကျတယ်လို့ဆိုနိုင်ပါတယ်။

စုစုပေါင်းရုပ်ရှင်ဇာတ်ကားကြီး (၅၁) ကားထွက်ရှိထားပြီး ဘရက်ပစ်နဲ့ တူတဲ့အချက်တစ်ခုက အဓိကဇာတ်ဆောင်နေရာကနေ အော်စကာဆုမရဖူးတာပဲဖြစ်ပါတယ်။ အော်စကာဆုမရဖူးတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Matt Damon

အသက် (၅၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သရုပ်ဆောင်မင်းသား မတ်ဒေမွန် (Matt Damon) ဟာလည်း လူကြိုက်များတဲ့မင်းသားတစ်ဦးဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ Mystic Pizza ဆိုတဲ့ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲ စတင်ခြေလှမ်းနိုင်ခဲ့တဲ့ မတ်ဒေမွန်ဟာ အခုလက်ရှိအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးပေါင်း (၈၀) တိတိ ပါဝင်သရုပ်ဆောင်ထားခဲ့ပြီးဖြစ်ပါတယ်။ အများအားဖြင့်တော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေက Science Fiction အမျိုးအစားတွေများပါတယ်။ shwekhitonlinetv.com
၉။ Julia Roberts

သူမရဲ့အပြုံးကို အာမခံံထားရှိမှုကြောင့် လူအများရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရဖူးတဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးကတော့ ဂျူလီယာရောဘတ် (Julia Roberts) ပဲဖြစ်ပါတယ်။

သူမဟာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တုန်းက Erin Brockovich ဆိုတဲ့ဇာတ်ကားနဲ့ အော်စကာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမအနေနဲ့ စတင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ၁၉၈၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Satisfaction ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Tom Hanks

လက်ရှိအချိန်မှာ အသက် (၆၅) နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်မင်းသားကြီး တွမ်ဟန့်စ် (Tom Hanks) ကတော့ သရုပ်ဆောင်ပီပြင်လွန်းတဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၉၉၃၊ ၁၉၉၄ ခုနှစ်တွေမှာ နှစ်နှစ်ဆက်တိုက် အော်စကာဆု ရရှိခဲ့ပြီး လက်ရှိချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီးပေါင်း (၇၀) ကျော်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပထမဆုံး သရုပ်ဆောင်ခဲ့တာကတော့ ၁၉၈၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ He Knows You’re Alone ဆိုတဲ့ဇာတ်ကားမှာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။