ပညာရှိ တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည် ဆိုတဲ့ စကားပုံကို ကြားဖူးကြမယ်ထင်ပါတယ်နော်။ အခုတစ်ခါ ပြောပြပေးမယ့် အကြောင်းအရာကတော့ ပြေးကြည့်တာတောင် မယုံနိုင်ဖြစ်ရမယ့် မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

မြင်ရတဲ့ ကိုယ့်မျက်လုံးကိုတောင် မယုံကြည်နိုင်ပဲ ၂ ခါပြန်ကြည့်ရမယ့်အထိ အမြင်အာရုံကို လှည့်စားနိုင်လွန်းတဲ့ ဓာတ်ပုံများကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ လေပေါ်မြောက်နေတဲ့ မိန်းကလေး
ရုတ်တရက်ကြည့်လိုက်ရင်တော့ ကမ်းခြေက သောင်ပြင်မှာ ဒူးတုတ်ထိုင်နေတဲ့ မိန်းကလေးက လေပေါ်မြောက်နေတဲ့ ပုံစံလေး ဖြစ်နေတာကို တွေ့ရမှာပါ။ သူမကို လေပေါ်မြောက်နေတယ်လို့ ထင်စေတဲ့ အရာကတော့ ဘေးနားက သူမရဲ့ အရိပ်လိုပုံသဏ္ဍာန် လေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သေချာကြည့်လိုက်တဲ့ အခါမှာတော့ သူမရဲ့ အရိပ်လို့ စိတ်က ထင်ခဲ့တဲ့ အရာလေးက သူမရဲ့ ဦးထုပ်အနက်ရောင်လေး ဖြစ်လို့နေပါတယ်။ shwekhitonlinetv.com

၂။ ခေါင်းနှစ်လုံးနဲ့ခွေး
တစ်သက်မှာ တစ်ခါတောင် မြင်ဖူးဖို့ မလွယ်တဲ့ ခေါင်း ၂ လုံးပါတဲ့ ခွေးလေးလို့ ထင်ရင်တော့ မှားသွားမယ်နော်။ အတူတူ ရှိနေတဲ့ ခွေးလေး ၂ ကောင်ကို ရုတ်တရက် ဓာတ်ပုံရိုက်လိုက်တဲ့အခါမှာ အခုလို အမြင်မှားစရာ ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ထူးဆန်းတဲ့ အိပ်ယာခင်း
အိပ်ယာခင်းက ဘာလို့ စတုရန်းချိုင့်ခွက်တွေ ဖြစ်နေလဲဆိုတာ စဥ်းစားမိသွားရင်တော့ အမြင်အာရုံလှည့်စားခံလိုက်ရပါပြီနော်။ ပုံထဲမှာ တွေ့မြင်ရတဲ့ အိပ်ယာခင်းကတော့ သာမန်အခင်းတစ်ခုလိုပဲ တစ်ပြေးညီပဲ ဖြစ်ပါတယ်။ ချိုင့်ခွက်တွေ ဖြစ်နေတယ်လို့ မြင်ရစေတဲ့ အကြောင်းကတော့ အိပ်ယာခင်းမှာ သုံးထားတဲ့ အရောင်အနုအရင့် လေးတွေက ပုံရိပ်ကို ကြွနေစေတာကြောင့် ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ရွှေအိုရောင် မုတ်ဆိတ်မွှေးနဲ့ မိန်းကလေး
ရုတ်တရက်ကြည့်လိုက်ရင်တော့ ရွှေအိုရောင် မုတ်ဆိတ်မွှေးတွေနဲ့ မိန်းကလေးလို့ ထင်သွားရစေမယ့် ပုံလေး ဖြစ်ပါတယ်။ သေချာကြည့်လိုက်ရင်တော့ မုတ်ဆိတ်မွှေးကြားက ခွေး နှာခေါင်းလေးနဲ့ ပါးစပ်လေးကို တွေ့ရမှာပါ။ တကယ်တမ်းကတော့ ရွှေအိုရောင် အမွှေးရှိတဲ့ ခွေးလေးကို ရင်ခွင်မှာ ပိုက်ထားရင်း ဓာတ်ပုံရိုက်လိုက်တာကြောင့် အခုလို အမြင်လွဲစေမယ့် ပုံရိပ်လေး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ နှုတ်ခမ်းမွှေးနဲ့ မိန်းမပျို
ကြည့်မိလိုက်တဲ့ ခဏ ပြုံးမိသွားစေမယ့် ပုံလေး ဖြစ်ပါတယ်။ ကြော်ညာပိုစတာရဲ့ ရှေ့တည့်တည့်မှာ ရှိနေတဲ့ လမ်းမီးတိုင်ကြောင့် ကြော်ညာ မင်းသမီးက နှုတ်ခမ်းမွှေး ပေါက်နေတဲ့ ရယ်စရာပုံလေး ဖြစ်နေတာပါ။ shwekhitonlinetv.com

၆။ လေပေါ်မြောက်နေတဲ့ အမှိုက်ပုံး
ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ အမှိုက်ပုံးတွေဟာ အရမ်းကို ခေတ်မှီပြီး လေပေါ်၀ဲတဲ့ နည်းစနစ်နဲ့ ထုတ်လုပ််နိုင်ပြီလို့ ထင်ရမှာပါနော်။ တကယ်တမ်းမှာတော့ အမှိုက်ပုံးဘေးက ရေကွက် သေးသေးလေးကို အမှိုက်ပုံးရဲ့ အရိပ်လို့ လှည့်စားလိုက်တဲ့ မျက်စိကြောင့် လေပေါ်၀ဲနေတယ်လို့ အထင်ရောက်သွားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ မှော်ဆရာအိမ်က ကြောင်
အခုမြင်နေရတဲ့ ပုံလေးကတော့ ကြောင်လေးတွေအတွက် ကစားဖို့ လုပ်ပေးထားတဲ့ စင်လေးပေါ်မှာ မြင်ရတဲ့ ထူးဆန်းတဲ့ ကြောင်လေး ဖြစ်ပါတယ်။ တကယ်တမ်းကတော့ ရုတ်တရက် ဓာတ်ပုံရိုက်လိုက်တဲ့ အခါမှာ အောက်အဆင့်က ကြောင်လေးက ခေါင်းမပါလာပဲ အပေါ်ဆင့်က ကြောင်လေးကတော့ ခေါင်းထောင်နေတဲ့ ပုံလေး ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်မယ်ဆိုရင်တော့ မှော်ပညာတတ်တဲ့ ကြောင်လေး ခေါင်းတစ်ခြား ကိုယ်တစ်ခြား ဖြစ်နေသလိုပဲနော်။ shwekhitonlinetv.com

၈။ ရေကူး၀တ်စုံတွေကြားက စပိုက်ဒါမန်း
အမျိုးသမီး ရေကူး၀တ်စုံတွေကြားက စပိုက်ဒါမန်းကို မြင်လိုက်ပြီ ဆိုရင်တော့ ( ၂ ) ခါပြန်ကြည့်ဖို့ လိုပြီနော်။ အတွင်းခံ ဘောင်းဘီ အနီရောင်ရဲ့ ရှေ့မှာ အမျိုးသမီးအပေါ်၀တ် အတွင်းခံရဲ့ အဖြူရောင်ကို ရုတ်တရက် မြင်လိုက်ရတာကြောင့် စပိုက်ဒါမန်းလို့ အထင်ရောက်သွားစေတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ စာကြည့်တိုက်ထဲ ရောက်နေတဲ့ ငလက်မလေး
အခု ဖော်ပြပေးတဲ့ ပုံလေးကတော့ စာအုပ်ဗီရိုထဲ ရောက်နေတဲ့ လူသေးသေးလေးက စာအုပ်တွေကို ရွေးနေတယ် လို့ ထင်ရစေတဲ့ ဓာတ်ပုံလေးပါ။ တကယ်တမ်းမှာတော့ တစ်ဖက်မှာ ရှိနေတဲ့ ယောကျ်ားတစ်ယောက်ရဲ့ ပုံရိပ်က စာအုပ်ထည့်ထားတဲ့ ဗီရိုရဲ့ မှန်မှာ အရိပ်ထင်နေတာကြောင့် အခုလို အမြင်အာရုံ မှောက်မှားသွားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ခေါင်းကြီး ကိုယ်သေးနေတဲ့ သတင်းတင်ဆက်သူ
ရုတ်တရက် ကြည့်မယ်ဆိုရင်တော့ သတင်းတင်ဆက်သူဟာ ခေါင်းကြီး ကိုယ်သေးနေတဲ့ ထူးဆန်းတဲ့ပုံစံ ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံကို သေချာကြည့်လိုက်မယ်ဆိုရင်တော့ သူမ၀တ်ထားတဲ့ အဖြူရောင် အင်္ကျီမှာ အနက်ရောင် အနားကွတ်ထားတဲ့ ဒီဇိုင်းကို မြင်ရမှာပါ။ သူမရဲ့ နောက်မှာရှိတဲ့ screen က နက်ပြာရောင် ဖြစ်နေတာကြောင့် အင်္ကျီရဲ့ အနက်ရောင်ကို မမြင်ရတော့ပဲ အဖြူရောင်ကို မြင်နေရတာက သူမကို ခေါင်းကြီး ကိုယ်သေး ဖြစ်သွားစေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။