ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်ကြီးအတွက် အလွန်တရာမှရှားပါးပြီး မြင်တွေ့ဖို့ခက်ခဲလှတဲ့ သမိုင်းဝင်ဓာတ်ပုံလေးတွေကို ဗဟုသုတအနေနဲ့ ပြန်လည်ဝေမျှပေးချင်ပါတယ်။ တစ်ပုံချင်းစီကြည့်ရှု လေ့လာကြည့်ကြပါဦးနော် ….. shwekhitonlinetv.com
၁။ ဒီပုံကတော့ ၁၉၂၂ ခုနှစ်တုန်းက ငွေစက္ကူအုပ်တွေနဲ့ ဆော့ကစားနေတဲ့ ဂျာမန်ကလေးငယ်တွေဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလက ငွေကြေးအဆမတန်ဖောင်းပွနေခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein) ရဲ့ ရှားပါးတဲ့ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ ဒီပုံကို ၁၉၃၉ ခုနှစ်က New York မြို့တော်ရဲ့ Long Island မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဒီသေနတ်ကိုတော့ The Punt Gun လို့ခေါ်ပါတယ်။ ကျည်တစ်ပေါင်ကျော်လောက်ကို တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်ပြီး ရေငှက်အုပ်တစ်အုပ်ဆိုရင် တစ်ချက်တည်းနဲ့ အများအပြားသေဆုံးစေပါတယ်။ ဒါကြောင့် ဒီသေနတ်ကို ၁၈၆၀ ခုနှစ်မှာတော့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ shwekhitonlinetv.com

၄။ ၁၉၃၅ ခုနှစ်က မြင်းတစ်ကောင်ရဲ့ကုန်းနှီးပေါ်မှာ ဟန်ချက်ညီစွာမတ်တပ်ရပ်ပြီး လေ့ကျင့်မှုပြုလုပ်နေတဲ့ ဂျာမန်စစ်သားတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ၁၉၁၁ ခုနှစ် ဇန်နဝါရီ (၅) ရက်နေ့က ဗြိတိသျှ-အန္တာတိတ် စူးစမ်းလေ့လာရေး ခရီးစဉ်အတွင်း တွေ့ခဲ့ရတဲ့ ရေခဲတောင်တစ်ခုရဲ့ ဂလှိုင်ပေါက်ကြီးဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဒါကတော့ တိုက်တန်းနစ် သင်္ဘောကြီးကိုနောက်ဆုံးမှတ်တမ်းတင် ရိုက်ကူးခဲ့တဲ့ဓာတ်ပုံပါ။ shwekhitonlinetv.com

၇။ ၁၉၄၄ ခုနှစ်မှာ အမေရိကန်အစိုးရကထုတ်ပြန်ခဲ့တဲ့ ဟစ်တလာရဲ့ ရုပ်ဖျက်နိုင်ခြေရှိတဲ့ ပုံပန်းသဏ္ဍာန်တွေဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ကမ္ဘာကျော် လျှပ်စစ်အင်ဂျင်နီယာနဲ့ တီထွင်ဖန်တီးသူတစ်ဦးဖြစ်တဲ့ နီကိုလာတက်စ်လာ (Nikola Tesla) သူ့ရဲ့ စမ်းသပ်ခန်းထဲမှာ စာအုပ်ထိုင်ဖတ်နေတဲ့ပုံပါ။ shwekhitonlinetv.com

၉။ ဒါကတော့ ၁၉၃၂ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီဖယ်လ်တာဝါ (Eiffel Tower) ကိုဆေးသုတ်နေကြတဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ နာဇီအလေးပြုတဲ့ ပုံစံကိုမနှစ်သက်ဘဲဆန့်ကျင်နေတဲ့သူကို လူအုပ်ကြီးထဲမှာ ရှားရှားပါးပါးတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ ဒီပုံကတော့ ၁၉၃၆ ခုနှစ်ကရိုက်ကူးထားခဲ့တဲ့ပုံပါ။ shwekhitonlinetv.com

၁၁။ ၁၉၃၂ ခုနှစ်က ကျည်ကာအင်္ကျီကို စမ်းသပ်ပြသနေတဲ့ပုံပါ။ shwekhitonlinetv.com

၁၂။ ၁၉၅၆ ခုနှစ်တုန်းက ဘဲပေါက်စလေးတွေဟာ ဆေးပညာနဲ့ပက်သတ်တဲ့ ကုထုံးတစ်ရပ်ဖြစ်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၁၃။ ဟော်ကီအားကစားနည်းတွေမှာ ဂိုးသမားတွေ Mask တပ်ဆင်ခြင်းမရှိသေးတဲ့အချိန်က ကနေဒါရေခဲပြင် ဟော်ကီဂိုးသမားဖြစ်တဲ့ Terry Sawchuk ရဲ့ ဒဏ်ရာတွေနဲ့မျက်နှာပါ။ ၁၉၆၆ ခုနှစ်မှသာ ဟော်ကီအားကစားနည်းမှာ ဂိုးသမားတွေကို Mask တပ်ဆင်စေခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ ၁၉၁၉ ခုနှစ်တုန်းက ကွပ်မျက်ခြင်းခံခဲ့ရတဲ့ ဂျာမန်ကွန်မြူနစ်လူငယ်တစ်ဦးရဲ့ပုံပါ။ ပုံကိုကြည့်ရတာတော့ ဒီလူငယ်လေးဟာ အတော်ရဲရင့်တဲ့သူပါပဲ။ shwekhitonlinetv.com

၁၅။ ၁၉၉၀ ခုနှစ်တုန်းက သူမရဲ့နေအိမ်ကို စောင့်ရှောက်နေတဲ့ အသက် (၁၀၆) နှစ်အရွယ် အာမေးနီးယန်း အဘွားအိုတစ်ဦးရဲ့ပုံပါ။ ဇ ကတော့မသေးဘူးနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။