တိုးတက်လာတာနဲ့အမျှ လူသားတွေဟာ ရိုးရှင်းတဲ့ အိမ်ပုံစံဒီဇိုင်းများထက် ဆန်းပြားပြီး ထူးခြားလှတဲ့ အိမ်ဒီဇိုင်းတွေကို ပိုမိုနှစ်သက်လာကြပါတယ်။ နန်းတော်ပုံစံ အိမ်ဒီိဇိုင်းတွေကိုသာမက သင်ကိုယ်တိုင် မတွေးဘူးလောက်တဲ့ အိမ်ပုံစံများကိုပါ ဆောက်လုပ်နေထိုင်လာကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အခုဖော်ပြပေးသွားမှာကတော့ ဆန်းပြားလှပတဲ့ အိမ်ပုံစံများပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၃။ Heliodome

Heliodome လို့အမည်ရတဲ့ ဒီအိမ်လေးကတော့ ပြင်သစ်နိုင်ငံမှာ တည်ရှိပါတယ်။ စိန်ပွင့်ရဲ့ ထိပ်ဖူးပုံစံ ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပြီး နေရောင်ခြည်လုံလောက်စွာ ရရှိနိုင်ရုံသာမက သက်တောင့်သက်သာ အနားယူနိုင်စေဖို့ ဖန်တီးထားတာပါ။ အဆိုပါ အိမ်မှာ တပ်ဆင်ထားတဲ့ နေရောင်ခြည်သုံး စနစ်ကြောင့် နွေရာသီမှာ အေးမြနေပြီး ဆောင်းရာသီမှာတော့ နွေးထွေးတဲ့ ခံစားချက်ကို ရရှိစေမှာပါ။ ဒီအိမ်လေးကိုတော့ အလည်အပတ်လာရောက်လေ့လာနိုင်ပါတယ်။ shwekhitonlinetv.com
၁၂။ Habitat 67, Montreal

ပုံမှာတွေ့မြင်ရတဲ့ အိမ်ဒီဇိုင်းကတော့ ဘလောက်တုံးလေးတွေ တခုနဲ့တခု ဆင့်ကာ ထပ်ထားတဲ့ လူနေတိုက်ခန်းတခုပဲ ဖြစ်ပါတယ်။ ဒီလို ဆန်ပြားလှတဲ့ တိုက်ခန်းကို ကနေဒါနိုင်ငံ မွန်ထွီရယ်လ်မြို့မှာ Moshe Safdie ဆိုတဲ့ ဗိသုကာပညာရှင်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Moshe Safdie ဟာ သူ့ရဲ့ လေ့လာစမ်းသပ်မှုတခုအတွက် အဆိုပါဒီဇိုင်းကို ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ဘာရည်ရွယ်ချက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ တခုနဲ့တခု ထပ်နေတဲ့ ဘလောက်တုံးလေးတွေဟာ လူနေထိုင်ရာ တိုက်ခန်းတခု ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၁။ Futuro

မြင်တွေ့ရတဲ့အတိုင်း အာယာသယာဥ်ပျံပုံစံ တည်ဆောက်ထားတဲ့ အိမ်ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဗိသုကာပညာရှင် Matti Suuronen ရဲ့ လက်ရာဖြစ်ပြီး အဆိုပါအာကာသအိမ်ပုံစံများကို ကမ္ဘာတဝှမ်းမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ Futuro အများစုကိုတော့ ဗိသုကာပညာရှင် Matti Suuronen ရဲ့မွေးရပ်မြေဖြစ်တဲ့ ဖင်လန်နိုင်ငံမှာ တွေ့ရမှာပါ။ shwekhitonlinetv.com
၁၀။ The Mirror House

မှန်တွေနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ဒီဇိုင်းဖြစ်ပြီး အီတလီနိုင်ငံ ဘိုဇယ်နိုမြို့မှာ တည်ရှိပါတယ်။ မှန်တွေနဲ့ ပြုလုပ်ထားတာကြောင့် ပတ်ဝန်းကျင်ရဲ့ ပုံရိပ်တွေကသာ ရောင်ပြန်နေတဲ့အတွက် ရုတ်တရက်ဆိုရင် သူ့ရဲ့ တည်ရှိမှုကို သတိပြုနိုင်ဖို့ ခက်ခဲပါတယ်။ အခမ်းအနားတွေနဲ့ အားလပ်ရက်တွေအတွက် ငှားရမ်းနိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၉။ The Mechanical Hobbit House

ဒဏ္ဍာရီထဲက လူပုလေးတွေ နေထိုင်ရာ အိမ်ပုံစံကို တုပပြီး ခေတ်သစ်နည်းပညာနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ဖြစ်ပါတယ်။ ဒီအိမ်ကတော့ ချက်ရီပါးဘလစ်နိုင်ငံမှာ တည်ရှိပြီး သဘာဝဂေဟစနစ်အတိုင်း တည်ဆောက်ထားတဲ့ အိမ်အဖြစ် ဆုတံဆိပ်ပေါင်းများစွာလည်း ရရှိထားပါတယ်။ အိမ်ကို ဆောက်လုပ်ဖို့အတွက် နှစ်ပေါင်း ၃၀ အထိ အချိန်ယူတည်ဆောက်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်နှစ်ပေါင်းများစွာအထိ တည်ရှိနိုင်မယ်ဆိုတာကတော့ သံသယဖြစ်ဖွယ်မရှိပါဘူး။ shwekhitonlinetv.com
၈။ The Nautilus House

အစစ်အမှန်အနုပညာလက်ရာတွေကို ခံစားနိုင်စေတဲ့ ဒီအိမ်လေးကတော့ မက်စီကိုနိုင်ငံမှာ တည်ရှိပြီး Javier Senosiain ဆိုတဲ့ ဗိသုကာပညာရှင်က တည်ဆောက်ခဲ့တာပါ။ နွေးထွေးပြီး လှပတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဒီအိမ်လေးကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ဖို့အတွက် တနှစ်ပတ်လုံး ဖွင့်လှစ်ထားပါတယ်။ shwekhitonlinetv.com
၇။ The Stone House

ဒီကျောက်တုံးအိမ်လေးကတော့ တဦးတည်းပိုင်အိမ်လေးဖြစ်ပြီး ခြံစည်းရိုးတွေခတ်ထားပါတယ်။ ဧရာမကျောက်တုံးကြီးကို ထွင်းထုပြီး အိမ်ပုံစံဆောက်လုပ်ထားတာဟာ ကျောက်ခေတ်ကိုတောင် အမှတ်ရသွားစေပါတယ်။ ဒီအိမ်လေးကို ဘယ်သူပိုင်ဆိုင်တယ်ဆိုတာ မသိရပေမဲ့လည်း ဖြတ်သွားဖြတ်လာလူတွေကတော့ အရမ်းကို ထူးဆန်းတဲ့ အိမ်လေးအဖြစ် စိတ်ဝင်စားလျက်ရှိကြပါတယ်။ shwekhitonlinetv.com
၆။ Rotterdam Cubic Houses

ဒီကုဗတုံးပုံစံအိမ်လေးကတော့ တဦးတည်းပိုင် အိမ်လေးပဲ ဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဗိသုကာဒီဇိုင်းဖြစ်တာကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်းကို ရရှိထားပါတယ်။ သင်ကိုယ်တိုင်လေ့လာချင်တယ်ဆိုရင်တော့ တည်ခိုနေထိုင်ရေး ဝက်ဘိုက်ဆ်တွေကတဆင့် ငှားရမ်းနေထိုင်နိုင်ပါတယ်။ shwekhitonlinetv.com
၅။ The Shoe House

နယ်သာလန်နိုင်ငံမှာရှိတဲ့ ဒီကျောက်တုံးအိမ်လေးကတော့ အရမ်းကို ချစ်စရာကောင်းလွန်းလှပါတယ်။ ကာတွန်းထဲက ခုန်ထွက်လာသလားလို့တောင် ထင်ရတဲ့ အိမ်လေးဟာ ကျောက်တုံးတွေကို ထွင်းထုပုံဖော်ပြီး ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ The Shoe House

နောက်ထပ် ဖိနပ်ပုံစံအိမ်တလုံးကတော့ တောင်အာဖရိက Mpumalanga မှာတည်ရှိပါတယ်။ ဒီအိမ်လေးကို ၁၉၉၀ ခုနှစ်မှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်သာမက အနုပညာရှင်တဦးဖြစ်တဲ့ Ron Van Zyl က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ” အဖွားအိုတယောက် ရှူးဖိနပ်လေးထဲမှာ နေထိုင်ခဲ့တယ် ” ဆိုတဲ့ သားချော့တေး သီချင်းဟောင်းထဲက စာသားကို အမှီပြုပြီး ဆောက်လုပ်ခဲ့တဲ့ အိမ်ပဲ ဖြစ်ပါတယ်။ အခုခါမှာတော့ ဖိနပ်ပုံစံအိမ်လေးကို Ron Van Zyl ရဲ့ အနုပညာလက်ရာများကို ခင်းကျင်းပြသတဲ့ ပြတိုက်အဖြစ် ဖွင့်လှစ်ထားပါတယ်။ ဒါ့အပြင် နားနေဖို့ တည်းခိုဆောင် ၊ ရေကူးကန် ၊ စားသောက်ဆိုင် နဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တို့နဲ့လည်း တွဲလျက်ရှိပါတယ်။ shwekhitonlinetv.com
၃။ The Biomorphic House

အနာဂတ်အိမ် လို့ တင်စားခေါ်ဝေါ်ရတဲ့အထိ ထူးဆန်းလှပတဲ့ ဒီအိမ်ကတော့ အစ္စရေးနိုင်ငံ မှာ တည်ရှိပါတယ်။ ပြင်သစ်လူမျိုး ဗိသုကာပညာရှင် Ephraim Henry Pavie က ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး သဘာဝနဲ့ သဟာဇတ ဖြစ်တဲ့ အိမ်ဒီဇိုင်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ The Upside-Down House

ဓာတ်ပုံကို ဇောက်ထိုးမြင်နေရတာ မဟုတ်ပါဘူးနော်။ ခေါင်မိုးအောက်ရောက်နေသလို ဇောက်ထိုးဖြစ်နေတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ အိမ်ပဲ ဖြစ်ပါတယ်။ ဇောက်ထိုးမိုးမျှော်အိမ်ကတော့ ဂျာမနီနိုင်ငံမှာ တည်ရှိပြီး တနှစ်ပတ်လုံး သွားရောက်လည်ပတ်လို့ ရပါတယ်။ shwekhitonlinetv.com
၁။ The Toilet House

အိမ်သာပုံစံ အိမ်ကတော့ တောင်ကိုရီးယားနိုင်ငံ စုဝမ်မြို့မှာ တည်ရှိပါတယ်။ တနှစ်ပတ်လုံး သွားရောက်လည်ပတ်နိုင်ပြီး ပြပွဲများနှင့် ဖျော်ဖြေပွဲများ ကျင်းပဖို့အတွက်လည်း ငှားရမ်းနိုင်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။