Goldginie ဆိုတာကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ အခြေစိုက်ပြီး နာမည်ကျော် ဇိမ်ခံပစ္စည်းအသစ်အဆန်းတွေကို တီထွင်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု အဖြစ်လူသိများကျော်ကြားလှပါတယ်။ shwekhitonlinetv.com

အခုတစ်ခေါက်မှာတော့ ဒီကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ ရွှေသားအစစ်နဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးစက်ဘီး (ပြိုင်ဘီး) တစ်စီးအကြောင်း ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
ဗြိတိန် ဇိမ်ခံပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Goldgenie ဟာ ရွှေနဲ့ပြုလုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို မကြာခဏပြုလုပ်ဖန်တီးပြီး နာမည်ရထားတာဖြစ်ပေမည့် အခုလိုမျိုးပြိုင်ဘီး စက်ဘီးတစ်ခုလုံးကို ရွှေအစစ်နဲ့ဖန်တီးပြုလုပ်တာကတော့ ပထမဆုံးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

စက်ဘီးတစ်စီးလုံးနီးပါးကို ၂၄ ကာရက်ရွှေအစစ်နဲ့ပြုလုပ်ထားတာဖြစ်ပြီး Limited Edition ဖြစ်ကာ Lifetime Warranty ပေးထားတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
ရွှေအစစ်နဲ့ဖန်တီးထားတဲ့ ဒီအမျိုးသားစီး ပြိုင်စက်ဘီးရဲ့ဈေးနှုန်းကတော့ဖြင့် တစ်စီးကို စတာလင်ပေါင် (၂၅၀,၀၀၀)၊ အမေရိကန်ဒေါ်လာဖြင့်ဆိုရင်တော့ (၃၈၂,၀၀၀) ကျသင့်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီစက်ဘီးကို ဖန်တီးဖို့ ယူခဲ့ရတဲ့အချိန်နဲ့ ရွှေပမာဏကြောင့် ပေါင် (၂၅၀,၀၀၀) ကျသင့်တာဖြစ်တယ်လို့ Goldgenie ကပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုပါတယ်။ ဒါ့အပြင် Goldgenie ကုမ္ပဏီအနေနဲ့ ဖောက်သည်တွေရဲ့ စိတ်ကြိုက်စက်ဘီးများကိုလည်း ထပ်မံဖန်တီးသွားဖို့ အသင့်ရှိနေတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com
Goldginie ကုမ္ပဏီဟာ ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ iPhone၊ နာရီ၊ တင်းနစ်ရက်ကတ်၊ ဘောပင်၊ မီးခြစ်၊ နှင်းဆီပန်း စတဲ့အသုံးအဆောင်များစွာကိုလည်း ဖန်တီးထုတ်လုပ်ခဲ့ဖူးတဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်ပါတယ်။shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။