တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်မှာတော့ ဂူဂယ်လ် မြေပုံကို အသုံးပြုပြီး တည်နေရာများကို လွယ်လင့်တကူ ရှာဖွေနိုင်လာပြီဆိုတာကို အားလုံးသိကြမယ် ထင်ပါတယ်နော်။ စူးစမ်းရှာဖွေမှုတွေ ပြုလုပ်လာနိုင်တာနဲ့အမျှ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဖြစ်ရတဲ့အထိ ထူးဆန်းမှုတွေကို တွေ့ရှိလာမှာပါ။ အခုတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဂူဂယ်လ်မြေပုံကနေ မယုံနိုင်စရာတွေ့ရှိထားတဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ တောင်နံရံမှာ တွေ့ရှိရတဲ့ ကိုကာကိုလာအချိုရည်တံဆိပ်

ကမ္ဘာ့အကြီးမားဆုံး ကိုကာကိုလာတံဆိပ်ကိုတော့ ချီလီနိုင်ငံ အရိကာမြို့အနီးမှာရှိတဲ့ တောင်စောင်းတခုမှာ ထွင်းထုရေးသားထားတာ ဖြစ်ပါတယ်။ ဒီအကြီးမားဆုံး အမှတ်အသားကို ၁၉၈၆ ခုနှစ် ကိုကာကိုလာ ကုမ္ပဏီရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ကိုကာကိုလာအချိုရည်ဘူးခွံပေါင်း ၇၀,၀၀၀ နဲ့ ပြုလုပ်ထားတာပါ။ shwekhitonlinetv.com
၂။ အန္တာတိက နှင်းပြင်ထဲမှာ တွေ့ရှိရတဲ့ ထူးဆန်းသော ပိရမစ်

အန္တာတိက နှင်းပြင်ကြီးထဲမှာ တည်ရှိနေတဲ့ ပိရမစ်ပုံစံ အဆိုပါ အရာဝတ္ထုကြီးဟာ ရှေးကျလွန်းတဲ့ လူသားယဥ်ကျေးမှု အမွေအနှစ်တခုအဖြစ် သိပ္ပံပညာရှင်တချို့က သတ်မှတ်လိုကြပါတယ်။ ဒါပေမဲ့ ဒါဟာ လွန်ကဲတဲ့ စိတ်ဝင်စားမှု တခုသာဖြစ်တယ်လို့လည်း တချို့က ဆိုကြပါတယ်။ ဒါပေမဲ့ အဆိုပါ ပိရမစ်ကြီးပုံစံ အရာဝတ္ထုကြီးကို ရှေးကျလွန်းတဲ့ အမွေအနှစ်တခုအဖြစ် လက်ခံယုံကြည်သူများလည်း ရှိကြပါတယ်။ shwekhitonlinetv.com
၃။ မိုးမျှော်တိုက်များကြားက အပျော်စီးသင်္ဘော

ဒီပုံကို မြင်လိုက်တဲ့ ခဏမှာတော့ သင်္ဘောတစီးဟာ ကုန်းပေါ်ကို မျက်စိလည် လမ်းမှားပြီး ဆိုက်ရောက်နေတာလားရယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဒီ အပျော်စီးသင်္ဘောကြီးကတော့ ဟောင်ကောင် ရဲ့ စျေးဝယ်စင်တာကြီးပဲ ဖြစ်ပါတယ်။ ညအခါ မီးတွေထွန်းထားတဲ့အချိန်မှာတော့ သင်္ဘောပုံသဏ္ဍာန် စျေးဝယ်စင်တာကြီးဟာ ခမ်းနားလှပနေတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
၄။ ကြီးမားတဲ့ ခြေရာ

ထူးဆန်းပြီး ကြီးမားတဲ့ အဆိုပါ ခြေရာပုံစံကြီးကတော့ ဟမ်းရှာ ( Hampshire ) နိုင်ငံအနီး ရွာငယ်တခုမှာ တည်ရှိပါတယ်။ ဒီခြေရာပုံစံ ဝင်္ကပါကြီးကတော့ ၃၇၇ ပေရှည်လျားပြီး အင်္ဂလန်ရဲ့ အရှည်ဆုံး ဝင်္ကပါတခု ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ အဆောက်အအုံခေါင်းမိုးပေါ်က ဂါလီဘာရုပ်ထုကြီး

ပုံမှာ တွေ့မြင်ရတဲ့ ရုပ်ထုကြီးကတော့ ကမ္ဘာ့အထူးဆန်းဆုံး ကလေးကစားကွင်းကြီးဖြစ်ပြီး စပိန်နိုင်ငံ ဗလင်စီယာမြို့မှာ တည်ရှိပါတယ်။ မြောက်များလှစွာသော လျှောများ ၊ လျှို့ဝှက် ဖြတ်သန်းနိုင်သော ထွက်ပေါက်များ နဲ့ မိဘများအတွက် နားနေစရာနေရာအများအပြားလည်း ထည့်သွင်းတည်ဆောက်ထားတဲ့ ကစားကွင်းကြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကစားကွင်းထက် အပန်းဖြေဥယျာဥ်တခုလို့တောင် ဆိုနိုင်ပါတယ်။ shwekhitonlinetv.com
၆။ ဂြိုလ်သားကြောင်

ဂြိုလ်သားကြောင်လို့ တင်စားခေါ်ဝေါ်ရတဲ့ အခုပုံမှာတွေ့မြင်ရတဲ့ အရာကတော့ နှစ်ပေါင်း ၉၀၀၀ နီးပါးကြာမြင့်နေပြီဖြစ်တဲ့ လက်ရာတခုဖြစ်ပါတယ်။ တခြားကမ္ဘာကနေ ရောက်လာတဲ့ နတ်ဘုရားကဲ့သို့ အစွမ်းရှိတဲ့ကြောင်အဖြစ် ယုံကြည်သူတွေရှိကြပါတယ်။ အဆိုပါ ဂြိုလ်သားကြောင်ပုံစံကတော့ အာတာကာမာ သဲကန္တာရမှာ တည်ရှိပါတယ်။အာတာကာမာ သဲကန္တာရကတော့ ကမ္ဘာ့အခြောက်သွေ့ဆုံး ကန္တာရတခုဖြစ်ပြီး ရာစုနှစ်များစွာ မိုးခေါင်နေတဲ့ နေရာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ဂြိုလ်သားယာဥ်ပျံ အဆောက်အဦး

ပုံမှာတွေ့မြင်ရတဲ့ တကယ့် ဂြိုလ်သားယာဥ်ပျံလို့ ထင်ရတဲ့ အဆောက်အဦးကတော့ တက္ကဆက်ပြည်နယ််မှာ တည်ရှိပါတယ်။ ခရီးသွားတွေကို ဆွဲဆောင်တဲ့ အဆောက်အဦးဖြစ်ပြီး Futuro House လို့လည်း ခေါ်ပါတယ်။ Futuro House ဒီဇိုင်းကိုတော့ ဖင်လန်ဗိသုကာပညာရှင် Matti Suuronen ( မာတီစူရိုနင် ) က ၁၉၆၀ ပြည့်နှစ်အလွန်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီဗိသုကာဒီဇိုင်းဟာ အရမ်းကို နာမည်ကျော်ကြားခဲ့ပြီး ဒါဟာ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် လူတွေရဲ့ တီထွင်ဖန်တီးမှုကိုလည်း ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ကမ္ဘာတဝှမ်းမှာ Futuro House အလုံး ၃၀ ပဲ ကျန်ရှိပါတော့တယ်။ shwekhitonlinetv.com
၈။ အန္တာတိကတိုက်နဲ့ မြောက်အမေရိကားတိုက်တို့ကို ခွဲခြားထားတဲ့ အရာကြီး

ဒီအကြောင်းအရာကတော့ ဂူဂယ်လ်မြေပုံနဲ့ ပက်သက်ပြီး လူတွေငြင်းခုံနေတဲ့ အကြောင်းအရာတွေထဲက တခုပဲ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးပေါ်ကို ကျရောက်လာတဲ့ ဥက္ကာခဲကြီးကြောင့် အဆိုပါ တိုက်ကြီး နှစ်ခုဟာ ကွဲထွက်သွားရခြင်းဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ အခုပုံကို ကြည့်မယ်ဆိုရင်တော့ သိပ္ပံပညာရှင်တွေရဲ့ အယူအဆက အနည်းငယ်နီးစပ်မှုရှိနေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com
၉။ သြစတေးလျနိုင်ငံရဲ့ ကမ်းခြေက အရုပ်ကြီး

ပုံမှာတွေ့မြင်ရတဲ့ လက်ဝှေ့ယမ်းကာ နှုတ်ဆက်နေဟန် အရုပ်ကြီးကတော့ သြစတေးလျနိုင်ငံရဲ့ ရွှေရောင်ကမ်းခြေ ( Gold Coast ) လို့ အမည်ရတဲ့ ကမ်းခြေမှာ တည်ရှိပါတယ်။ အရုပ်ကြီးဟာ ရေပေါ် ပေါလောပေါ်နေတဲ့ အပန်းဖြေ ကလေးကစားကွင်း အကြီးစားတခုဖြစ်ပါတယ်။ အရွယ်အစားက ကြီးမားလွန်းတာကြောင့် ဂူဂယ်လ်မြေပုံကနေ ကြည့်မယ်ဆိုရင်တောင် ထင်ထင်ရှားရှား မြင်ရမှာပါ။ shwekhitonlinetv.com
၁၀။ ကြီးမားတဲ့ ဂဏန်းကြီး

ကြီးမားတဲ့ ဂဏန်းကြီးကိုတော့ ကန့်ဒ်နိုင်ငံ ဝစ်စတေဘယ်လ်မြို့ ( Whitstable , Kent ) ရဲ့ ကမ်းစပ်မှာ တွေ့ရှိရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ ဂဏန်းကြီးကတော့ ဆိုရှယ်မီဒီယာမှာ တခဏအတွင်း လူစိတ်စားဝင်စားမှု အများဆုံး ရရှိခဲ့ပါတယ်။ ဂဏန်းကြီးရဲ့ ခန့်မှန်းခြေ အရွယ်အစားကတော့ ပေ ၅၀ ထိ ကြီးမားတယ်လို့ တွက်ဆကြပြီး ခရပ်ဇီလာ ( Crabzilla ) လို့ အမည်ပေးထားကြပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်မှာတော့ ဂူဂယ်လ်မြေပုံမှာ အဆိုပါ ဂဏန်းကြီးကို တွေ့ရတော့မှာ မဟုတ်ပါဘူးနော်။ ဂဏန်းကြီးကပဲ ရွေ့လျားသွားခဲ့တာလား ဘာကြောင့် မတွေ့ရတော့တာလဲဆိုကိုတော့ မသိရပါဘူး။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။