Apple ကုမ္ပဏီကထုတ်လုပ်တဲ့ iPhone ဆိုတာကတော့ အရည်အသွေးကောင်းမွန်ပြီး မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ ဈေးနှုန်းကမြင့်မားတာကြောင့် လူတိုင်းကိုင်တွယ်သုံးစွဲခြင်းမပြုနိုင်တဲ့ ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
iPhone နဲ့ပတ်သက်လို့ ရယ်ရွင်ဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတစ်ခုကိုတော့ ရွှေခေတ်ပရိသတ်ကြီးကိုပြန်လည်ဝေမျှပေးချင်ပါတယ်။ ဒီအဖြစ်အပျက်လေးက ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ shwekhitonlinetv.com

ရုရှားနိုင်ငံက ခပ်နောက်နောက် အမျိုးသားတစ်ဦးဟာ ဖုန်းအရောင်းဆိုင်တစ်ခုက iPhone XS အမျိုးအစားဖုန်းတစ်လုံးကို လုံးဝ ငွေအကြွေစေ့တွေချည်းပဲ ပေးပြီးဝယ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ပိုထူးခြားတာက သူ့ရဲ့ငွေအကြွေစေ့တွေကို ရေချိုးဇလုံ (Bathtub) နဲ့ထည့်ပြီးဆိုင်ကိုသယ်လာတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
သူ့ရဲ့သူငယ်ချင်းဖြစ်သူတွေနဲ့ အတူဒီရေချိုးဇလုံကြီးကို ကို့ယို့ကားယား သယ်မလာတာကြောင့် ဆိုင်လုံခြုံရေးက အစပိုင်းမှာဆိုင်ထဲကို ပေးမဝင်ခဲ့ဘူးလို့သိရပါတယ်။ နောက်ပိုင်းမှာတော့ ဆိုင်တာဝန်ရှိသူတွေကို အကျိုးအကြောင်းပြောပြခဲ့တာကြောင့် ဆိုင်ထဲဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ဆိုင်ထဲက ဖုန်းတွေကိုလှည့်ပတ်ကြည့်ရင်းနောက်ဆုံးမှာတော့ iPhone XS ကိုဝယ်ယူလိုက်တာဖြစ်ပါတယ်။ ကျသင့်တဲ့အဖိုးအခကိုတော့ ရေချိုးဇလုံထဲမှာရှိနေတဲ့ ငွေအကြွေစေ့တွေနဲ့ ရှင်းပေးခဲ့တာဖြစ်လို့ ဆိုင်ဝန်ထမ်းတွေအနေနဲ့ အတော်လေးကို အလုပ်ရှုပ်သွားခဲ့ရပါတယ်။ shwekhitonlinetv.com
ဘာကြောင့်လဲဆိုတော့ များပြားလွန်းတဲ့ ငွေအကြွေစေ့တွေကို ရေတွက်ဖို့အတွက် ဆိုင်ဝန်ထမ်းတွေဟာ အချိန်များစွာပေးခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှသိလိုက်ရတာက ဒီလူဟာ ဆိုရှယ်မီဒီယာချန်နယ်တွေမှာ Prank Video တွေဖန်တီးနေတဲ့သူတစ်ဦးဖြစ်တယ်ဆိုတာပါပဲ။ shwekhitonlinetv.com

အခုနောက်ပိုင်း Prank လုပ်တဲ့သူတွေကတော့ အတော်လေးကို သူမတူအောင် ဖန်တီးကြံဆလာကြတယ်လို့ဆိုရမှာပါ။ တစ်ကယ်လို့များသင်သာ ဖုန်းဆိုင်ပိုင်ရှင်ဆိုရင် ဒီလိုလူမျိုးကို ရောင်းပေးမှာလား ? ဆိုင်ထဲကနေ မောင်းထုတ်မှာလား ? ….. shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။