ခေတ်စနစ်တွေ တိုးတက်လာတာနဲ့အမျှ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေတွေကိုလည်း လူသားတွေဟာ နေ့စဥ်နဲ့အမျှ ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ဆိုးဝါးလှတဲ့ ရာသီဥတု ဖြစ်နေပါစေ လူသားတွေဟာ အတူယှဥ်တွဲ နေထိုင်နိုင်ခဲ့ကြပါတယ်။ အခုတခေါက်မှာတော့ အပြောင်းအလဲမြန်တဲ့ ရာသီဥတုကို လူသားတွေအနေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ အားကစားကွင်းထဲက နှင်းလူသားများ

နှင်းတွေ အပြင်းအထန်ကျနေတဲ့ အချိန်မှာတောင် အားပေးမပြတ်တဲ့ ပရိတ်သတ်တွေရဲ့ ဇွဲကတော့ တကယ့်ကို အံ့မခန်းပါပဲနော်။ အင်္ကျီတွေပေါ်မှာ နှင်းတွေ အေးခဲနေတာကိုတောင် မမှုပဲ ပွဲဆက်ကြည့်နေတဲ့ ပုံရိပ်ကတော့ မြင်သူတိုင်းကို အံ့သြောသွားစေမှာ အမှန်ပါပဲ။ shwekhitonlinetv.com
၂။ ကားမှန်ပေါ်က ရေခဲထုထည်

ပုံထဲမှာ တွေ့ရတဲ့အတိုင်း ကားမှန်ပေါ်မှာ နှင်းတွေဟာ တစ်လက်မအထူအထိ အေးခဲနေပါတယ်။ ဒီလိုရာသီဥတုမျိုးနဲ့ ကြုံရမယ်ဆိုရင်တော့ တကယ့်ကို စိတ်ညစ်စရာပါပဲနော်။ shwekhitonlinetv.com
၃။ အိမ်ပြင်က မိုးရေများ

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြင်ရတဲ့ အိမ်ပြင်မြင်ကွင်းပဲ ဖြစ်ပါတယ်။ ကံကောင်းတာတခုကတော့ မှန်ပြတင်းပေါက်တွေရဲ့ အစွမ်းနဲ့ အိမ်ထဲထိ ရေမဝင်နိုင်တာပါပဲ။ shwekhitonlinetv.com
၄။ လမ်းမပေါ်က ပန်းချီများရဲ့ ကံဆိုးမှု

ခန့်မှန်းရခက်တဲ့ ရာသီဥတုကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်ကြရတာကို ကြုံဖူးကြမှာပါ။ ပုံမှာ တွေ့မြင်ရတာကတော့ မထင်မှတ်ထားတဲ့ မိုးရွာသွန်းမှုကြောင့် လမ်းမပေါ်မှာ ပြပွဲလုပ်နေတဲ့ ပန်းချီဆေးတွေ ပျက်ဆီးခဲ့ရတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ ရာသီဥတုနဲ့ ပြိုင်ကား

မိုးသီးကြွေတဲ့အချိန် အပြင်ရောက်နေတဲ့ လမ်ဘော်ဂီနီကားရဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ကားမှန်တခုလုံး ကွဲကြေနေတဲ့အပြင် ကားရဲ့ ကိုယ်ထည်ဟာလည်း မိုးသီးကြောင့် ပိန်ရှုံ့နေခဲ့ပါတယ်။ ပိုင်ရှင်အတွက်တော့ တကယ့်ကို အိမ်မက်ဆိုးပါပဲနော်။ shwekhitonlinetv.com
၆။ မိုးမလုံတဲ့ အိမ်ရဲ့ အဖြစ်အပျက်

မိုးရွာတဲ့အခါ အိမ်ခေါင်မိုး ရေယိုစိမ့်မှုကို ကြုံဖူးကြမယ်ထင်ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့အတိုင်း စီးကျလာတဲ့ ရေတွေဟာ အေးခဲသွားပြီးနောက် မီးဖိုချောင်ထဲမှာ ရေခဲတောင်သဖွယ် ဖြစ်လို့နေပါပြီ။ ဒီအဖြစ်အပျက်ဟာ အိမ်ပိုင်ရှင်အတွက်တော့ တော်တော်ကို ဖြေရှင်းရခက်စေမှာပါ။ shwekhitonlinetv.com
၇။ ဘတ်စ်ကတ်ဘောလုံးခြင်းရဲ့ အေးခဲမှု

အလွန်ကို အေးခဲလှတဲ့ ရာသီဥတုမှာ အိမ်ပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားလုပ်ဖို့ စဥ်းစားလို့တောင် ရမှာ မဟုတ်ပါဘူးနော်။ ပြင်းထန်လှတဲ့ အအေးလှိုင်းကြောင့် ဘတ်စ်ကတ်ဘောခြင်းတောင်းတောင် အေးခဲနေတာကို တွေ့မြင်ရမှာပါ။ ဘောလုံးကို ခြင်းထဲထည့်နိုင်ပေမဲ့ အေးခဲနေတာကြောင့် ဘောလုံးဟာ ခြင်းထဲမှာပဲ တင်ကျန်နေပါတော့တယ်။ shwekhitonlinetv.com
၈။ ရေကူးကန်ထဲက အကင်စက်

မုန်တိုင်းတိုက်ခတ်ပြီးနောက် တွေ့မြင်ရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ မုန်တိုင်းရဲ့ ပြင်းထန်မှုကို တိုင်းတာမယ်ဆိုရင်တော့ ရေကန်ထဲက အကင်စက်ကိုပဲ ကြည့်ရမယ် ထင်ပါတယ်။ လူတွေဝိုင်းရွှေ့မှ ရမယ့် အကင်စက်ကြီးဟာ အခုတော့ ရေကူးကန်ရဲ့ အောက်ခြေထိကို ရောက်ရှိနေပါတယ်။ shwekhitonlinetv.com
၉။ ကံကောင်းသွားတဲ့ အိမ်ရှင်

ဒီသစ်ပင်ကြီး သူ့အိမ်ပေါ်ကို လဲမကျခင်မှာ အိမ်ရှင်ဟာ အိမ်ပြင်ကို အကြောင်းကိစ္စတခုနဲ့ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ တကယ့်ကို ကံကောင်းတယ်လို့ ဆိုရမှာပါ။ shwekhitonlinetv.com
၁၀။ နှင်းတောထဲက အိမ်လေး

တပတ်လောက် လူမနေတာ ကြာသွားတဲ့နောက်မှာ တွေ့မြင်ရတဲ့ နှင်းတောထဲက အိမ်လေးပဲ ဖြစ်ပါတယ်။ နောက်ထပ် တပတ်လောက်ဆိုရင်တော့ နှင်းတွေဟာ အိမ်လေးကို ဝါးမျိုသွားတော့မယောင် ရှိပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။