ဆူလာဝေဆီကျွန်းဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံးကျွန်းကြီးလေးခုထဲက တစ်ခုဖြစ်သလို ကမ္ဘာပေါ်မှာ (၁၁) ခုမြောက်အကြီးဆုံးကျွန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီကျွန်းက ဂျာဗား၊ ဆူးမတြား စတဲ့ကျွန်းတွေလောက်လူဦးရေထူထပ်သိပ်သည်းခြင်းမရှိပေမယ့် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာ၊ လူမျိုးစုတွေရှိနေတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကျွန်းနဲ့ပတ်သက်ပြီး အဓိကကျော်ကြားတဲ့ လူမျိုးစုတစ်စုကတော့ Torajan လူမျိုးစုတွေပဲဖြစ်ပါတယ်။ ဒီလူမျိုးစုတွေဟာ အလွန်ရှေးကြတဲ့မျိုးနွယ်စုတွေကနေဆင်းသက်လာကြတာဖြစ်ပြီး အတော်လေးကိုရိုးရှင်းတဲ့ ရှေးရိုးစွဲ ဓလေ့ထုံးတမ်းတွေကို ဒီနေ့ထက်တိုင် လိုက်နာကျင့်သုံးနေတဲ့ လူမျိုးစုလို့လဲဆိုနိုင်ပါတယ်။ shwekhitonlinetv.com
ဒီလူမျိုးစုတွေနေထိုင်ကြတာက ဆူလာဝေဆီကျွန်းတောင်ပိုင်းရဲ့ အလယ်ဗဟိုလောက်ကျတဲ့နေရာမှာဖြစ်ပါတယ်။ ဆူလာဝေဆီကျွန်းတောင်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ Makassar ကနေဆိုရင် (၁၈၆) မိုင်လောက်ကွာဝေးတဲ့နေရာမှာရှိပါတယ်။ shwekhitonlinetv.com

ဒီလူမျိုးစုတွေနေထိုင်တဲ့ ရွာလေးကိုတော့ Tana Toraja လို့ခေါ်ပြီး ပုံမှန်မဟုတ်တဲ့ ထူးထူးဆန်းဆန်းဓလေ့ ထုံးတမ်းတွေကို ဒီနေရာမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ဝင်စားဖို့ကောင်းတာက ဒီလူမျိုးစုတွေရဲ့ အသုဘဓလေ့ထုံးတမ်းနဲ့ ဈာပနအခမ်းအနားတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
သူတို့ဟာ ကွယ်လွန်သွားပြီးတဲ့သူတွေကို ကျောက်တောင်နံရံတွေမှာထွင်းပြီးခေါင်းတလားတွေထည့်ထားတာ၊ ကျောက်တောင်အစွန်းလိုနေရာမျိုးတွေမှာ ခေါင်းတလားတွေကို ချိတ်ဆွဲထားတာ၊ ကွယ်လွန်ပြီးတဲ့သူတွေကို မံမီတွေလိုပြုလုပ်ထားပြီး တစ်နှစ်တစ်ခါ သူတို့နဲ့အတူပွဲတော်တွေကျင်းပတာ စတာတွေကိုပြုလုပ်တက်ကြပါတယ်။ shwekhitonlinetv.com

ဒါတွေကအရွယ်ရောက်ပြီးသူတွေကို သဂြိုဟ်တဲ့နည်းလမ်းတွေဖြစ်ပြီး အရွယ်မရောက်သေးတဲ့ကလေးတွေကို သင်္ဂြိုဟ်တဲ့နည်းလမ်းကတော့ ပိုလို့တောင်ထူးခြားလှပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အသက်မရှိတော့ဘဲ ကွယ်လွန်သွားတဲ့ ကလေးသူငယ်တွေကို သစ်ပင်ကြီးတွေမှာ အပေါက်ဖောက် ထည့်သွင်းပြီး သင်္ဂြိုဟ်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
ကလေးတစ်ဦးကွယ်လွန်ပြီဆိုရင် Torajan လူမျိုးတွေဟာ ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည်ကို အပေါက်ဖောက်ကြပါတယ်။ ပြီးရင်တော့ ကလေးကိုအဝတ်စည်းပြီးထည့်သွင်းကာ အုန်းမျှင်လိုအရာမျိုးတွေနဲ့ အပေါက်ကိုပြန်လည်ပိတ်ဆို့ပြီး သင်္ဂြိုဟ်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုလုပ်ခြင်းအားဖြင့်ကလေးငယ်တွေဟာ ဒီသစ်ပင်တွေထဲမှာနှစ်တွေကြာတာနဲ့အမျှ သဘာဝကပြန်လည်စုပ်ယူခေါ်ဆောင်သွားခြင်းကို ခံကြရတယ်လို့ သူတို့အနေနဲ့ယုံကြည်ထားကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီရွာကိုရောက်ပြီဆိုရင် ဒီရွာအနီးတစ်ဝိုက်က သစ်ပင်ကြီးတွေမှာ ဒီလိုအပေါက်ဖောက်ပြီး သင်္ဂြိုဟ်ထားတဲ့ ကလေးငယ်ပေါင်း ဒါဇင်နဲ့ချီပြီးရှိနေတာကို တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။