Walmart ဆိုတာကတော့ ကမ္ဘာပေါ်မှာနာမည်အကျော်ကြားဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကလုပ်ငန်းကတော့ လက်လီအရောင်းဆိုင်တွေပဲဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံပေါင်း (၂၄) နိုင်ငံမှာ ဆိုင်ခွဲပေါင်း (၁၀,၅၉၃) ဆိုင်ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ shwekhitonlinetv.com

ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန်နိုင်ငံသား Sam Walton က (၁၉၆၂) ခုနှစ်မှာ ဒီကုမ္ပဏီကိုအစပြုတည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ လုပ်ငန်းကအတော်လေးကို ကြီးထွားတိုးတက်နေပြီပဲဖြစ်ပါတယ်။ Walmart ကုမ္ပဏီကဘယ်လောက်ထိကြီးမားပြီး ကျယ်ပြန့်သလဲဆိုတာကိုတော့ သူတို့ဆီမှာလုပ်နေတဲ့ဝန်ထမ်းဦးရေကို ကြည့်တာနဲ့တင်သိနိုင်ပါတယ်။ shwekhitonlinetv.com
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ကအထိကောက်ယူထားတဲ့ စစ်တမ်းတွေ အရဆိုရင် သူတို့ရဲ့ဝန်ထမ်းဦးရေဟာ (၂၃၀၀၀၀၀) ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ဒီဝန်ထမ်းတွေကိုသာ စုပြီးမြို့တည်ထောင်ပေးလိုက်မယ်ဆိုရင် အမေရိကန်မှာ ပဉ္စမမြောက်အကြီးဆုံးမြို့ဖြစ်လာပါလိမ့်မယ်။ shwekhitonlinetv.com

ပြီးခဲ့တဲ့ ၂၀၂၁ မှာတော့ Walmart အနေနဲ့ ဝင်ငွေစုစုပေါင်း (၅၂၄) ဘီလီယံရရှိခဲ့ပါတယ်။ ဒီလိုကုမ္ပဏီကြီးရဲ့ ရှယ်ယာ (၅၀.၈၅) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ မိသားစုအနေနဲ့ ဘယ်လောက်တောင်ဝင်ငွေကောင်းပြီး ချမ်းသာနေမလဲဆိုတာ တွေးကြည့်ယုံနဲ့တင်သိနိုင်ပေမယ့် စီးပွားရေးမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Bloomberg ရဲ့ဖော်ပြချက် အရကိန်းဂဏန်းတွေနဲ့ တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
လက်ရှိ ရှယ်ယာ (၅၀.၈၅) ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတာကတော့ Sam Walton ရဲ့ သက်ရှိထင်ရှားသားသမီး (၃) ဦးဖြစ်တဲ့ Rob Walton၊ Jim Walton နဲ့ Alice Walton ဆိုတဲ့မောင်နှမ (၃) ဦးပဲဖြစ်ပါတယ်။ သူတို့ (၃) ဦးရဲ့ Walton Family ကတော့ အမေရိကန်ဒေါ်လာ (၂၅၀) ဘီလီယံလောက်ကြွယ်ဝပြီး အမေရိကန်မှာအချမ်းသာဆုံး မိသားစုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ရဲ့ တစ်မိနစ်ဝင်ငွေက အမေရိကန်ဒေါ်လာ (၇၀၀၀၀) နီးပါးရှိပြီး တစ်နာရီတိုင်းကို ဒေါ်လာ (၄) သန်းလောက်ဝင်ငွေရှိပါတယ်။ ဒါဟာတစ်နှစ်ကို အမေရိကန် (၃၆) ဘီလီယံကျော်လောက်ရှိတဲ့ ဝင်ငွေပမာဏတစ်ရပ်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။