Khaby Lame လို့ဆိုလိုက်တာနဲ့ Social App တွေမှာနာမည်ကြီးနေတဲ့ Tik Toker တစ်ဦးကိုအားလုံးပဲပြေးမြင်မိ ကြမယ်လို့ထင်ပါတယ်။ ဟုတ်ပါတယ်။ Khaby Lame ဟာအခုဆိုရင် Tik Tok မှာ Followers (၁၃၄.၅) သန်း အထိတောင်ပိုင်ဆိုင်ထားပြီး မသိသူမရှိသလောက်တောင် အောင်မြင်ကျော်ကြားနေပါပြီ။ shwekhitonlinetv.com

Tik Tok မှာသူ့ထက် Followers ပိုများတာဆိုလို့ Followers (၁၃၇.၇) သန်းပိုင်ဆိုင်ထားတဲ့ အမေရိကန် ဆယ်ကျော်သက် Dancer ဖြစ်တဲ့ Charli D’Amelio ပဲရှိပါတော့တယ်။ Khaby အနေနဲ့ ဒီလိုမျိုး အချိန်တိုအတွင်းမှာ အောင်မြင်ခဲ့တဲ့နောက်ကွယ်က အကြောင်းအရင်းတစ်ချို့ကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ shwekhitonlinetv.com
ဒီအကြောင်းအရင်းလေးတွေကို မပြောပြခင် Khaby Lame ရဲ့ ဘဝအကြောင်းလေးကို အရင်ဆုံး မိတ်ဆက်ပေးချင်ပါတယ်။ သူ့ကို ၂၀၀၀ ပြည့်နှစ် မတ်လ (၉) ရက်နေ့မှာ ဆီနီဂေါနိုင်ငံ မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့အသက် (၁) နှစ်အရွယ်မှာပဲ အီတလီနိုင်ငံ တူရင်မြို့ ချီဗက်ဆိုက အိမ်ရာတစ်ခုကို တစ်မိသားစုလုံးပြောင်းရွှေ့ခဲ့ပါတယ်။ ဒါကြောင့်သူက ဆီနီဂေါနွယ်ဖွား အီတလီနိုင်ငံသားတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ သူ့မှာမွေးချင်းကတော့ (၃) ယောက်ရှိပါတယ်။ shwekhitonlinetv.com
သူ့အသက် (၂၀) အရွယ်အထိကို တူရင်မြို့အနီးကစက်ရုံတစ်ခုမှာ CNC Machine Operator တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၂၀ မတ်လ မှာတော့ COVID-19 ကြောင့် အလုပ်သမားဦးရေလျော့ချတဲ့ အထဲ Khaby လည်းတစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒါဟာ သူ့ဘဝအတွက် အလှည့်အပြောင်းဖြစ်စေမယ့် အခိုက်အတန့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အလုပ်မရှိတော့တဲ့ Khaby ဟာအလုပ်သစ်မရခင်မှာ COVID-19 ကြောင့် အိမ်မှာနေရင်း ဖုန်းတစ်လုံးနဲ့သာနေ့ စဉ်ဘဝကိုဖြတ်သန်းနေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ Tik Tok Application ကိုအသုံးပြုမိရာကနေ Khaby တစ်ယောက်အတွေးအမြင်သစ်တစ်ခု ရရှိခဲ့ပါတယ်။ shwekhitonlinetv.com
အဲ့ဒါကတော့ တစ်ခြားသူတွေရဲ့ Video လေးတွေကို ဟာသဆန်ဆန်လှောင်ပြောင်ပြီး Life Hack Videos လေးတွေကို အပျော်ဖန်တီးဖို့ပဲဖြစ်ပါတယ်။ အပျော်သဘောနဲ့ စတင်ပြီးဖန်တီးခဲ့ပေမယ့် စကားမပြောဘဲနဲ့ ဟာသဖြစ်အောင်ပြုလုပ်နိုင်တဲ့ သူ့ရဲ့ဟန်ပန်အမူအရာတွေကို လူတွေကသဘောကျနှစ်သက်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့တစ်စတစ်စ လူသိများလာသလို Tik Tok နဲ့ Instagram မှာ Followers တွေသန်းချီရရှိလာပြီး Social Influencer တစ်ယောက်အဖြစ်ရောက်ရှိလာပါတယ်။ လက်ရှိအချိန်မှာတော့ နာမည်ကျော်ကုန်ပစ္စည်းအမှတ်တံဆိပ်တွေဟာလည်း သူ့ရဲ့ပုံရိပ်ကိုအသုံးပြုခွင့်အတွက် စာချုပ်တွေအများအပြားချုပ်ဆိုထားပြီးဖြစ်ပါတယ်။ shwekhitonlinetv.com
သူနေထိုင်ရာတူရင်မြို့က သူအားပေးတဲ့မြို့ခံဘောလုံးကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းကလည်း သူတို့ရဲ့ ကြော်ငြာတွေအတွက် Khaby နဲ့ အကျိုးတူစာချုပ်တစ်ချို့ချုပ်ဆိုထားတယ်လို့ သိရပါတယ်။ ကမ္ဘာကျော် Hugo BOSS ဖက်ရှင်အမှတ်တံဆိပ်အတွက်လည်း အခြား Cele တွေဖြစ်တဲ့ Kendall Jenner၊ Lee Min-Ho၊ Future၊ Hailey Bieber တို့နည်းတူ နှစ်ရှည်မိတ်ဖက်စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာ Khaby ရဲ့ဝင်ငွေက အမေရိကန်ဒေါ်လာ (၂.၃) သန်းရှိထားပြီဖြစ်ပါတယ်။ ၂၀၂၂ အကုန်မှာ (၅) သန်းလောက်ဝင်ငွေရနိုင်တယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ COVID-19 ကြောင့်အလုပ်ပြုတ်ခဲ့ပေမယ့် ဝင်ငွေပိုကောင်းပြီး ထင်ပေါ်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်လာတာကတော့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုနဲ့ သူူ့ရဲ့စိတ်ကူးစိတ်သန်းကောင်းမှုတွေကြောင့်လို့ပဲဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။