ဝက်ဝံ ဆိုတဲ့သတ္တဝါကိုတော့သင့်အနေနဲ့ တိရိစ္ဆာန်ရုံလိုနေရာမျိုး ရုပ်ရှင်ဇာတ်ကားနဲ့ Discovery လို TV အစီအစဉ်တွေမှာမြင်ဖူးကြလိမ့်မယ်ထင်ပါတယ်။ အပြင်မှာ သူ့သဘာဝအတိုင်းမြင်ရတွေ့ရဖို့ဆိုတာကတော့ အတော်လေးကိုခဲယဉ်းလှပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ သဘာဝအတိုင်းနေထိုင်ကြတဲ့ ဝက်ဝံတွေနဲ့ပတ်သက်တဲ့ ထူးထူးခြားခြားအချက်ကလေးတွေကို ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၁။ မျိုးစိတ်များ

သုတေသနစစ်တမ်းတွေအရ တစ်ကမ္ဘာလုံးမှာဝက်ဝံမျိုးစိတ် (၈) မျိုးသာရှိပါတယ်။ အဲ့ဒီမျိုးစိတ်တွေကတော့ ၁။ North American Black Bear ၂။ Brown Bear ၃။ Polar Bear ၄။ Asiatic black Bear ၅။ Andean Bear (Spectacled Bear) ၆။ Panda Bear ၇။ Sloth Bear ၈။ Sun Bear တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ကိုယ်ပိုင်ဂူပေါက်တွေဖန်တီးတက်တဲ့ ဝက်ဝံများ

ဝက်ဝံတွေဟာ သဘာဝအတိုင်းဆိုရင်တော့ သူတို့နေဖို့ဂူပေါက်တွေကို သူတို့ဘာသာဖန်တီးတည်ဆောက်တက်ကြပါတယ်။ သူတို့ရဲ့ လက်သည်းတွေနဲ့ တွင်းတွေအပေါက်တွေဖြစ်အောင်ထွင်းယူကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီတွင်းတွေကို သူတို့မနေထိုင်ခင်အထိတော့ သစ်ရွက်သစ်ခတ်တွေနဲ့ဖုံးကွယ်ထားတက်ကြပါတယ်။ shwekhitonlinetv.com
၃။ သက်တမ်း

ဝက်ဝံတွေဟာ ပုံမှန်အားဖြင့်တော့ တောရိုင်းသဘာဝအတိုင်းဆိုရင်ပျမ်းမျှ (၂၅) နှစ်လောက်အထိရှင်သန်နိုင်ကြပါတယ်။ ဒါပေမယ့် သေသေချာချာ ထိန်းသိမ်းမွေးမြူထားတဲ့ ဝက်ဝံတွေဆိုရင်တော့ နှစ် (၅၀) လောက်ထိအသက်ရှင်နေထိုင်နိုင်ကြပါတယ်။ shwekhitonlinetv.com
၄။ အင်းဆက်တွေကိုစားတဲ့ Sloth Bear များ

ဝက်ဝံမျိုးစိတ်တစ်မျိုးဖြစ်တဲ့ Sloth Bear တွေကတော့ တစ်ခြားဝက်ဝံတွေလိုမျိုးမဟုတ်ဘဲ အင်းဆက်ပိုးမွှားတွေကို အစာအဖြစ်စားသောက်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ အလေးချိန်

ဝက်ဝံတွေဟာ မတူညီတဲ့ မျိုးကွဲတွေပေါ်မူတည်ပြီး ကိုယ်အလေးချိန်ကွာခြားမှုရှိကြပါတယ်။ အရွယ်ရောက်ပြီး ဝက်ဝံတစ်ကောင်ဟာ ကိုယ်အလေးချိန် အနည်းဆုံး (၂၇) ကီလိုဂရမ်ကနေပြီးတော့ အများဆုံး (၇၀၀) ကီလိုဂရမ်လောက်အထိ ရှိနိုင်ပါတယ်။ shwekhitonlinetv.com
၆။ IQ မြင့်တဲ့ဝက်ဝံများ

North American Black Bear လိုဝက်ဝံတွေကတော့ IQ မြင့်မားတဲ့ ကုန်းနေသတ္တဝါတွေဖြစ်ပါတယ်။ သူတို့ဟာကြီးမားပြီး ရှုပ်ထွေးတဲ့ဦးနှောက်ကိုပိုင်ဆိုင်ထားပါတယ်။ မှတ်ညဏ်ကောင်းပြီး သင်ယူတက်မြောက်လွယ်တာကြောင့် သူတို့ကို ဆပ်ကပ်ပြပွဲလိုမျိုးနေရာတွေမှာ အသုံးချတက်ကြပါတယ်။ shwekhitonlinetv.com
၇။ အရပ်အမြင့်

ဝက်ဝံတွေရဲ့ အရပ်အမြင့်ဟာလည်း မျိုးစိတ်တစ်မျိုးနဲ့ တစ်မျိုးတူညီကြခြင်းမရှိပါဘူး။ မျိုးစိတ်အားလုံးကို ခြုံငုံပြီး ပျမ်းမျှအနေနဲ့ဖော်ပြရမယ်ဆိုရင်တော့ အနိမ့်ဆုံးသူတို့ရဲ့ အရပ်က (၁) မီတာကနေပြီး အမြင့်ဆုံး (၃) မီတာလောက်အထိရှိကြပါတယ်။ shwekhitonlinetv.com
၈။ ထူးခြားတဲ့သားမွှေးများ

ဝက်ဝံတွေ (အထူးသဖြင့် ပိုလာဝက်ဝံများ) မှာတော့ သေချာလေ့လာကြည့်ရှုမယ်ဆိုရင် သားမွှေးတွေဟာနှစ်ထပ်ဖြစ်တည်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ သူတို့မှာ တိုတောင်းတဲ့သားမွှေးတွေတစ်ထပ်နဲ့ ရှည်လျားတဲ့သားမွှေးတစ်ထပ်ရှိပါတယ်။ ဒီအရာတွေက အေးလွန်းတဲ့ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိဖို့ သဘာဝတရားကြီးကဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ အနိုင်ကျင့်သူများ

သုတေသနပြုလုပ်ချက်တွေအရသိရှိရတဲ့ အံ့အားသင့်ဖွယ်အချက်တစ်ချက်ကတော့ အရွယ်ရောက်ပြီးဝက်ဝံကြီးတွေဟာ ငယ်ရွယ်နုနယ်တဲ့ ဝက်ဝံပေါက်လေးတွေကို သတ်ဖြတ်တက်ကြတယ်ဆိုတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ ရေကူးကောင်းတဲ့ ပိုလာဝက်ဝံများ

ပိုလာဝက်ဝံတွေဟာ ရေကူးကျွမ်းကျင်တဲ့ သတ္တဝါတွေဖြစ်ကြပါတယ်။ သုတေသနပြုလုပ်သူတွေရဲ့ GPS မှာ တွေ့ရှိခဲ့ရတဲ့အချက်တစ်ချက်ကတော့ အားလုံးကိုအံ့အားသင့်စေမယ်လို့ထင်ပါတယ်။ အဲ့ဒီတုန်းက GPS တပ်ဆင်ပေးထားတဲ့ ပိုလာဝက်ဝံတစ်ကောင်က အကွာအဝေး (၁၅၅) ကီလိုမီတာလောက်ကို ရေကူးသွားခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးခဲ့တာကတော့ ဝက်ဝံကြီးတွေနဲ့ပတ်သတ်တဲ့ ဗဟုသုတ လေးတွေပဲဖြစ်ပါတယ်။ နောက်ထပ်လည်း အခုလိုမျိုး အကြောင်းအရာလေးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် ဆက်လက်စောင့်စား ဖတ်ရှုပေးကြပါဦးနော် …… shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။