သင့်အနေနဲ့ ဘဝတစ်လျောက်မှာ ထူးထူးခြားခြား တိရိစ္ဆာန်တွေကိုအများအပြားတွေ့မြင်ခဲ့ဖူးလောက်ပါလိမ့်မယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် တိရိစ္ဆာန်လေးတွေလောက်တော့ ထူးခြားနေမယ်မထင်ပါဘူး။ ဘယ်လို ထူးထူးဆန်းဆန်းပုံသဏ္ဍာန် အဆင်းရှိတဲ့သတ္တဝါလေးတွေဖြစ်မလဲ လေ့လာကြည့်လိုက်ပါဦးနော် …..
၁။ ဒါကတော့ သခင်နဲ့မျက်လုံးအရောင်ဆင်တူတဲ့ ခွေးလေးဖြစ်ပါတယ်။ သင်ဆိုရင်လည်း ဒီလိုခွေးလေးတစ်ကောင်လောက် ပိုင်ဆိုင်ခြင်မှာကျိန်းသေပါပဲ။ shwekhitonlinetv.com

၂။ ပုတ်သင်ညိုတွေဟာ အရောင်အသွေးစုံလင်လှတဲ့ သတ္တဝါမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ ဒီပုတ်သင်ညိုလေးကတော့ မြင်သူတိုင်းကို အံ့အားသင့်စေမယ်လို့ ထင်ရပါတယ်။ shwekhitonlinetv.com

၃။ အယ် … ဒီခွေးလေးရဲ့ ဒီဇိုင်းကာလာ အနေအထားကတော့ လုံးဝကို အဆန်းကြီးနော် … ဘယ်လိုများ မျိုးစပ်ထားပါလိမ့်။ shwekhitonlinetv.com

၄။ ဒီကြောင်ကလေးကလဲ အညိုရောင်နဲ့ အနက်ရောင်အဆင်းကို မျက်နှာမှာတစ်ဝက်ဆီ ဖြစ်ပေါ်နေသလိုမျက်လုံး အရောင်ကပါတစ်ဖက်နဲ့ တစ်ဖက်တူညီခြင်းမရှိပါဘူး။ shwekhitonlinetv.com

၅။ လူအတော်များများကတော့ ကြွက်ဆိုတဲ့သတ္တဝါကို ရွံမုန်းကြပါတယ်။ ဒါပေမယ့် ဒီလိုရွှေရောင်အဆင်းနဲ့ကြွက်လေးဆိုရင်တော့ ချစ်မိမှအမှန်ပါပဲ။ shwekhitonlinetv.com

၆။ ဒီခွေးလေးကတော့ အတော်လေးကိုအသည်းယားစရာကောင်းမယ်ထင်ပါတယ်။ သူ့မှာထူးခြားတဲ့ ခြေချောင်းအပိုတွေပါနေတယ်လေ။ shwekhitonlinetv.com

၇။ သင့်ပတ်ဝန်းကျင်မှာ ခိုငှက်လေးတွေကိုမြင်ဖူးမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီလိုလှပတဲ့ အမွှေးအတောင်တွေနဲ့ ခိုငှက်မျိုးကိုတော့ မြင်ဖူးမှာမဟုတ်ပါဘူး။ shwekhitonlinetv.com

၈။ ဒီမြင်းလေးရဲ့မျက်လုံးကလည်း အလွန်တရာကိုလှပနေပါတယ်။ ကြည့်ပါဦး ခရမ်းရောင်တောက်ပနေလိုက်တာ ….. shwekhitonlinetv.com

၉။ မိခင်သဘာဝတရားကြီးက ဒီကြောင်လေးကို ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတလေး အပိုဖန်တီးပေးထားပါတယ်။ shwekhitonlinetv.com

၁၀။ ငှက်တွေဟာ အရောင်အသွေးမျိုးစုံနဲ့လှပတဲ့ သတ္တဝါလေးတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီသက်တံ့ရောင်စုံ ငှက်ကလေးလောက်တော့ လှမယ်မထင်ပါဘူး။ shwekhitonlinetv.com

၁၁။ အယ်လ်ဘိုင်နို (Albino) ဝေဒနာခံစားနေရတဲ့ တိရိစ္ဆာန်လေးတွေဟာ ရှားပါးပြီး အမြင်အားဖြင့်တော့ လှပလွန်းပါတယ်။ ဒါကတော့ အယ်လ်ဘိုင်နို ခြင်္သေ့တစ်ကောင်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ အမှန်အတိုင်းပြောရရင်တော့ ဒီဆိတ်ကလေးရဲ့ ပုံသဏ္ဍာန်ကကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် သူ့မှာ ဆိတ် (၂) ကောင်နဲ့ညီမျှတဲ့ ခွန်အားမျိုးတော့ရှိနေမယ်ထင်ပါတယ်။ shwekhitonlinetv.com

၁၃။ ဒီကြောင်လေးရဲ့ မျက်လုံးလေးတွေကတော့ အစိမ်းရောင်ဖျော့ဖျော့နဲ့ လှပလွန်းပါတယ်။ shwekhitonlinetv.com

၁၄။ တစ်ကောင်ကို အရောင်တစ်မျိုးစီနဲ့ မြေခွေးလေးတွေဖြစ်ပါတယ်။ ဒီအရွယ်လေးတွေကတော့ ချစ်ဖို့ကောင်းတာ အမှန်ပဲနော် … shwekhitonlinetv.com

၁၅။ ဒီခွေးလေးရဲ့ မျက်နှာကို အလယ်ခေါင်တည့်တည့်ကနေ အဖြူအမဲ နှစ်ခြမ်းခွဲထားပုံက Oreo မုန့်လေးကိုတောင် သတိရစေပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။