ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာတော့ အိန္ဒိယနိုင်ငံ Rajnandgaon၊ Chhattisgarh က မွေးမြူရေးခြံတစ်ခြံမှာ နို့စားနွားမကြီးတစ်ကောင်ဟာ နှာခေါင်းလေးပေါက်၊ မျက်လုံးသုံးလုံးပါရှိတဲ့ နွားကလေးတစ်ကောင်ကို မွေးဖွားခဲ့ပါတယ်။ shwekhitonlinetv.com
Neeraj Chandel လို့အမည်ရတဲ့ လယ်သမားတစ်ဦးရဲ့ မွေးမြုရေးခြံထဲမှာပေါက်ဖွားခဲ့တဲ့ ဒီနွားလေးကိုတော့ ဟိန္ဒူဘာသာရေးအယူသီးသူတွေက သာမန်နွားကလေးတစ်ကောင်မဟုတ်ဘဲ သူတို့ရဲ့နတ်ဘုရားတစ်ပါးဖြစ်တဲ့ Shiva လူ့ပြည်ကိုအလည်လာတာဖြစ်တယ်လို့ဆိုနေကြပါတယ်။ shwekhitonlinetv.com

ဒါကြောင့်မို့လို့ အဲ့ဒီနွားကလေးမွေးဖွားပြီးနောက်ပိုင်းမှာ လယ်သမားကြီး Neeraj Chandel ရဲ့နေအိမ်ဟာ နွားကလေးကို လာရောက်ကြည့်ရှုဖို့တန်းစီစောင့်ဆိုင်းနေတဲ့ ဒေသခံတွေနဲ့အမြဲလိုလိုပြည့်နှက်လျက်ရှိတယ်လို့ အိမ်နီးချင်းတွေကဆိုပါတယ်။ shwekhitonlinetv.com
ဘာသာရေးအယူသီးသူတွေကတော့ ဒီနွားကလေးကိုလာရောက်ကြည့်ရှုပြီး နတ်ဘုရားသခင်လူ့ဇာတိခံယူခြင်းဖြစ်တယ်လို့ ယုံကြည်နေကြပြီး ‘မြင့်မြတ်တဲ့တိရစ္ဆာန်’ လို့ ခေါ်တွင်နေကြကာ အလှူငွေတွေပါ လှူဒါန်းနေကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဟိန္ဒူနတ်ဘုရားရှီဗာဆိုတာကတော့ နွားများကိုစောင့်ရှောက်တဲ့ ဘုရားသခင်လို့လူသိများကြပါတယ်။ ဓာတ်ပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းတွေမှာတော့ ဟိန္ဒူနတ်ဘုရားရှီဗာဟာ ၎င်း၏နဖူးမှာ တတိယမျက်လုံးပါဝင်နေတာကို တွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com
Neeraj Chandel ကတော့ “ဒီနွားလေးမွေးပြီးပြီးချင်း မီးရောင်နဲ့သေချာမကြည့်ခင်မှတော့ သူ့နဖူးမှာ ဒဏ်ရာတစ်မျိုးရှိနေတယ်လို့ထင်ခဲ့တာပါ။ မီးရောင်နဲ့သေချာကြည့်ခဲ့ရာမှာတော့ ဒဏ်ရာမဟုတ်ဘဲ တတိယမျက်လုံးဖြစ်နေပြီး နှာခေါင်းပေါက်ကလည်း လေးခုတောင်ပါရှိနေတာမို့လို့ အတော်လေးအံ့သြခဲ့ရပါတယ်” လို့ဆိုပါတယ်။ shwekhitonlinetv.com

ညနေပိုင်း ဒီနွားကလေးကိုမွေးတဲ့သတင်းဟာ ရွာထဲကိုပျံနှံ့သွားချိန်မှာတော့ ရွာသားတွေဟာ အုန်းသီးတွေ ပန်းတွေ အစရှိတဲ့လက်ဆောင်များစွာနဲ့ နွားလေးကိုလာရောက်ကြည့်ရှုခဲ့ကြပြီး သူတို့အတွက် ကံကောင်းခြင်းနဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်းပေးဖို့အတွက် ဆုတောင်းခဲ့ကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com
“သူ့ရဲ့တတိယမျက်လုံးကအခုအချိန်မှာကောင်းစွာ အလုပ်လုပ်တယ်ဗျ။ ကျွန်တော်ကတော့ ဘုရားသခင်ကျွန်တော်တို့ဆီကို အလည်လာသလိုမျိုးစိတ်ထဲမှာယုံကြည်နေပါတယ်” လို့ နွားကလေးရဲ့ပိုင်ရှင်ဖြစ်တဲ့ လယ်သမား Neeraj Chandel ကဆိုပါတယ်။ shwekhitonlinetv.com

တစ်ကယ်တော့ ဒီနွားကလေးဟာ မျက်လုံးနှစ်လုံးထက်ပိုပါလာပြီးမွေးလာတဲ့ ပထမဆုံးနွားတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလတုန်းကလည်း ဝေလပြည်နယ်မြောက်ပိုင်းက Brynmawr မှာလည်း အခုလိုမျိုး မျက်လုံးသုံးလုံးပါရှိတဲ့ နွားလေးတစ်ကောင်မွေးဖွားခဲ့ဖူးပါတယ်။ shwekhitonlinetv.com
နွားငယ်ရဲ့ ရှားပါးတဲ့အသွင်အပြင်အရ အံ့ဖွယ်နတ်ဘုရားတစ်ပါးအဖြစ် ဒေသခံလူအများက ထင်မြင်ကြသော်လည်း ယခုကဲ့သို့ ပုံပျက်ရခြင်းအကြောင်းရင်းမှာ ဟော်မုန်းချို့ယွင်းမှုဖြစ်ကြောင်း အိန္ဒိယက တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးက အခိုင်အမာပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။