နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ လူနေမှုဘဝတွေမှာ တစ်ခါတစ်ရံ တစ်ကိုယ်ကောင်းဆန်သူတွေ၊ ပြီးစလွယ်လုပ်တက်တဲ့ အကျင့်ရှိသူတွေကြောင့် ပိုပြီးစိတ်ပင်ပန်းရှုပ်ထွေးရတက်ပါတယ်။ ဒီထဲမှာ ကားပါကင်ကိုရှေ့လူနောက်လူမကြည့်ဘဲ ထိုးတက်တဲ့သူတွေက ထိပ်ဆုံးကနေပါဝင်နေပါတယ်။ ဒီလို ဖြစ်သလိုကားပါကင်ထိုးတက်သူတွေကို နောင်ကျဉ်သွားအောင် ဘယ်လိုတွေပညာပေးခဲ့တယ်ဆိုတာ ကြည့်လိုက်ရအောင် ….. shwekhitonlinetv.com
၁။ အကြမ်းစားအကွက်တစ်ကွက်နဲ့ စလိုက်ရအောင် … ဒီနည်းကတော့ အတော်လေးကိုကြမ်းတမ်းလွန်းလှပါတယ်။ ကားပါကင်ထိုးထားတဲ့သူက ဘယ်လိုများပေါက်ကွဲအောင်ပြုမူမိလိုက်သလဲမသိပါဘူး။ လုပ်သွားတဲ့သူတွေကလည်း တစ်ကယ့်ကိုဖိုက်တာကျလွန်းမယ်ထင်ပါတယ်။ ဒါမျိုးတော့မစမ်းကြည့်သင့်ပါဘူးနော်။ shwekhitonlinetv.com

၂။ နယူတန်ရဲ့ကျော်ကြားတဲ့အဆိုအမိန့်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ “သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်” ဆိုတာပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအယူမှာဆိုရင်တော့ “ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာတက်တယ်” ဆိုသလိုပေါ့။ ဒီဖြစ်ရပ်မှာလည်း ကားပါကင် (၂) နေရာ (၃) နေရာစာကို ကိုးလို့ကန့်လန့်ပိတ်ရပ်သွားတဲ့သူတစ်ဦးကို ပညာပေးထားပုံကတော့ အတော်လေးကို အာရုံနောက်စေမှာအမှန်ပါပဲ။ shwekhitonlinetv.com

၃။ ဒီကားပိုင်ရှင်ကတော့ အတော်လေးကိုကံဆိုးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ အရေးပေါ်မီးငြိမ်းသတ်ဖို့အတွက်ထားရှိတဲ့ Hydrant တွေကိုပိတ်ပြီးယာဉ်မရပ်ရဘူးဆိုတာ မသိဘူးထင်ပါရဲ့။ ဒါကြောင့်လည်းသူ့ကားကို ပညာသားပါပါနဲ့ Lesson ပေးသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ကားရပ်ဖို့ကားပါကင်ပြုလုပ်ပေးထားရဲ့သားနဲ့ အခုလိုမျိုး ဘယ်သူ့မှဂရုမစိုက်သလိုနဲ့ ကိုးလို့ကန့်လန့် လုပ်ထားခဲ့သူကိုတော့ အခုလိုပညာပေးတာက လွန်တယ်လို့မထင်ပါဘူး။ ဒါမှလည်းနောင်အခါဆင်ခြင်သွားမှာလေ။ shwekhitonlinetv.com

၅။ တစ်ခါတစ်ရံမှာတော့ သဘာဝတရားကြီးကလည်း ကျင့်ဝတ်စည်းကမ်းတွေ မလိုက်နာတဲ့သူတွေကိုသင်ခန်းစာပေးတက်တယ်ထင်ပါရဲ။ ဘာကြောင့်လဲဆိုတော့ ဒီပုံကိုကြည့်ကြည့်ပါ။ မိုးသက်လေပြင်းကျလို့လမ်းဘေးကသစ်ပင်တွေပြိုလဲချိန်မှာ ကားရပ်ဖို့သတ်မှတ်ထားတဲ့နေရာက ကားတွေအပေါ်သစ်ပင်ပိခြင်းမရှိပေမယ့် စည်းကမ်းမရှိတဲ့ကားတစ်စီးကတော့ သစ်ပင်ပိနေပါတယ်။ shwekhitonlinetv.com

၆။ ဒီကားပိုင်ရှင်ကတော့ ဘယ်လိုအမှားမျိုးကျူးလွန်မိလို့ အခုလိုမျိုးလက်စားချေခြင်းခံရသလဲမပြောတက်ပါဘူး။ လမ်းဘေးကအမှိုက်ပုံးကြီးနဲ့ တွဲပြီးကားကိုတိတ်တွေနဲ့ ပတ်ထားခံရတာ ဒီလူ့အဖို့တော့အတော်လေးကို ခေါင်းရှုပ်စရာကောင်းတဲ့နေ့တစ်နေ့ဖြစ်မှာ အမှန်ပါပဲ။ shwekhitonlinetv.com

၇။ ဒါကတော့ ယာဉ်ကြီးတွေသီးသန့်ရပ်တဲ့နေရာမှာ မစူးစမ်းမဆင်ခြင်ဘဲသွားပြီးကားပါကင်ထိုးမိတဲ့ ကားလေးတစ်စီးရဲ့အဖြစ်ပဲဖြစ်ပါတယ်။ ဒီကားလေးရဲ့ပိုင်ရှင်အနေနဲ့ အပေါ်စီးကသာမကြည့်ရင်သူ့ကားဘယ်ရောက်သွားသလဲတောင် သိမယ်မထင်ပါဘူး။ shwekhitonlinetv.com

၈။ ဒီတစ်ကွက်ကတော့အတော်လေးကို အိုင်ဒီယာကောင်းတယ်လို့ဆိုရမှာပါ။ ကားပြန်ရွှေ့ဖို့အတွက် ကားပိုင်ရှင်အနေနဲ့ ဘယ်လိုပုံစံများဖြစ်နေမလဲဆိုတာတွေးကြည့်တာနဲ့တင်အတော်လေး ရယ်စရာကောင်းလှပါတယ်။ shwekhitonlinetv.com

၉။ တရားဝင်ကားရပ်ခွင့်မရှိတဲ့နေရာမှာ ပြောင်းပြန်လာပြီးပါကင်ထိုးထားတဲ့ အနီရောင်ကားလေးရဲ့အဖြစ်ကတော့ ရှေ့တိုးရခက်နောက်ဆုတ်ရခက်ဆိုသလိုပါပဲ။ ဒီကားပိုင်ရှင်အနေနဲ့ ဘူဒိုဇာမောင်းတဲ့သူလာမှတောင်းပန်ပြီးကားကိုထုတ်မလား ? မိမိကားကိုပဲအထိခိုက်ခံပြီး ထွက်မလား ? ဆိုတာစိတ်ဝင်စားစရာပါပဲ။ shwekhitonlinetv.com

၁၀။ တစ်ခါတစ်လေကြရင် ကားထဲမှာစတေကာလေးတွေအများအပြားဆောင်ထားသင့်ပါတယ်။ ဒါဆိုရင်တော့ ဒီလိုရှေ့နောက်မကြည့်ဘဲတစ်ကိုယ်ကောင်းဆန်တဲ့ ကားပိုင်ရှင်တွေကို ပညာကောင်းကောင်းပေးလို့ရတယ်လေ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။