ကမ္ဘာပေါ်မှာပုံသဏ္ဍာန် ဒီဇိုင်းထူးခြားလွန်းတဲ့အဆောက်အအုံတွေကတော့ မရေမတွက်နိုင်အောင် အများအပြားရှိနေပါတယ်။ ဒီအဆောက်အဦးတွေထဲကမှ အပြင်ပန်းပုံသဏ္ဍာန်ကို ရုတ်တရက်ကြည့်လိုက်တာနဲ့ ထိတ်လန့်ဖွယ်ကောင်းလှတဲ့ အဆောက်အအုံ (၁၀) ခုကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၁။ Riverside Museum

ရုတ်တရက်ကြည့်လိုက်ရင်တော့ ဒီအဆောက်အအုံက Batman ရုပ်ရှင်ဇာတ်ကားထဲက ဗီလိန်တွေရဲ့ အဆောက်အဦးလို့ထင်ချင်စရာပါ။ ဒါပေမယ့်တစ်ကယ်တမ်းမှာတော့ ဒီအဆောက်အအုံဟာ စကော့တလန်နိုင်ငံ ဂလပ်စကိုမြို့က ရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေပြသထားတဲ့ Riverside ပြတိုက်သာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Oakley Headquarter

ဒီအဆောက်အအုံရဲ့ ဒီဇိုင်းအနေအထားကတော့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားထဲကလို အဆောက်အအုံမျိုးဖြစ်ပါတယ်။ တစ်ကယ်တော့ဒါက နာမည်ကျော် Brand တစ်ခုဖြစ်တဲ့ Oakley ရဲ့ ရုံးချုပ်ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Clemont-Ferrand Cathedral

ဒါကတော့ ပြင်သစ်နိုင်ငံ၊ ကလီးမွန့်ဖာရန်း မှာတည်ရှိတဲ့ ရိုမန်ကတ်သလစ်ဘုရားရှိခိုးကျောင်းဖြစ်ပါတယ်။ ဂေါ့သစ်ဗိသုကာလက်ရာဖြစ်တဲ့ ဒီဘုရားကျောင်းကြီးရဲ့ ပုံသဏ္ဍာန်ကတော့ အဝေးကကြည့်မယ်ဆိုရင် မကောင်းဆိုးဝါးတစ်ခုခုရှိနေသလို ထိတ်လန့်စရာကောင်းတာအမှန်ပါပဲ။ shwekhitonlinetv.com
၄။ Hallgrímskirkja

ဒီအဆောက်အအုံရဲ့နာမည်ကို အသံမထွက်တက်ဘူးဆိုရင်သင့်အနေနဲ့ ဘယ်လိုမျိုးနာမည်အလွယ်ပေးချင်ပါသလဲ။ ဧရာမလူ့ဘီလူးကြီးရဲ့နန်းတော်လို့ အမည်ပေးလိုက်မယ်ဆိုရင်ရော … လိုက်ဖက်မယ်ထင်ပါရဲ့နော် … ဒီအဆောက်အအုံကတော့ အိုက်စလန်နိုင်ငံ ရေယာဗစ် (Reykajavik) မြို့မှာရှိတဲ့ Hallgrímskirkja ဘုရားကျောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Expiatori del Sagrat Cor

ဒီပုံကိုကြည့်လိုက်မယ်ဆိုရင်ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားထဲကို ရောက်ရှိသွားသလိုခံစားရမယ်လို့ထင်ပါတယ်။ တစ်ကယ်တမ်းမှာတော့ ဒီနေရာဟာ နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်အများအပြားလာရောက်လေ့ရှိတဲ့ စပိန်နိုင်ငံ ဘာစီလိုနာမြို့က Expiatori del Sagrat Cor ဘုရားကျောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ The House Has Eyes

ဒီအိမ်ကိုကြည့်ရတာ ၂၀၀၆ ခုနှစ်ကထွက်ရှိတဲ့ The Hills Have Eyes ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုတောင် သွားပြီးသတိရစေပါတယ်။ ဒီလိုထူးဆန်းတဲ့ပြတင်းပေါက်ဒီဇိုင်းတွေနဲ့ဖန်တီးတည်ဆောက်ထားတဲ့အိမ်ကတော့ ဂျာမနီနိုင်ငံ၊ ဂေါလစ်မြို့မှာတည်ရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Monument to the 300 Aragvians

ဒီအဆောက်အအုံရဲ့ပုံသဏ္ဍာန်ကိုကြည့်မယ်ဆိုရင်အောက်ခြေက ဒုံးပျံနဲ့ခပ်ဆင်ဆင်တူနေပါတယ်။ အဆောက်အအုံရဲ့အထက်ပိုင်းကတော့ နောက်ဆုံးတိုက်ပွဲမှာကျဆုံးသွားတဲ့ Aragvians စစ်သည် (၃၀၀) ကိုရည်ညွှန်းပုံဖော်ထားတယ်လို့ဆိုပါတယ်။ ဒီအဆောက်အဦးကတော့ ဥရောပတိုက်က ဂျော်ဂျီယာနိုင်ငံမှာတည်ရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Hancock County Courthouse

ဒါကတော့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာရှိတဲ့ ဟန်ကော့ကောင်တီတရားရုံး (Hancock County Courthouse) ပဲဖြစ်ပါတယ်။ ထူးထူးခြားခြားအဖြစ် ခရမ်းရောင်သုတ်ဆေးတွေနဲ့ ခြယ်သထားတာကြောင့် အပြင်ပန်းကနေကြည့်ရင်တော့ တစ်မျိုးတစ်ဖုံစိတ်ကို ညစ်ညူးစေမှာအမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Church of Chills : Hungary

ဒါကတော့ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ကဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ အဆောက်အအုံရဲ့ဒီဇိုင်းက ဆန်းကြယ်သလို ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တဲ့မှတ်တမ်းတွေလည်း ရှိတယ်လို့သိရပါတယ်။ ဒေသခံတွေရဲ့အဆိုအရတော့ ဒီဘုရားကျောင်းကနေတစ်ဆင့် ဖန်ဆင်းရှင်နဲ့ဆက်သွယ်နိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၁၀။ Face of Disapproval

လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) နီးပါးကအဆောက်အအုံတစ်ခုဖြစ်ပါတယ်။ အီတလီဖက်ဆစ်ပါတီရဲ့ ဌာနချုပ်အဖြစ်အသုံးပြုခဲ့လို့လားတော့မပြောတတ်ပါဘူး။ ဒီအဆောက်အအုံရဲ့ ပုံသဏ္ဍာန်ကိုက စက်ဆုပ်ရွံရှာဖွယ်ကောင်းနေတာတော့အမှန်ပဲ။ အထူးသဖြင့် လူမျက်နှာပုံစံကြီးပေါ့ … shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။