တစ်ခါတစ်ရံမှာ သဘာဝတရားကြီးရဲ့ ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊ ဓာတ်ပုံဆရာတစ်ချို့ရဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ လက်စွမ်းပြရိုက်ကူးမှုတွေဟာ မိမိမျက်စိကိုတောင်မှ မယုံကြည်နိုင်လောက်အောင် လှပဆန်းကြယ်လွန်းတက်ပါတယ်။ အခုတစ်ခါမှာလည်း Photoshop နဲ့ ပြုပြင်ထားတယ်လို့ထင်ရလောက်အောင် လှပပြီး မှော်ဆန်လွန်းတဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com
၁။ ရေဒီယိုတယ်လီစကုပ်ကြီးတစ်ခုရဲ့ အပေါ်တည့်တည့်ကို လမင်းကြီးရောက်ရှိနေချိန်မှာ ချိန်သားကိုက်ရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒါကတော့ ဂျပန်နိုင်ငံ တိုယာမ ပင်လယ်အော်မှာတွေ့ရတဲ့ ပိုးစုန်းကြူးပြည်ကြီးငါးတွေဖြစ်ပါတယ်။ သူတို့ဟာ အရှည် (၃) လက်မလောက်ရှိပြီး အခုလိုအလင်းရောင်ထွက်နိုင်တဲ့ အထူးအင်္ဂါတွေပါရှိပါတယ်။ shwekhitonlinetv.com

၃။ ဒီပုံကလည်း လုံးဝ Photoshop နဲ့ပြုပြင်ထားခြင်းမရှိပါဘူး။ ဆီနီဂေါနိုင်ငံက ပန်းရောင် Retba ရေကန်ကြီးကို အပေါ်စီးကနေရိုက်ကူထားတာဖြစ်ပါတယ်။ ဆီနီဂေါနိုင်ငံရဲ့ပင်လယ်သေ လို့လည်းတစ်ချို့က ခေါ်ပါတယ်။ shwekhitonlinetv.com

၄။ဖာရိုးကျွန်းစုများဆိုတဲ့ နိုင်ငံဟာ နော်ဝေးနဲ့အိုက်စလန်နိုင်ငံ ကြားမှာတည်ရှိပြီး ကျွန်းပေါင်း (၁၈) ခုပေါ်မှာ လူဦးရေ (၅၀၀၀၀) လောက်သာနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကတော့ သာယာလှပတဲ့ ဖာရိုးကျွန်းစုများနိုင်ငံက မီးပြတိုက်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဒီဓာတ်ပုံဆရာရဲ့ စိတ်ကူးစိတ်သန်းကတော့ အတော်လေးကိုချီးကျူးစရာကောင်းလှပါတယ်။ ဓာတ်ပုံရဲ့ နာမည်ကိုတော့ Catching a Cloud လို့ အမည်ပေးထားပါတယ်။ shwekhitonlinetv.com

၆။ အိုက်စလန်နိုင်ငံကိုတစ်ချို့က “The Land of Fire and Ice” လို့ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမြဲတမ်း အေးမြတဲ့ရာသီဥတုရာသီဥတုကြောင်း နှင်းတွေဖုံးလွှမ်းနေသလို မီးတောင်တွေကလည်း မကြာခဏပေါက်ကွဲတက်တာကြောင့်ဖြစ်ပါတယ်။ ပုံမှာတော့ မီးတောင်ကနေ ချော်ရည်တွေပြာပူတွေမှုတ်ထုတ်ချိန်နဲ့ မိုးကြိုးပစ်ချိန်တိုက်ဆိုင်သွားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ တရုတ်နိုင်ငံယူနန်ပြည်နယ်ရဲ့ နံနက်ခင်းတစ်ခုမှာ ဝန်ချည်စလွယ်တွေကို ကျောပိုးရင်းသွားလာနေတဲ့ လယ်သမားအမျိုးသမီးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ တန်ဇန်းနီးယားနိုင်ငံက Natron ရေကန်ကို အပေါ်စီးကနေရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရေကန်ရဲ့ PH Level က (၁၀.၅) ဖြစ်တာကြောင့် လူ့အရေပြားနဲ့ထိတွေ့ရင်တော့ အရေပြားကို လောင်ကျွမ်းပျက်စီးစေမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ဒီပုံလေးကတော့ အတော်လေးကိုထူးဆန်းအံ့သြဖွယ်ကောင်းလွန်းပါတယ်။ Flamingo လို့ခေါ်တဲ့ ကြိုးကြာနီ အုပ်တစ်အုပ်ဟာ ကြီးမားတဲ့ ကြိုးကြာနီပုံကို သရုပ်ဖော်ထားကြပါတယ်။ ဒါလုံးဝ Photoshop မဟုတ်ဘူးလို့သိရပါတယ်။ shwekhitonlinetv.com

၁၀။ ဒါကိုအမှတ်တမဲ့ကြည့်လိုက်ရင်တော့ လေဆင်နှာမောင်းတစ်ခုတိုက်ခတ်နေတယ်လို့ ထင်ချင်စရာပါ။ တစ်ကယ်တော့ ဒါဟာများပြားလှတဲ့ ငှက်အုပ်တစ်အုပ်သာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၁။ ပုတ်သင်ညိုတွေဟာ ဂီတကိုခံစားနားဆင်တက်သလားတော့မဆိုတက်ပါဘူး။ ဒီပုတ်သင်ညိုလေးကတော့ သစ်ရွက်တစ်ရွက်ကို ဂီတာလိုမျိုးကိုင်ထားလေရဲ့။ shwekhitonlinetv.com

၁၂။ ဒီနေရာကတော့ ရုရှားနိုင်ငံက Mari EL လို့ခေါ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဆောင်းအကုန်နွေအကူးကာလတွေမှာ ရေခဲတွေအရည်ပျော်ပြီး အခုလိုမျိုးဖြစ်ပေါ်နေတက်ပါတယ်။ shwekhitonlinetv.com

၁၃။ ဒါကတော့ ဆလိုဗေးနီးယားနိုင်ငံ Ljubljana ဒေသမှာတွေ့ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ Cyprus တော်ဝင်ရေတပ်ရဲ့ သင်္ဘောတစ်စီး Countermeasure Flares ပစ်ခတ်မှုကိုဓာတ်ပုံဆရာက အမိအရဖမ်းယူရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၅။ ဒီပုံကတော့ မသိရင်ကောင်းကင်ကနေ UFO တွေကျဆင်းလာသလိုမျိုးထင်ရပါတယ်။ ဒါပေမယ့် ဒါဟာအလင်းရဲ့ Effects တွေသာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။