ဗြိတိန်အနေနဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကိုခုခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် မြန်နှုန်းမြင့်လေယာဉ်ပစ်ဒုံးကျည်တွေဖြစ်တဲ့ Starstreak ဒုံးကျည်တွေနဲ့ Javelin တင့်ကားဖျက်ဒုံးကျည်တွေကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ shwekhitonlinetv.com

ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘင်ဝေါလေ့ (Ben Wallace) ဟာ ရုရှားစစ်လေယာဉ်တွေကို ပစ်ချရာမှာကူညီဖို့အတွက် Starstreak မြန်နှုန်းမြင့် ဒုံးကျည်များကို ယူကရိန်းသို့ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း ပါလီမန်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com
Starstreak ဒုံးကျည်တွေဟာ ကမ္ဘာပေါ်မှာအမြန်ဆုံး မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တွေဖြစ်ပါတယ်။ ဒီဒုံးကျည်တွေရဲ့ အမြန်နှုန်းဟာ အသံရဲ့မြန်နှုန်းထက် သုံးဆလောက် ပိုပြီးမြန်ပါတယ်။ shwekhitonlinetv.com

နောက်ပြီး ဒီဒုံးကျည်တွေကို ယာဉ်တွေမှာ ယှဉ်တွဲတပ်ဆင်အသုံးပြုနိုင်သလို တပ်သားတစ်ဦးချင်းရဲ့ ပခုံးမှာလည်းထမ်းပြီး ပစ်လွှတ်နိုင်တာ်လို့ သိရပါတယ်။ shwekhitonlinetv.com
“ဒီ ဒုံးကျည်တွေကို ယူူကရိန်းတပ်သားတွေအနေနဲ့ လျင်လျင်မြန်မြန်နဲ့ အသုံးပြုတက်သွားမယ်ဆိုရင်တော့ သူတို့ရဲ့ ကောင်းကင်ယံကို ပိုမိုကောင်းမွန်စွာကာကွယ်နိုင်ပြီး ထိန်းချုပ်နိုင်သွားမှာဖြစ်ပါတယ်” လို့ မစ္စတာ ဝေါလေ့ ကဆိုပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် ဝေါလေ့ က ဗြိတိန်အနေနဲ့ ယူကရိန်းတပ်သားတွေထံကို အကွာအဝေး (၂.၅) ကီလိုမီတာအကွာကနေ ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ Javelin တင့်ကားဖျက်လက်နက် (၃၆၁၅) ခုကိုလည်း ပေးအပ်ခဲ့ကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ shwekhitonlinetv.com
ယခုလိုမျိုး အကူအညီတွေကို ယူကရိန်းသမ္မတ ဇီလင်စကီးက အွန်လိုင်း Video ကတစ်ဆင့် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။