တစ်ချိန်က ကမ္ဘာပေါ်မှာအင်အားအကြီးမားဆုံးနိုင်ငံကြီးဖြစ်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးဟာ (၁၉၉၁) ခုနှစ်မှာ ပဋိပက္ခတွေနဲ့ အစိတ်စိတ်အမွှာမွှာပြိုကွဲခဲ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲချိန်မှာတော့ စုစုပေါင်းနိုင်ငံ (၁၅) နိုင်ငံဟာသီးခြားလွတ်လပ်တဲ့ နိုင်ငံတွေအဖြစ်အသီးသီးခွဲထွက်ခဲ့ပါတယ်။ အခုတစ်ခါ မှာတော့ ဒီနိုင်ငံ (၁၅) နိုင်ငံရဲ့အကြောင်းကို ယေဘူယျအနေနဲ့ဖော်ပြသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ အာမေးနီးယား


ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ အနောက်တောင်ဖက်အကျဆုံးနေရာကနေ ဥရောပတိုက်ထဲကို ခွဲထွက်သွားခဲ့တဲ့နိုင်ငံငယ်လေးဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၁၁,၄၈၄) ကျယ်ဝန်းပြီး လူဦးရေ (၃) သန်းနီးပါးနေထိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com
၂။ အဇာဘိုင်ဂျန်


အဇာဘိုင်ဂျန်ကတော့ အာမေးနီးယား နဲ့အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ ပထဝီအနေအထားအရ အာမေးနီးယားနိုင်ငံထက် အနည်းငယ်ကျယ်ဝန်းပြီး ဧရိယာစတုရန်းမိုင်ပေါင်း (၃၃,၄၀၀) ကျော်ကျယ်ဝန်းပါတယ်။ နေထိုင်တဲ့လူဦးရေ စုစုပေါင်းကတော့ (၁၀) သန်းကျော်ရှိပါတယ်။ shwekhitonlinetv.com
၃။ ဘီလာရုစ်


ဆိုဗီယက်နိုင်ငံရဲ့ အနောက်မြောက်ဖက်ကနေခွဲထွက်သွားခဲ့တဲ့နိုင်ငံတွေထဲမှာတော့ ဘီလာရုစ်နိုင်ငံက နယ်နိမိတ်အားဖြင့်အကြီးမားဆုံးလို့ဆိုနိုင်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၈၀,၁၅၃) ကျယ်ပြန့်ပြီး လူဦးရေ စုစုပေါင်း (၉) သန်းကျော်နေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ အက်စတိုးနီးယား


ဧရိယာစတုရန်းမိုင်ပေါင်း (၁၇,၅၀၅) သာကျယ်ဝန်းတဲ့ အက်စတိုးနီးယားနိုင်ငံကတော့ ဥရောပမှာဖွံ့ဖြိုးတိုးတက်မှု လျင်မြန်တဲ့ ဘောလ်တစ်ပင်လယ်ကွေ့နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ပါတယ်။ လူဦးရေ (၁) သန်းကျော်ပဲနေထိုင်တဲ့ အက်စတိုးနီးယားနိုင်ငံကိုတော့ ဝင်ငွေမြင့်မားတဲ့စီးပွားရေးနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်ကသတ်မှတ်ထားပါတယ်။ shwekhitonlinetv.com
၅။ ဂျော်ဂျီယာ


ဂျော်ဂျီယာနိုင်ငံကတော့တစ်ချိန်က လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ပြီးရှေးကျတဲ့လူမျိုးစုတွေနေထိုင်ခဲ့တဲ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၂၁ ခုနှစ်မှာ ဆိုဗီယက်အင်ပါယာထဲပါဝင်သွားခဲ့ပြီး ၁၉၉၁ ခုနှစ်မှာတော့ သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ်ပြန်လည်ခွဲထွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၂၆,၉၀၀) ကျယ်ဝန်းပြီး လူဦးရေကတော့ (၃) သန်းကျော်သာနေထိုင်ပါတယ်။ shwekhitonlinetv.com
၆။ ကာဇက်စတန်


ဆိုဗီယက်ပြည်ထောင်စုကခွဲထွက်ခဲ့တဲ့နိုင်ငံတွေထဲမှာ ကာဇက်စတန်ဟာ ရုရှားပြီးရင် ဒုတိယနယ်နိမိတ်အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၁,၀၅၂,၁၀၀) မိုင်ကျယ်ပြန့်ပေမယ့် တောင်ကုန်းတောင်တန်းနဲ့ လွင်ပြင်တွေထူထပ်တာကြောင့် လူဦးရေကတော့ (၁၉) သန်းကျော်ပဲနေထိုင်ပါတယ်။ ကာဇက်စတန်နိုင်ငံဟာ အာရှနဲ့ဥရောပကို ပိုင်းခြားထားတဲ့နိုင်ငံလည်းဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာအကြီးမားဆုံးကုန်းတွင်းပိတ်နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ကာဂျစ္စတန်


ကာဂျစ္စတန်ကတော့ ဆိုဗီယက်ပြည်ထောင်စုရဲ့တောင်ဘက်စွန်းကျတဲ့ ဒေသကနေခွဲထွက်သွားခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၇၇,၂၀၂) မိုင်ကျယ်ဝန်းပြီး ၂၀၂၀ ခုနှစ်စာရင်းအင်းတွေအရ လူဦးရေ (၆) သန်းခွဲနေထိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၈။ လတ်ဗီးယား


လတ်ဗီးယားသမ္မတနိုင်ငံကလည်း ဘောလ်တစ်ပင်လယ်ကွေ့ (၃) နိုင်ငံထဲကတစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်နိုင်ငံလို့ ယေဘူယျအားဖြင့်တော့သတ်မှတ်လို့ရပါတယ်။ ဧရိယာနယ်နိမိတ်စုစုပေါင်း (၂၄,၉၃၈) စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေ (၂) သန်းနီးပါးနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ လစ်သူယေးနီးယား


လစ်သူယေးနီးယားနိုင်ငံကလည်း ဘောလ်တစ်ပင်လယ်ကွေ့ဒေသက နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ EU , NATO , Schengen Area , OECD စတဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလည်းဖွံ့ဖြိုးပါတယ်။ ဧရိယာအကျယ်အဝန်းကတော့ စတုရန်းမိုင်ပေါင်း (၂၅,၂၀၀) ရှိပြီး လူဦရေ (၂.၇) သန်းနေထိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com
၁၀။ မော်ဒိုဗာ


ဆိုဗီယက်ပြည်ထောင်စုရဲ့အနောက်ဖက်အကျဆုံးမှာတည်ရှိပြီး နယ်နိမိတ်အသေးဆုံးကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်ပါတယ်။ ရိုမေးနီးယား၊ ယူကရိန်း စတဲ့နိုင်ငံတွေနဲ့ထိစပ်နေပြီး ၂၀၀၅ ခုနှစ်မှာတော့ ယူကရိန်းနိုင်ငံနဲ့ သဘောတူညီချက်တစ်ခုရရှိပြီး ပင်လယ်ထွက်ပေါက်ရရှိကာ ကုန်းတွင်းပိတ်နိုင်ငံအနေအထားကနေ လွတ်မြောက်ခဲ့ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၁၃,၀၆၇) ကျယ်ဝန်းပြီး လူဦးရေ (၂.၅) သန်းနေထိုင်ပါတယ်။ shwekhitonlinetv.com
၁၁။ ရုရှား


ဆိုဗီယက်ပြည်ထောင်စုကနေခွဲထွက်ပြီး အကြီးမားဆုံးအစိတ်အပိုင်းအဖြစ်ကျန်ရှိနေတာကတော့ ရုရှားပဲဖြစ်ပါတယ်။ ရုရှားဟာ ကမ္ဘာပေါ်မှာအင်အားအကြီးမားဆုံး စူပါ ပါဝါပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာနယ်မြေအကျယ်ပြန့်ဆုံးအဖြစ် စုစုပေါင်းဧရိယာ (၆,၆၀၁,၆၇၀) စတုရန်းမိုင်ပိုင်ဆိုင်ထားပြီး လူဦးရေ (၁၄၅) သန်းကျော်နေထိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com
၁၂။ တာဂျကစ္စတန်


တာဂျကစ္စတန်နိုင်ငံအဖြစ်ခွဲထွက်ခဲ့တာကတော့ ဆိုဗီယက်ပြည်ထောင်စုရဲ့တောင်ဘက်အကျဆုံးဖြစ်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ထိစပ်နေတဲ့ဒေသဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း (၅၅,၃၀၀) ကျယ်ဝန်းပြီး လူဦးရေ (၉.၅) သန်းနေထိုင်လျက်ရှိပါတယ်။ တာဂျကစ္စတန်နိုင်ငံဟာလည်း ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com
၁၃။ တာ့မင်နစ္စတန်


ဆိုဗီယက်ကနေခွဲထွက်လာတဲ့အထဲမှာ နယ်မြေဧရိယာကြီးမားလှတဲ့နောက်ထပ်နိုင်ငံတစ်နိုင်ငံကတော့ တာ့မင်နစ္စတန်နိုင်ငံပဲဖြစ်ပါတယ်။ ကတ်စပီယံပင်လယ်အနီးတစ်ဝိုက်မှာတည်ရှိတဲ့ တာ့မင်နစ္စတန်နိုင်ငံကတော့ သဲကန္တာရထူထပ်ပြီး သဘာဝဓာတ်ငွေ့ပေါကြွယ်ဝတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လူဦးရေသိပ်သည်းမှုနည်းပါးပြီး နိုင်ငံဧရိယာ (၁၈၉,၆၆၀) စတုရန်းမိုင်ကို မှ နေထိုင်သူဦးရေက (၆) သန်း နီးပါးပဲရှိပါတယ်။ shwekhitonlinetv.com
၁၄။ ယူကရိန်း


ယူကရိန်းနိုင်ငံကတော့ ဆိုဗီယက်ပြည်ထောင်စုကခွဲထွက်ခဲ့တဲ့နိုင်ငံတွေထဲမှာ အချက်အချာအကျဆုံးဒေသတစ်ခုဖြစ်သလို ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ ဥရောပရဲ့အဓိကဝင်ပေါက်တံခါးလိုဖြစ်နေတဲ့ ယူကရိန်းနိုင်ငံကတော့ ဧရိယာစတုရန်းမိုင်ပေါင်း (၂၃၃,၀၆၂) စတုန်ရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေ (၄၁) သန်းကျော်နေထိုင်လျက်ရှိပါတယ်။ shwekhitonlinetv.com
၁၅။ ဥဇ္ဇဘတ်ကစ္စတန်


ပထဝီအနေအထားအရတော့ ဥဇ္ဇဘတ်ကစ္စတန် နိုင်ငံဟာအာရှဒေသမှာပါဝင်တာဖြစ်ပေမယ့် ကဏ္ဍအတော်များများကိုတော့ ဥရောပနိုင်ငံတွေနဲ့သာတွဲဖက်လုပ်ကိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဥဇ္ဇဘတ်ကစ္စတန်နိုင်ငံဟာ ဆိုဗီယက်ကနေခွဲထွက်ခဲ့တဲ့နိုင်ငံတွေထဲမှာ စတုတ္ထအကြီးမားဆုံးဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း (၁၇၃,၃၅၁) ကျယ်ဝန်းပါတယ်။ နေထိုင်တဲ့လူဦးရေစုစုပေါင်းကတော့ (၃၅.၃) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။