ရွှေခေတ်ပရိတ်သတ်တွေအတွက် အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ NATO (North Atlantic Treaty Organization) အဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်အသုံးစရိတ်တွေအကြောင်းပဲဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်း (၂၉) နိုင်ငံရှိတဲ့ အထဲကမှ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း စစ်အသုံးစရိတ်အများဆုံးသုံးစွဲခဲ့တဲ့ နိုင်ငံ (၁၀) နိုင်ငံကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ တူရကီ

NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် (၁၀) နေရာမှာရပ်တည်နေပါတယ်။ သူတို့အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် အသုံးပြုထားတဲ့ ဘတ်ဂျက်ငွေက စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၃,၀၅၇) သန်း ရှိပါတယ်။ shwekhitonlinetv.com
၉။ ပိုလန်

ဒီစာရင်းရဲ့အဆင့် (၉) နေရာမှာရှိနေတာကတော့ ဥရောပတိုက်အလယ်ပိုင်းက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံ ဖြစ်ပါတယ်။ ပိုလန်နိုင်ငံရဲ့ နိုင်ငံတော်ကာကွယ်ရေး စစ်အသုံးစရိတ် စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ (၁၃,၃၆၉) သန်း အထိရှိပါတယ်။ shwekhitonlinetv.com
၈။ နယ်သာလန်

အဆင့် (၈) မှာရှိနေတာကတော့ လူဦးရေ (၁၇) သန်းကျော်နေထိုင်တဲ့ အလယ်ဥရောပက နယ်သာလန်နိုင်ငံဖြစ်ပါတယ်။ နယ်သာလန် နိုင်ငံအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၄,၃၇၈) သန်း အကုန်ကျခံခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ စပိန်

ဥရောပတိုက်ရဲ့ သြဇာတိက္ကမကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံလို့ဆိုရမယ့် စပိန်နိုင်ငံကတော့ ဒီစာရင်းမှာ အဆင့် (၇) နေရာမှာရှိနေပါတယ်။ သူတို့ရဲ့ နိုင်ငံတော်ကာကွယ်ရေး စစ်အသုံးစရိတ်စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ (၁၄,၈၇၅) သန်းထိရှိခဲ့ပါတယ်။ shwekhitonlinetv.com
၆။ ကနေဒါ

အဆင့် (၆) နေရာမှာရှိနေတာကတော့ မြောက်အမေရိကတိုက်ရဲ့ အင်အားကြီးနိုင်ငံဖြစ်တဲ့ ကနေဒါနိုင်ငံပဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်အသုံးစရိတ်စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၆,၅၂၃) သန်း အသုံးပြုခဲ့ပါတယ်။ shwekhitonlinetv.com
၅။ အီတလီ

ဥရောပရဲ့ အထင်ကရနိုင်ငံတွေထဲကတစ်ခုဖြစ်ပြီး သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ အီတလီနိုင်ငံ ကတော့ဒီစာရင်းရဲ့ အဆင့် (၅) နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။ အီတလီနိုင်ငံရဲ့ နိုင်ငံတော် ကာကွယ်ရေးစစ်အသုံးစရိတ်ကတော့ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၉,၇၆၃) သန်း ရှိပါတယ်။ shwekhitonlinetv.com
၄။ ပြင်သစ်

အဆင့် (၄) နေရာမှာရှိနေတာကတော့ ပြင်သစ်နိုင်ငံပဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ကတော့ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတော်ကာကွယ်ရေးအတွက် အထွေထွေစစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ (၅၈,၇၂၉) သန်းအထိတောင်အသုံးပြုခဲ့ပါတယ်။ ဒါဟာ အဆင့် (၄) နေရာက အီတလီရဲ့ (၂) ဆ နီးပါးရှိတဲ့ပမာဏလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ ဂျာမနီ

တစ်ချိန်က ကမ္ဘာကိုကြီးစိုးခဲ့တဲ့ ဂျာမနီနိုင်ငံကတော့ ဒီနေ့အချိန်အထိ စစ်အင်အားတောင့်တင်းနေဆဲ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီအတွက်ကိုလည်း နှစ်စဉ်စစ်ဘက်ဆိုင်ရာအသုံးစရိတ်ဘတ်ဂျက်ကို အများအပြားထားလေ့ရှိပါတယ်။ ဂျာမနီအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း အသုံးပြုခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေး ဘတ်ဂျက်စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ (၆၄,၇၈၅) သန်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ဗြိတိန်

ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ဗြိတိန်ကျွန်းစုကတော့ ဒီစာရင်းမှာ အဆင့် (၂) နေရာမှာရပ်တည်နေပါတယ်။ ဗြိတိန်ရဲ့ စစ်အသုံးစရိတ်တွေဟာ နှစ်စဉ်တိုးမြင့်လျက်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှတော့ စုစုပေါင်း အမေရိကန်ဒေါ်လာ (၇၂,၇၆၅) သန်းအထိတောင်ရှိခဲ့ပါတယ်။ shwekhitonlinetv.com
၁။ အမေရိကန်

ကမ္ဘာပေါ်မှာ ပါဝါအကြီးဆုံးနိုင်ငံဖြစ်တဲ့ မြောက်အမေရိကတိုက်က အမေရိကန်နိုင်ငံကတော့ NATO အဖွဲ့ဝင်နိုင်ငံတွေထဲမှာ စစ်အသုံးစရိတ်အများဆုံးအသုံးပြုထားတဲ့နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ နိုင်ငံပီပီ နှစ်စဉ်စစ်အသုံးစရိတ်ကို တိုးမြှင့်အသုံးပြုနေတဲ့ အမေရိကန်နိုင်ငံရဲ့ ၂၀၂၁ ခုနှစ်စစ်အသုံးစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၈၁၁,၁၄၀) သန်း ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။