အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေအတွက် ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဗီယက်နမ်နိုင်ငံမှာ ရွှေအစစ်တွေနဲ့ တည်ဆောက်ဖွင့်လှစ်ထားတဲ့ ကြယ်ငါးပွင့်အဆင့် ရွှေဟိုတယ်ကြီးအကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ရွှေသားအစစ်တွေနဲ့တည်ဆောက်ထားတဲ့ ကြယ်ငါးပွင့်အဆင့် ဇိမ်ခံဟိုတယ်ကြီးရဲ့နာမည်ကတော့ Dolce Hanoi Golden Lake ဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဟနွိုင်းမှာရှိတဲ့ ဂျီအန်းဗို ရေကန်ကြီးအနီးမှာ တည်ရှိပါတယ်။ shwekhitonlinetv.com
ဒီဟိုတယ်ကြီးဟာ (၂၅) လွှာရှိပြီး ဟိုတယ်ရဲ့ အတွင်းအပြင် ကို (၂၄) ကာရက်ရှိတဲ့ ရွှေသားအစစ်တွေချထားတဲ့ ရွှေပြားအလေးချိန်တစ်တန်လောက်နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်ရဲ့ ဧည့်ခန်း၊ ရေချိုးခန်း၊ ပန်းကန်ခွက်ယောက်၊ အိမ်သာထိုင်ခုံ စတဲ့အသုံးအဆောင်တွေကိုလည်း ရွှေချထားပါတယ်။ shwekhitonlinetv.com

ဒီဟိုတယ်ကြီးကိုတည်ဆောက်ရာမှာတော့ အမေရိကန်ဒေါ်လာသန်း (၂၀၀) ဝန်းကျင်ကုန်ကျခဲ့တယ်လို့သိရပြီး ပြည်တွင်းကဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ဟွာဘင်း (Hoa Binh) က ၂၀၀၉ ခုနှစ်ကတည်းက တာဝန်ယူတည်ဆောက်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ shwekhitonlinetv.com
ဟိုတယ်ဖွင့်ပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူူလိုင်လမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် COVID-19 ကြောင့် လာရောက်လည်ပတ်တဲ့ ခရီးသွားဦးရေနည်းပါးခဲ့ပြီး ဟိုတယ်လုပ်ငန်းအပြည့်အဝ လည်ပတ်နိုင်ခြင်းတော့မရှိခဲ့ဘူးလို့သိရပါတယ်။ shwekhitonlinetv.com

အထပ်အမြင့် (၂၅) လွှာထိရှိတာကြောင့် ဟနွိုင်းမြို့ရဲ့ အလှကိုအပေါ်စီးကနေ ကြည့်ရှုနိုင်မယ့် ဒီ ဟိုတယ်ကြီးမှာတည်းခိုချင်သူတွေအတွက် ကျသင့်မယ့်နှုန်းထားကတော့ တစ်ညကို အမေရိကန်ဒေါ်လာ (၂၅၀) ဖြစ်ပါတယ်။ shwekhitonlinetv.com
“ရွှေကို အရေပြားနဲ့တိုက်ရိုက်ထိတွေ့အောင်ပြုလုပ်တာဟာ အဆစ်အမြစ်နာကျင်ကိုက်ခဲ ရောင်ရမ်းတဲ့ ရောဂါဝေဒနာတွေကိုသက်သာစေသလို အရေပြားရဲ့ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ရဲ့အပူချိန်ကိုပုံမှန်ဖြစ်အောင်ထိန်းညှိပေးပြီး စိတ်ကိုကြည်လင်လန်းဆန်းစေတယ်’’လို့ Hoa Binh အဖွဲ့၏ ဥက္ကဋ္ဌ ငုယင်ဟူးယောင်းက ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

ကဲ ….. ရွှေခေတ်ပရိသတ်တွေထဲမှာလည်း ဗီယက်နမ်နိုင်ငံရောက်ရင် ဒီရွှေဟိုတယ်ကြီးမှာသွားရောက်တည်းခိုပြီး အတွေ့အကြုံသစ်တွေကို ခံစားခဲ့ကြပါဦးနော် ….. shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။