ဂျပန်နိုင်ငံရဲ့ တီထွင်နိုင်မှုစွမ်းအားကတော့ တခြားနိုင်ငံတွေ လိုက်မမှီနိုင်အောင်ကိုပဲ မြင့်မားလွန်းလှပါတယ်။ အမြင့်ဆုံး တီထွင်မှုအဖြစ် စက်ရုံတွေ ကားတွေသာမက နေ့စဥ်လူနေမှုဘဝမှာ အသုံးပြုရလွယ်ကူစေတဲ့ တီထွင်ဖန်တီးမှုတွေကိုလည်း တွေ့ရမှာပါ။ ဂျပန်တို့ရဲ့ လိုက်မမှီနိုင်တဲ့ တီထွင်ဖန်တီးမှုတွေထဲက တချို့ကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ ဝိတ်ချနေသူတို့အတွက် ပန်းကန်လုံး

ပန်းကန်လုံးက တဝက်သာပါရှိပြီး တဖက်ခြမ်းမှာ မှန်အဝိုင်းလေး တပ်ဆင်ထားပါတယ်။ အစားအစာ ထည့်စားမယ်ဆိုရင် မှန်မှာပေါ်နေတဲ့ ပုံရိပ်ကြောင့် အများကြီးပါသယောင်ထင်ရပါတယ်။ ဝိတ်ချနေသူတို့အတွက်တော့ အရမ်းကို အဆင်ပြေစေမယ့် ပန်းကန်လုံးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ အသင့်စားခေါက်ဆွဲခြောက်အဖုံး

ပုံမှာတွေ့မြင်ရတဲ့ လူပုံစံပစ္စည်းလေးကတော့ အသင့်စားခေါက်ဆွဲခြောက်ဘူးတွေကို ဖုံးအုပ်ပေးတဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်ဘူးထဲမှာ ရေနွေးထည့် အဖုံးအုပ်ပြီး အဆိုပါ လူပုံစံပစ္စည်းလေးနဲ့ ဖုံးအုပ်ထားရမှာပါ။ တကယ်လို့ ခေါက်ဆွဲခြောက်က စားနိုင်တဲ့ အပူချိန်အနေအထားမှာ ရောက်ပြီဆိုရင်တော့ လူပုံစံပစ္စည်းလေးဟာ ပြုတ်ကျသွားမှာ ဖြစ်ပါတယ်။ အပူချိန်ကိုလိုက်ပြီး အရောင်ပြောင်းနိုင်အောင်ပါ ထည့်သွင်းတီထွင်ထားတာကြောင့် ရိုးရိုးလေးနဲ့ အသုံးတည့်တဲ့ ပစ္စည်းလေးပါနော်။ shwekhitonlinetv.com
၃။ ပူဖောင်းကီးချိန်း

ပစ္စည်းတွေကို မကွဲစေဖို့ ပါဆယ်ထုတ်ပိုးရတဲ့အခါ ပါလာတဲ့ ပူဖောင်း ( Bubble ) လေးတွေကို ဖောက်ပြီး ကစားတတ်တဲ့သူတွေ ရှိကြလား။ ဒီလိုဆိုရင်တော့ ပုံမှာတွေ့ရတဲ့ ကီးချိန်းလေးကို ဝယ်ထားဖို့ လိုမယ်ထင်ပါတယ်နော်။ ကီးချိန်းလေးက Bubble လေးတွေကို နှိပ်ပြီး ဆော့ကစားနိုင်ပါတယ်။ shwekhitonlinetv.com
၄။ ဘောင်းဘီလက်သုတ်

တစ်ရှုးတွေ ( Tissue ) လက်ကိုင်ပုဝါတွေ ဘယ်လောက်ပဲ ရှိရှိ ဘောင်းဘီကိုပဲ လက်သုတ်တတ်တဲ့သူတွေအတွက် ဖန်တီးမှုလေး ဖြစ်ပါတယ်။ ဘောင်းဘီမှာ လက်သုတ်ဝတ်ကို ကပ်ထားတာဆိုတော့ ဘောင်းဘီရေစိုမှာလည်း မပူရတော့ဘူးပေါ့နော်။ shwekhitonlinetv.com
၅။ နှာတံမြှင့်ပေးသည့် ကိရိယာ

နှာတံနိမ့်နေတဲ့ သူတွေအတွက် ခွဲစိတ်စရာမလို ဆေးထိုးစရာမလိုပဲ နှာတံမြှင့်ပေးတဲ့ ကိရိယာပါ။ အဆိုပါ ကိရိယာဟာ နှာခေါင်းတွင်းမှာရှိတဲ့ နှာခေါင်းရိုးတွေကို သူ့လမ်းကြောင်းအတိုင်း တုန်ခါစေတဲ့ နည်းလမ်းနဲ့ မြှင့်ပေးတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ပန်ကာတပ်ဆင်ထားတဲ့ ဖိနပ်

နွေရာသီမှာ ရှူးဖိနပ်စီးရတဲ့ အမျိုးသားတွေအတွက် သက်တောင့်သက်သာ ဖြစ်စေဖို့ ဖန်တီးထားတဲ့ ဖိနပ်ပဲ ဖြစ်ပါတယ်။ ဖိနပ်ရဲ့ အောက်ခြေမှာ လေဝင်လေထွက် ပန်ကာတွေ တပ်ဆင်ထားတာပါ။ ဒါ့ကြောင့် နွေရာသီမှာဆိုရင်တောင် မပူမအိုက်ပဲ စီးနိုင်တဲ့ ဖိနပ်တွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ထောပတ်ချောင်း

ပေါင်မုန့်ကို ထောပတ်သုတ်လိမ်းမယ်ဆိုရင် ထောပတ်သုတ်တဲ့ဓားကို ရှာရတာ အလုပ်တခုပါနော်။ ဂျပန်တွေကတော့ အမျှော်အမြင်ရှိရှိနဲ့ အခုပုံမှာတွေ့မြင်ရတဲ့ ထောပတ်ချောင်းကို ဖန်တီးထားပါတယ်။ ဒါ့ကြောင့် ထောပတ်လှီးဖို့ ဓားသုံးစရာမလိုပဲ အချောင်းထဲကနေ လိုအပ်သလောက် ပမာဏကိုပဲ အလွယ်တကူ သုတ်လိမ်းလို့ ရပါတယ်။ shwekhitonlinetv.com
၈။ မြေအောက်ရထားစီးဦးထုပ်

ရထားစီးရင်း အိပ်ငိုက်တတ်တဲ့အခါ ခေါင်းက ခါရမ်းနေတတ်ပါတယ်။ ဒီဦးထုပ်ကတော့ အဲ့ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဖန်တီးထားတဲ့ ဦးထုပ်ပဲ ဖြစ်ပါတယ်။ မှန်မှာ စုပ်ခွက်နဲ့ ကပ်ထားပြီး ခေါင်းကို ငြိမ်အောင်ထားပေးတဲ့ ဦးထုပ်ကတော့ တကယ့်ကို အသုံးဝင်တဲ့အရာပါ။ ဒါ့အပြင် ဦးထုပ်ပေါ်မှာလည်း ကိုယ်ဆင်းမယ့်ဘူတာရောက်ရင် နှိုးပေးဖို့အတွက် စာလေးရေးပြီး တခြားသူကို အသိပေးနိုင်ပါသေးတယ်။ shwekhitonlinetv.com
၉။ မီးဖိုချောင်အတွက် လက်တဖက်

ဒါကတော့ မီးဖိုချောင်စဝင်မယ့် သူလေးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းပါ။ ကြက်သွန်တို့် ငရုတ်သီးတို့ လှီးရင်း လက်ကို ဓားထိမှာ ဆိုးတယ်ဆိုရင်တော့ ဒီပစ္စည်းလေးကို အသုံးပြုနိုင်ပါတယ်။ shwekhitonlinetv.com
၁၀။ အသံကြားရစေမယ့် ခေါင်းအုံး

ခေါင်းအုံးပေါ်မှာ လှဲလှောင်ရင်း တီဗွီကြည့်တဲ့အခါ နားတဖက်ကို ဖိထားသလို ဖြစ်ပြီး အသံတွေကို ကြည်လင်ပြတ်သားစွာ မကြားရတတ်ပါဘူး။ ဒီခေါင်းအုံးကတော့ လေးထောင့်ပုံစံရှိပြီး ပတ်ပတ်လည်မှာ အပေါက်တွေ ပြုလုပ်ထားပါတယ်။ ဒါ့ကြောင့် နားတဖက်ကို ဖိမိလို့ အသံကို မကြားရမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့နော်။ shwekhitonlinetv.com
၁၁။ ခေါက်ထီးနက်ကတိုင်

ထီးကို လက်မှာကိုင်ပြီး မသွားချင်တဲ့ အမျိုးသားတွေအတွက် အသုံးဝင်မယ့် ဖန်တီးမှုလေး ဖြစ်ပါတယ်။ နက်ကတိုင်နဲ့ ခေါက်ထီးကို တွဲရက်သယ်ဆောင်နိုင်တာကြောင့် အပိုပစ္စည်းတခုအဖြစ် လက်မှာကိုင်စရာမလိုတော့ဘူးပေါ့နော်။ shwekhitonlinetv.com
၁၂။ ဦးထုပ်တစ်ရှုး

နှာရည်ရွှဲတတ်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် စတိုင်လ်လေးပဲ ဖြစ်ပါတယ်။ ခဏခဏ တစ်ရှုးထုတ်သုံးနေရမယ့် ဒုက္ခကနေတော့ ဝေးသွားစေပေမယ့် လူတိုင်းကတော့ ငေးကြည့်နေမယ့် ဒီဇိုင်းဖြစ်မယ် ထင်ပါတယ်နော်။ shwekhitonlinetv.com
၁၃။ ခေါက်ဆွဲပြုတ်ချစ်သူတို့အတွက်

ခေါက်ဆွဲပြုတ်ပူပူတွေကို အအေးခံဖို့အတွက် နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။ တူရဲ့ တဖက်မှာ ပန်ကာတပ်ထားပြီး အအေးခံတဲ့ ဖန်တီးမှုကတော့ တကယ့်ကို ကောင်းမွန်တဲ့ စိတ်ကူးပါပဲနော်။ ဒါပေမဲ့ ပန်ကာကို သယ်ထားရတာဆိုတော့ ပေါ့ပေါ့ပါးပါးတော့ ရှိမယ်မထင်ပါဘူး။ shwekhitonlinetv.com
၁၄။ ဘတ်စ်ကား ရထား စီးသူများအတွက် ထိုင်ခုံ

ဘတ်စ်ကား ဒါမှမဟုတ် ရထားလို အများသုံးယာဥ်တွေစီးရတဲ့အခါ ထိုင်စရာမရှိတဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် ထိုင်ခုံဖြစ်ပါတယ်။ လူနှစ်ယောက်ကြားမှာ ထိုင်ခုံကို ညှပ်ထားပြီး ထိုင်လို့အဆင်ပြေစေဖို့ တီထွင်ထားတာပါ။ ထိုင်ခုံကို သွားလေရာသယ်ဖို့အတွက်တော့ ခေါင်းစားရမယ် ထင်ပါတယ်။ shwekhitonlinetv.com
၁၅။ ၂၁ ရာစု ဘရာ

ဂျပန်တို့ရဲ့ အဆုံးမရှိတဲ့ တီထွင်မှုကတော့ ပုံထဲက အမျိုးသမီးဝတ်အတွင်းခံကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်နော်။ အဆိုပါ ဘရာမှာပါတဲ့ ရေတွက်နေတဲ့ ဂဏန်းတွေဟာ ဝတ်ဆင်ထားသူ အမျိုးသမီးတယောက်ပဲ ရပ်တန့်လို့ရမှာပါ။ ဒါ့အပြင် အဆိုပါ အတွင်းခံဟာ လက်ထပ်လက်စွပ်နဲ့ ဖွင့်မှသာ ချွတ်လို့ရမယ့် ဒီဇိုင်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။