လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လ (၆) ရက်နေ့မှာတော့ ဆေးရုံတစ်ခုက သူနာပြုတစ်ဦးဟာ မွေးကင်းစကလေးတစ်ဦးကို Scan ဖတ်ထားတဲ့ ရလဒ်စာရွက်ကလေးကို ကြည့်ပြီးတုန်လှုပ်ခြောက်ခြားစွာနဲ့ အော်လိုက်ပါတယ်။ ဘာကြောင့် လဲဆိုတော့ Scan ဖတ်ထားတဲ့စာရွက်ထဲမှာ ဒီကလေးရဲ့ ဦးနှောက်ကိုမတွေ့လို့ပဲ ဖြစ်ပါတယ် … shwekhitonlinetv.com

ဒီ Scan ရလဒ်ရဲ့ ပိုင်ရှင်ကတော့ Noah Wall လို့အမည်ရတဲ့ မွေကင်းစကလေးတစ်ဦးဖြစ်ပါတယ်။ သူဟာ အမှန်တစ်ကယ်ပဲ မွေးကတည်းက ဦးနှောက်မပါလာ (သာမန်ပါရှိရမယ့် ဦးနှောက်ရဲ့ ၂ ရာခိုင်နှုန်းခန့်သာပါ) တဲ့ ကလေးငယ်တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီကလေးဟာ အလွန်ရှားပါးလွန်းတဲ့ အခြေအနေတစ်ရပ်နဲ့ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ သားအိမ်အတွင်းမှာရှိစဉ်ကတည်းက သူ့ရဲ့အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေက ပုံမှန်အတိုင်းကြီးထွားခဲ့ပေမယ့် ဦးနှောက်ကတော့ ဖွံ့ဖြိုးကြီးထွားမှုမရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုထူးခြားတဲ့ဖြစ်စဉ်မျိုးဟာ ဆေးပညာလောကမှာတော့ ကြုံတောင့်ကြုံခဲဖြစ်စဉ်မို့လို့ ဆရာဝန်တွေဟာ အကြီးအကျယ်ခေါင်းစားခဲ့ကြရပါတယ်။ ဒီကလေးမွေးဖွားလာချိန်မှာ ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်းတွေကို ဆွေးနွေးတိုင်ပင် ရှာကြံခဲ့ကြပေမယ့် လူ့လောကကို ခဏအလည်လာတဲ့ ဧည့်သည်သဘောမျိုးလောက်သာ ရှင်သန်နိုင်လိမ့်မယ်လို့ ထင်မြင်ယူဆခဲ့ကြပါတယ်။ shwekhitonlinetv.com
Noah Wall ဟာ အင်္ဂလန်နိုင်ငံမြောက်ပိုင်း ကန်ဘရီယာဒေသမှာနေထိုင်တဲ့ Rob Wall နဲ့ Michelle Shelly တို့ရဲ့ တတိယမြောက်ကလေးဖြစ်ပါတယ်။ သူမရဲ့မိခင်ဖြစ်သူ Shelly ကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလ ကတည်းက ဒီကိစ္စကိုသိထားတာဖြစ်ပါတယ်။ တစ်ချို့လူတွေက ဒီကလေးကိုမယူဖို့ အကြံပေးခဲ့တာတွေရှိခဲ့ပေမယ့် သမီး (၂) ဦးရှိထားပြီးဖြစ်တဲ့ Shelly ကတော့ သူ့ရဲ့ပထမဆုံးသားလေးကို မွေးဖွားဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း ကံတရားရဲ့အလှည့်အပြောင်းတွေကပဲ ဆန်းကြယ်လွန်းသလို ဒီကလေးရဲ့ ကုသိုလ်ကံလည်းကောင်းတယ်လို့ဆိုရမလိုပါပဲ။ မွေးဖွားစဉ်အချိန်တုန်းက ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုမရှိတဲ့ ဒီကလေးလေးဟာ မွေးဖွားပြီးချိန်မှာတော့ သူ့အလိုလို ဦးနှောက်ကတဖြည်းဖြည်းပြန်လည် ကြီးထွားဖွံ့ဖြိုးလာပါတယ်။ shwekhitonlinetv.com
ကြီးထွားလာတဲ့ဦးနှောက်ကြောင့် ဦးခေါင်းခွံအတွင်းနေရာဆန့်အောင်လို့တော့ ခွဲစိတ်မှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာဆိုရင်တော့ ခွဲစိတ်မှုပေါင်း (၁၁) ကြိမ်ပြုလုပ်ထားပြီးတော့ သူ့ရဲ့ဦးနှောက်ကလည်း (၂) ရာခိုင်နှုန်းကနေ (၈၀) ရာခိုင်နှုန်းအထိတောင် ဖွံဖြိုးကြီးထွားလာခဲ့ပါပြီ။ shwekhitonlinetv.com

ပုံမှန်မဟုတ်တဲ့ ဦးနှောက်အခြေအနေကြောင့် မွေးရာပါ စကားပြောဖို့ခက်ခဲ့တာ၊ အစာစားဖို့ခက်ခဲတာ၊ လမ်းမလျှောက်နိုင်တာတွေခံစားနေရတဲ့ Noah လေးဟာ သူတို့မြို့က မြိုခံဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
သူ့ရဲ့မိဘတွေကတော့ သူတို့ရဲ့သားဟာလက်ရှိအချိန်မှာ Wheel Chair ပေါ်မှာသာဘဝကို နေထိုင် ဖြတ်သန်းနေရပေမယ့် တစ်နေ့ကျရင်ဘောလုံးကစားနိုင်မယ်လို့ ယုံကြည်လျှက်ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ သူ့ရဲ့ (၁၀) နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ Noah လေးကလည်း “ကျွန်တော် နယူးကာဆယ်အသင်းရဲ့ စိန့်ဂျိမ်းပတ် (St. James Park) ကွင်းကိုသွားတုန်းက အရမ်းကိုပျော်ရွှင်အံ့အား သင့်ခဲ့ရပါတယ်။ တစ်နေ့မှာ ဒီကွင်းကြီးထဲကမြက်ခင်းတွေပေါ်မှာပြေးလွှားပြီး ကျွန်တော်ဂိုးသွင်းယူမှာပါ” လို့ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

မွေးရာပါဦးနှောက်မပါသလောက်နီးပါး အခြေအနေကြောင့် လူ့ဘဝမှာခဏတာပဲနေရမယ်လို့ ထင်ရတဲ့ ထူးခြားတဲ့ကလေးငယ်တစ်ဦးဟာ အခုဆိုရင်တော့ (၁၀) နှစ်ပြည့်မွေးနေ့ကိုတောင်ဖြတ်သန်းခဲ့ပြီဖြစ်ပြီး တစ်ခြားကလေးတွေလိုပဲ ရည်မှန်းချက်အိမ်မက်တွေအပြည့် နဲ့ ဘဝကိုဖြတ်သန်းနေပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။