ကမ္ဘာဆိုတာဟာ မကုန်ခမ်းနိုင်တဲ့သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဂြိုဟ်ကြီးတစ်လုံးဖြစ်ပါတယ်။ နိုင်ငံအသီးသီးရဲ့ ဒေသအသီးသီးမှာ ထူးဆန်းအံ့သြပြီး ရင်သပ်ရှုမောဖွယ်ကောင်းလွန်းတဲ့ အလှတရားတွေ မြင်ကွင်းတွေ ရှိနေတာကိုလည်း အားလုံးသိပြီးဖြစ်ပါတယ်။ shwekhitonlinetv.com
အခုတစ်ခါမှာတော့ အွန်လိုင်း Group တစ်ခုကတင်ထားတဲ့ ကမ္ဘာမြေရဲ့အလှတရားတွေကိုဖော်ကျူးထားတဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ ဒီပုံတွေထဲက အတော်များများကိုတော့ ပရိသတ်တွေအနေနဲ့ တစ်ခါမှမြင်ဖူးမယ်လို့မထင်ပါဘူး။ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် …. shwekhitonlinetv.com
၁။ ဒီနေရာကတော့ အာဂျင်တီးနားနိုင်ငံမှာထူးထူးခြားခြားတည်ရှိနေတဲ့ Patagonia ရေခဲမြစ်ရဲ့ မြစ်ကျောတစ်နေရာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒီအပင်မျိုးကိုတော့ Wisteria လို့ခေါ်ပါတယ်။ လန်ဒန်မြို့ Kensington တောင်ပိုင်းကနေအိမ်တစ်အိမ်ကို ဒီအပင်က နွယ်တက်နေတာဖြစ်ပါတယ်။ အိမ်ရဲ့အရောင်ကအဖြူ အပင်ရဲ့အပွင့်အခက်တွေက ခရမ်းရောင်ဆိုတော့ ကြည့်ရတာအတော်လေးကို မျက်စိပသာဒ ဖြစ်စေပါတယ်။ shwekhitonlinetv.com

၃။ ဒါကတော့ နော်ဝေးနိုင်ငံ Lovatnet ဒေသရဲ့နွေရာသီနေ့တစ်နေ့အလှပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဒီပုံလေးကိုမြင်ရင်တော့ Alice in Wonderland ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးထဲက ဇာတ်ဝင်ခန်းတစ်ခန်းလို့ ထင်မြင်မိကြမယ်ထင်ပါတယ်။ အမှန်တော့ဒါဟာ တစ်ကယ့်အပြင်လောကမှာရှိတဲ့ သဘာဝအလှတရားဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ချယ်ရီပန်းပင်တွေ ပွင့်ဖူးကြတဲ့ရာသီဆိုရင် ဂျပန်နိုင်ငံကနေရာအတော်များများဟာ အခုလိုပဲလှပနေတတ်ပါတယ်။ shwekhitonlinetv.com

၆။ မြူနှင်းတွေဆိုင်းနေတဲ့ အချိန်သစ်တောထဲမှာရှိတဲ့ သမင်တစ်ကောင်ရဲ့ပုံရိပ်ကို ဓာတ်ပုံဆရာကအမိအရ ရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ တောင်ကုန်းပေါ်က သစ်ပင်တစ်ပင်ရဲ့အနောက်မှာ လမင်းကြီးကိုတည့်တည့်မတ်မတ်မြင်နေရအောင်လက်စွမ်းပြထားတဲ့ ဓာတ်ပုံဆရာရဲ့ အိုင်ဒီယာကလည်း ချီးကျူးဖို့ကောင်းလှပါတယ်။ shwekhitonlinetv.com

၈။ အပြာရောင်နဲ့အဖြူရောင်ရောစပ်ထားတဲ့ ပန်းပွင့်ပင်လယ်ကြီးထဲမှာ သစ်ပင်တစ်ပင်က ထီးတည်းကြီးပေါက်ရောက်နေတာဟာလည်း တစ်မျိုးတစ်ဖုံကြည့်လို့ကောင်းနေတာအမှန်ပါပဲ။ shwekhitonlinetv.com

၉။ ကြယ်တွေကို ကြည့်ရတာနှစ်သက်သူတွေကတော့ ဒီလိုနေရာကိုသွားချင်မှာ အမှန်ပါပဲ။ shwekhitonlinetv.com

၁၀။ ပုံထဲမှာတော့ ရေကန်ရဲ့အရောင်ကအနက်ရောင် ဆီးနှင်းတွေကျဆင်းနေတဲ့ကုန်းမြေရဲ့ အရောင်ကတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အဖြုရောင် … အခုလိုတစ်မျိုးစီဖြစ်နေတာကိုကအလှတရားတစ်ခုသဖွယ်ဖြစ်နေပါတယ်။ shwekhitonlinetv.com

၁၁။ ပြင်သစ်နိုင်ငံမှာရှိတဲ့ Mont Saint-Michel ရဲတိုက်ကြီးကို လှပတဲ့ရှုထောင့်အမြင်ကနေရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ ဂရိနိုင်ငံ Lesbos ဒေသက Molyvos မြို့ကလေးမှာရှိတဲ့ လမ်းလေးတစ်ခုဖြစ်ပါတယ်။ အတော်လေးကို စိတ်ငြိမ်အေးချမ်းပြီး ကြည်နူးစရာကောင်းတဲ့နေရာလေးပါပဲနော် … shwekhitonlinetv.com

၁၃။ အပူပိုင်းဒေသနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မော်လ်ဒိုက်နိုင်ငံ ဘိုအာဘိုအာ ကျွန်းစုရဲ့အလှတရားဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ မြင်မြင်လေရာ အစိမ်းရောင် ကတ္တီပါအခင်း ဖုံးလွှမ်းထားသလို မြင်ကွင်းကို တွေ့ရမှာပါ။ ဒီလို လှပတဲ့ နေရာလေးကတော့ ဆွစ်ဇာလန်နိုင်ငံ Lauterbrunnen ဒေသရဲ့အလှတရားဖြစ်ပါတယ်။ shwekhitonlinetv.com

၁၅။ ဒီပုံလေးကတော့ ဓာတ်ပုံပြိုင်ပွဲတစ်ခုမှာဆုရခဲ့တဲ့ပုံလေးဖြစ်ပါတယ်။ မြူတွေဆိုင်းနေတဲ့ တရုတ်နိုင်ငံ ကျေးလက်ဒေသ မနက်ခင်းတစ်ခုကို ဓာတ်ပုံဆရာကအကောင်းဆုံးရိုက်ကူးဖန်တီးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။