တိရိစ္ဆာန်လေးတွေရဲ့ လောကကတော့ တစ်ခါတစ်ရံမှာထူးဆန်းအံ့သြဖို့ကောင်းလွန်းပြီး သူတို့ကိုမြင်တွေ့ရတာဟာ စိတ်နှလုံးကို ကြည်နူးမှုပေးစွမ်းနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ တိရိစ္ဆာန်လေးတွေရဲ့ မထင်မှတ်ထားလောက်တဲ့ မြင်ကွင်းလေးတွေက သင့်အသည်းနှလုံးကို အရည်ပျော်အောင် ခြွေချဦးမယ်ထင်ပါတယ်။ shwekhitonlinetv.com
၁။ ဆင်ကလေး Bella ကတော့ အာဖရိကဆင်စွယ်မုဆိုးတွေထံကနေ ကယ်တင်လာခဲ့တဲ့ ကန်ထရိုက်တာတစ်ဦးရဲ့ ခွေးကလေးနဲ့ သူငယ်ချင်းတွေဖြစ်ပြီး ပျော်ရွှင်စွာဆော့ကစားနေကြတာဖြစ်ပါတယ်။ shwekhitonlinetv.com



၂။ သူတို့ကတော့ ဧက (၆၅၀) လောက်ကျယ်ဝန်းတဲ့ အမေရိကန်နိုင်ငံက Busch Gardens မှာရှိတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သစ်ကုလားအုပ်လေးရဲ့အမည်က Bea ဖြစ်ပြီး ငှက်ကုလားအုပ်လေးရဲ့ အမည်ကတော့ Wilma ဖြစ်ပါတယ်။ ပုံသဏ္ဍာန်နဲ့မျိုးရင်းနီးစပ်လို့များ ခုလို မိတ်ဆွေကောင်းတွေဖြစ် နေသလားတော့ မပြောတက်ပါဘူး။ shwekhitonlinetv.com



၃။ ခွေးကလေး Tinni နဲ့ မြေခွေးလေး Sniffer ကလည်း မယုံကြည်နိုင်လောက်အောင်ကို တစ်ကောင်နဲ့တစ်ကောင် ချစ်ခင်ကြတယ်လေ။ shwekhitonlinetv.com



၄။ ဒီအတွဲကတော့ အတော်လေးထူးဆန်းပါတယ်။ ဇီးကွက်ကလေး Sherk ဟာ သူ့သဘာာဝနဲ့ဆန့်ကျင်ပြီး ခွေးကလေး Torque နားမှာပဲပျော်မွေ့နေပါတယ်။ shwekhitonlinetv.com


၅။ ခွေးကလေး Fred ကလည်း ဘဲပေါက်ကလေးဖြစ်တဲ့ Dennis ကို သူ့သားသမီးသဖွယ် ချစ်ခင်တွယ်တာနေလေရဲ့။ shwekhitonlinetv.com


၆။ မိခင်မေတ္တာငတ်မွတ်နေတဲ့ ခွေးလေးတွေကို ကြက်မကလေး Maple က နွေးထွေးစေခဲ့ပါတယ်။ shwekhitonlinetv.com


၇။ ဒါကတော့ တောဘုရင် ခြင်္သေ့ကြီးနဲ့ သူငယ်ချင်းဖြစ်နေတဲ့ ခွေးကလေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com



၈။ ဒါကတော့ တူရကီနိုင်ငံမှာတွေ့ခဲ့ရတဲ့ မြင်ကွင်းပါ။ ကြောင်ကလေးနဲ့မြေခွေးလေးဟာ အတူဆော့ကစားပြီး အတူအစာရှာနေကြပုံပါပဲ။ shwekhitonlinetv.com



၉။ ဒီသုံးကောင်ကတော့ အတော်လေးကို ထူးထူးခြားခြား သံယောဇဉ်တွယ်နေကြတဲ့ သူတွေလို့ဆိုရမှာပါ။ ကြည့်ဦးလေ ခြင်္သေ့၊ ဝက်ဝံ နဲ့ ကျား က ဘယ်လိုများအဆွေခင်ပွန်းဖွဲ့နေကြတာပါလိမ့်။ shwekhitonlinetv.com



၁၀။ တောဝက်ကလေး Mani နဲ့ ခွေးမကလေး Candy တို့ကတော့ ဒီအထဲမှာချစ်ဖို့အကောင်းဆုံးဖြစ်မယ်ထင်ပါရဲ့။ shwekhitonlinetv.com



၁၁။ ငယ်ရွယ်စဉ်ကတည်းကအတူတကွကြီးပြင်းခဲ့ကြတဲ့ ခွေးလေး Mtani နဲ့ ကျားသစ်ကလေး Kasi တို့ဖြစ်ပါတယ်။ shwekhitonlinetv.com



၁၂။ အသွေးအမွေးဆင်တူလို့များ ဒီ သမင်ကလေးနဲ့ ယုန်ကလေးက တတွဲတွဲဖြစ်နေသလားလို့ ထင်မှတ်ရပါတယ်။ shwekhitonlinetv.com


၁၃။ Suryia လို့ခေါ်တဲ့ အော်ရန်ဂူတန် မျောက်ဝံ့ကလေးကတော့ Blue Tick Hound ခွေးမျိုးဖြစ်တဲ့ Roscoe ကို ထိန်းကျောင်းနေတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com



၁၄။ အမဲလိုက်ခွေးတစ်မျိုးဖြစ်တဲ့ Great Dane ခွေးမကလေး Kate ကတော့ သူ့ရဲ့သားကောင်လို့ဆိုရမယ့် သမင်မလေး Pippin ကို ခင်တွယ်နေပြီဖြစ်ပါတယ်။ shwekhitonlinetv.com


၁၅။ ချန်ပန်ဇီလေး Anjana ကလည်း ကျားဖြူကလေးတွေကို သူ့ရဲ့မျိုးနွယ်တူ ကလေးတွေလို ချစ်ခင်ယုယနေတာကလည်း မြင်ရတာ ကြည်နူးဖို့ကောင်းလှပါတယ်။ shwekhitonlinetv.com




Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။