စိတ်ရှုပ်စရာတွေ စိတ်ပူပန်စရာတွေများနေတဲ့ ဒီနေ့ခေတ်ကြီးမှာ စိတ်အပန်းဖြေတတ်ဖို့ဆိုတာ သေချာပေါက် အရေးကြီးပါတယ်နော်။ တစ်ခါတစ်လေမှာ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေနဲ့လည်း စိတ်ရှုပ် စိတ်တိုရတဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဘာကိုမှ စိတ်ရှုပ်မခံဘဲ ဖြစ်သလိုလုပ်ထားတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ဖြစ်သလိုလုပ်တတ်တဲ့ အကျင့်ကြောင့် ကိုယ်တိုင်အတွက်သာမက ပတ်၀န်းကျင်အတွက်ပါ အနှောင့်အယှက်ဖြစ်ပြီး အန္တရာယ်ဖြစ်စေနိုင်တာကို တွေ့ရမှာပါနော်။ shwekhitonlinetv.com
၁။ ဓာတ်လိုက်မှာ မကြောက်ကြသူများ

အခုပုံကို မြင်လိုက်တာနဲ့ တော်တော်ရူးမိုက်တဲ့ လူတွေပဲလို့ ရေရွတ်မိမယ် ထင်ပါတယ်နော်။ ရေကန်ထဲမှာ ရေစိမ်ရင်း အနားယူနေတဲ့ သူတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေကန်ထဲက ဖိနပ်တစ်ဖက်စီ ပေါ်မှာ တင်ထားတဲ့ ပလပ်ပေါက်ကို အားလုံးပဲ မြင်ကြမှာပါနော်။ ပလက်ပေါက် ထားစရာမရှိတဲ့အတွက် ဖြစ်သလိုလုပ်ထားပေမဲ့ အခန့်မသင့်ရင်တော့ အားလုံးအတွက် အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com
၂။ အဆင်အခြင်မဲ့တဲ့ အမျိုးသမီး

အခု ဖော်ပြပေးမယ့် ပုံလေးကတော့ ဆီဆိုင်မှာ ကိုယ်တိုင်ဆီ၀င်ဖြည့်နေတဲ့ အမျိုးသမီးပုံပဲ ဖြစ်ပါတယ်။ ရုတ်တရက် မြင်လိုက်ရင်တော့ သာမန်ပဲလို့ ထင်ရပေမဲ့ ဆီထည့်တဲ့ ဂေါက်ကို ခပ်လှမ်းလှမ်းကနေ ကိုင်ပြီး ဆီဖြည့်နေတာကို တွေ့ရမှာပါ။ အခုလို အဆင်အခြင်မဲ့ လုပ်ရပ်ကြောင့် သူမကိုယ်တိုင်အတွက်သာမက တခြားဆီဖြည့်နေသူတွေကိုပါ အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ ရုံးခန်းမလိုတဲ့ အစည်းအဝေး

မြေအောက်ရထားထဲမှာ ရုံး၀တ်စုံ အပြည့်၀တ်ထားတဲ့ အမျိုသား ၃ ယောက်ရဲ့ အရမ်းကို အလျင်လိုနေတဲ့ ပုံစံကို တွေ့ရမှာပါနော်။ သူတို့ ၃ ယောက်ကတော့ အခုလို စားပွဲခုံသေးသေးလေးကို ထုတ်ပြီး ရထားပေါ်မှာပဲ အစည်းအဝေးထိုင်ခဲ့တာ ဖြစ်ပါတယ်။ ရုံးခန်းတစ်ခုတောင် မလိုပဲ အစည်းအ၀ေးကျင်းပနိုင်ပေမဲ့ အလုပ်သဘောတရားတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရမယ်လို့တော့ မထင်ပါဘူးနော်။ shwekhitonlinetv.com
၄။ ဥာဏ်ကြီးရှင် အဘွားအို

အခုပုံမှာတော့ တီဗွီသေးသေးလေးကို ခပ်လှမ်းလှမ်းကနေ မှန်ပြောင်းနဲ့ ကြည့်နေတဲ့ အဘွားကို တွေ့ရမှာပါ။ ထိုင်ခုံကို ရှေ့တိုးရမယ့်အစား မှန်ပြောင်းနဲ့ ကြည့်နေတဲ့ ပုံစံကတော့ ရေရှည်မှာ ဘယ်လိုမှကို အဆင်ပြေနိုင်မှာ မဟုတ်ပါဘူးနော်။ shwekhitonlinetv.com
၅။ ပတ်၀န်းကျင်ကို ဂရုမစိုက်တဲ့ အုတ်သယ်သူ

ကားမောင်းတဲ့သူတွေ အရမ်းကို စိတ်တိုစေမယ့် ပုံလေးပဲ ဖြစ်ပါတယ်။ အုတ်ခဲတွေကို ကားထဲမှာ စီထည့်ပြီး သယ်လာခဲ့ပေမဲ့ သေချာထိန်းထားခြင်းမရှိတာကို တွေ့ရမှာပါ။ ကြိုးသေးသေးလေးတစ်ချောင်းနဲ့ ဖြစ်သလို ထိန်းထားတဲ့ ပုံစံကတော့ လမ်းတစ်လျှောက် ကားမောင်းတဲ့ တခြားသူတွေကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com
၆။ ဆေးသုတ်ထားတဲ့ အမှိုက်ပုံး

အခုပုံလေးကို မြင်လိုက်တဲ့ ခဏမှာ ဆေးသုတ်ပေးတဲ့သူက စိတ်ဆိုးနေခဲ့လားလို့တောင် တွေးမိသွားမယ် ထင်ပါတယ်နော်။ အစိမ်းရောင်ဆေးတွေနဲ့ အမှိုက်ပုံးကို ဖြစ်သလို ဆေးသုတ်ထားတာကြောင့် ကြမ်းပြင်မှာလည်း ဆေးတွေ ပေပွနေတာကို တွေ့ရမှာပါ။ ကြည့်ရတာနဲ့တောင် တော်တော်စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ပုံလေးပါနော်။ shwekhitonlinetv.com
၇။ ရည်ရွယ်ချက် ပျောက်နေတဲ့ လမ်းပိုင်းတစ်ခု

လမ်းတည်ဆောက်တဲ့ အင်ဂျင်နီယာတွေကို စိန်ခေါ်နေသလားတောင် ထင်ရတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ ကားလမ်းမကြီးရဲ့ ဘေးမှာ နောက်ထပ် တည်ဆောက်ထားတဲ့ လမ်းပိုင်းသေးသေးလေးတစ်ခုကို တွေ့ကြမှာပါနော်။ တည်ဆောက်သူကတော့ ဘယ်လို ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့လဲ မသိရပေမဲ့ ဘယ်လိုမှ အသုံးမတည့်တဲ့ ပုံစံကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com
၈။ အခန်းထောင့်က အာလူးပုံ

အခုဖော်ပြပေးမယ့် ပုံလေးကတော့ အခန်းထောင့်မှာ ပုံနေတဲ့ အာလူးတွေပဲ ဖြစ်ပါတယ်။ အာလူးတွေကို အခန်းထောင့်မှာ ပုံထားပြီး တစ်စုတစ်စည်းတည်း ဖြစ်စေဖို့အတွက် ဘေးကနေ သစ်သားချောင်းတစ်ချို့နဲ့ ကာထားတာကိုလည်း တွေ့ရမှာပါ။ အခုလို အရေအတွက် နည်းတဲ့ အာလူးတွေကို ထည့်စရာတစ်ခုခုနဲ့ ထည့်လိုက်ရင် အဆင်ပြေသွားမယ်ဆိုပေမဲ့ အခုမြင်ရတဲ့အတိုင်း ဖြစ်သလို ပုံထားခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ ဥာဏ်ကောင်းတဲ့ ဖခင်

သမီးလေးကို ဆိုင်ကယ်ရှေ့ ခြေနင်းမှာ ထည့်ထားပြီး ဆိုင်ကယ်မောင်းနေတဲ့ ကလေးအဖေကို တွေ့ရမှာပါ။ ကလေးအတွက်ရော လူကြီးအတွက်ပါ အဆင်ပြေတယ်လို့ ထင်ရပေမဲ့ အရမ်းကို အန္တရာယ်များတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အခုပုံထဲကလို ကလေးနဲ့ အတူ ဆိုင်ကယ်စီးလေ့ရှိတယ်ဆိုရင်တော့ လုံး၀ မလုပ်ဖို့ အကြံပေးပါရစေနော်။ shwekhitonlinetv.com
၁၀။ မိုးရွာရင် မတွေးရဲစရာ ဖြစ်ရမယ့် ရေမြောင်းပေါက်

မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတတ်တဲ့ ရေရဲ့ သဘာ၀ကြောင့် ရေဆင်းတဲ့ အပေါက်ကို ဆောက်လုပ်တဲ့အခါမှာလည်း ရေဆင်းနိုင်တဲ့ အနိမ့်ပိုင်းမှာ လုပ်ရမှာ ဖြစ်ပါတယ်။ အခုပုံမှာ မြင်တွေ့ရတာကတော့ ရည်ရွယ်ချက်နဲ့ အမြင့်ပိုင်းမှာ ဆောက်လုပ်ထားသလားလို့တောင် ထင်ရတဲ့ ရေဆင်းတဲ့ အပေါက်ပဲ ဖြစ်ပါတယ်။ အခုလို ရေဆင်းပေါက်နဲ့ ဆိုရင်တော့ မိုးရွာရင်တော့ မတွေးရဲစရာပဲနော်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။