Batman Vs Spiderman လိုဇာတ်ကားမျိုးကို ကြည့်ရှုဖို့ဆိုတာ လက်ရှိအချိန်မှာတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကောင်နှစ်ကောင်က မတူညီတဲ့ပြိုင်ဘက် စတူဒီယိုက ဇာတ်ကောင်တွေဖြစ်နေလို့ပါ။ ဒါပေမယ့် Photoshop ပညာရှင်တစ်ဦးဖြစ်တဲ့ Pixelfaker ကတော့ ဒီလိုမဖြစ်နိုင်တဲ့ အရာတွေကို အတူယှဉ်တွဲပေးဖို့အတွက် အတော်လေးကိုဝါသနာထုံတဲ့သူဖြစ်ပါတယ်။ သူတွဲဖက်ပေးထားတဲ့ မတူညီတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ကောင်တွေကိုဖော်ပြပေးရမယ်ဆိုရင်တော့ … shwekhitonlinetv.com
၁။ ဒါကတော့ ဂျိမ်းစ်ဘွန်းဇာတ်ကားတစ်ကားဖြစ်တဲ့ Dr.No ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ ဟာသ သရုပ်ဆောင် Mr.Bean ကို ထည့်သွင်းပေးထားတာကတော့ ရယ်စရာကောင်းလှပါတယ်။ shwekhitonlinetv.com

၂။ Miley Cyrus ရဲ့ Wrecking Ball သီချင်းဗီဒီယိုမှာ Star War ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Darth Vader ကို အစားဝင်သရုပ်ဆောင်ခိုင်းသောအခါ ….. shwekhitonlinetv.com

၃။ ထိတ်လန့်သည်းဖို ဇာတ်ကားတစ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ Toy Story ကာတွန်းဇာတ်ကောင်လေးဖြစ်တဲ့ Woody ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်။ မျက်နှာပုံပန်းသဏ္ဍာန် အရ ဒီတစ်ခုကအတော်လေးကိုသဘာဝကျလှပါတယ်။ shwekhitonlinetv.com

၄။ အမှန်တစ်ကယ်ဆို မိုက်ကယ်ရဲ့ Moon Walk ကကွက်ကို လကမ္ဘာပေါ်သွားပြီးကခဲ့ရမှာပါ။ ဒါကပိုပြီးအဓိပ္ပါယ်ရှိသလိုပါပဲ။ Photoshop ပညာရှင်ရဲ့ အိုင်ဒီယာကတော့ အတော်လေးကိုကောင်းလွန်းတယ်လို့ ဆိုရမှာပါ။ shwekhitonlinetv.com

၅။ ကမ္ဘာကျော်တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ Nemo ကာတွန်းကားထဲက ငါးကလေးတွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Harry Porttor နဲ့ Iron Man တို့ အဲ့ဒီမှာစတွေ့တာပါပဲ။ shwekhitonlinetv.com

၇။ The Wizard of OZ ဇာတ်ကားထဲမှာ Doctor Strange တစ်ယောက်ဘာတွေများသွားလုပ်နေတာပါလိမ့်။ shwekhitonlinetv.com

၈။ Johnny Bravo တစ်ယောက် မင်းသမီးလေးကို ကျိန်စာကနေပြယ်အောင် စွမ်းဆောင်နိုင်ပါ့မလား။ shwekhitonlinetv.com

၉။ Blade မင်းသားကြီး Wesley Snipes တစ်ယောက် Hotel Transylvania ကို ရောက်သွားသောအခါ ….. shwekhitonlinetv.com

၁၀။ ဒါကတော့ Woody နဲ့ Squid Game ဇာတ်ကားထဲက မီးနီး မီးစိမ်း အရုပ်မကြီးတွေ့ဆုံခန်းပါ။ shwekhitonlinetv.com

၁၁။ Avengers တွေလည်းတစ်ချိန်မှာ ဂန္ထဝင် ပန်းချီကားတစ်ချပ်ဖြစ်လာနိုင်ပါတယ်။ shwekhitonlinetv.com

၁၂။ ဒီပုံကတော့ Smurf လေးတွေက Avator တွေနဲ့ စပ်ဆက်မှုများရှိနေနိုင်သလား လို့အတွေးဝင်စေပါတယ်။ shwekhitonlinetv.com

၁၃။ Star War ဇာတ်လမ်းတွဲတွေထဲက Yoda က DJ တစ်ဦးများလား ? shwekhitonlinetv.com

၁၄။ Tom Hanks ကို Jim Carrey က ဘာတွေများသွားပြီး မြူဆွယ်နေတာပါလိမ့် … shwekhitonlinetv.com

၁၅။ ဒီလိုဆိုရင်တော့ Edward Scissorhands တစ်ယောက် Beauty Saloon ဖွင့်လို့ရပြီထင်ပါရဲ့နော် … shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။